Local News
အစွမ်းကုန်ကြိုးစားပြီး ရှိသမျှခွန်အားလေးနဲ့ရအောင်ကယ်တင်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ မေပန်းချီရဲ့မိခင်
ပရိတ်သတ်ကြီးရေ…မေပန်းချီဟာဆိုရင် နွေဦး တော်လှန်ရေးမှာဆိုရင်လည်းပြည်သူလူထုနဲ့အတူလမ်းပေါ်ထွက်ပြီးလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တာလည်းဖြစ်ပါ တယ်နော်။အလှူအတန်းမှာဆိုရင်လည်း လက်မနှေးပဲရက် ရောလွန်းတဲ့ အတွက်မကြာခဏဆိုသလိုအလှူအတန်း တွေကိုလည်းပြုလုပ်လေ့ရှိပါတယ်နော်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးကလည်းနေရာအနှံ့ တော်တော်များများမှာကူးစက် ပြန့်ပွားနေတာ ဖြစ်ပါတယ်။ကိုဗစ်ရောဂါကပ်ဆိုးကြီးကို မေပန်းချီတို့ သားအမိနှစ်ယောက်ကအလူးအလည်းကို ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်နော်။မေပန်းချီက ဒီကိုဗစ်ရောဂါဆိုးကြီးကိုအနိုင်ယူလိုက်နိုင်ပေမယ့် မေပန်းချီရဲ့မိခင်ကြီးကတော့ ဒီကနေ့ည (၉) နာရီခွဲဝန်းကျင်လောက်မှာ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်နော်။
မိခင်ကြီးကွယ်လွန်သွားတဲ့အကြောင်းကို မေပန်းချီက “ကျွန်မစကားလေးနားထောင်ပြီး အခုပဲကျွန်မအမေကြီးအပြီးအနားယူသွားပါပြီ အိပ်ပျော်သွားပါပြီ” “ကျေနပ်ပါတယ်အမေ သမီးစကားလေးနားထောင်ပြီးမှ ညင်ညင်သာသာလေး အိပ်သွားတာသမီးဆုတောင်းပြည့်လိုက်တာ သမီးငိုစရာတောင်မလိုတော့ဘူး”ဆိုပြီးဝမ်းနည်းစွာနဲ့ရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။မိခင်ကြီးအပေါ်တာဝန်ကျေပွန်လှတဲ့မေပန်းချီကတော့ အရမ်းကိုကြွေကွဲခံစားနေရမှာတော့ အသေအချာပါပဲနော်။ခုလိုမေပန်းချီရဲ့မိခင်ကြီးကွယ်လွန်သွားတဲ့အတွက်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်။အန်တီလည်းကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာနဲ့အနားယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကို အထူးပဲကေျးဇူးတင်ရှိပါတယ်။
Credit း Celebrity Platforms