Local News
မြန်မာ ပြည်သူတွေကို ကာကွယ်ဖို့ ကတိပြုလိုက်တဲ့ R2P ရဲ့ ဒါရိုက်တာ ဆိုင်မွန်အေဒမ်
GCR2P ဒါရိုက်တာ ဒေါက်တာဆိုင်မွန်အေဒမ် က လုံခြုံရေးကောင်စီကို” မြန်မာစစ်ကောင်စီအပေါ်မှာ သည်းခံနိုင်စရာ မရှိတော့ဘူး ” လို့ ဒီကနေ့ တင်ပြ တောင်းဆိုထားပါတယ် ။
ဒေါက်တာဆိုင်မွန်အေဒမ် ပြောထားတာကတော့ ၊” အာဏာသိမ်းလိုက်တာ ခြောက်လကြာခဲ့ပါပြီ ။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေက လူသားချင်း စာနာထောက်ထားမှု့မရှိပဲ ရာဇဝတ်မှု့တွေ ကျူးလွန်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးက သိပါတယ် ။
သို့ပေမယ့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ လူသတ်မှု့ ၊ ရက်စက်ယုတ်မာမှု့တွေနဲ့ ကင်းလွတ်နေဆဲပါ ။ မြန်မာစစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှု့တွေဟာ နိုင်ငံတကာဥပဒေအရ သည်းခံဖို့ မလိုတော့ပါဘူး ” တဲ့ ။
တစ်ကမ္ဘာလုံးက နိုင်ငံတကာ သတင်းတွေမှာတော့ ဆိုင်မွန်အေဒမ် တောင်းဆိုထားတဲ့” ရက်စက်ယုတ်မာမှု့များ၏ မျက်နှာကို ကမ္ဘာကြီးက တုန့်ပြန်ဖို့ ရပ်တန့်နေခဲ့တယ် ။ ကာကွယ်ရန်တာဝန်အတွက် ကတိပြုပါတယ် “ဆိုတဲ့ ခေါင်းကြီးပိုင်းသတင်းက ဟိုးလေးတကြော် ဖြစ်နေပါတယ် ။
ဆိုင်မွန်အေဒမ်ကိုတော့ အားလုံးသိပြီးပါလိမ့်မယ် ။ GCR2P ရဲ့ ဒါရိုက်တာပါ ။ GCR2P ရဲ့ တင်ပြမှု့တွေ ၊ တောင်းဆိုမှု့တွေ တိကျမှန်ကန်တဲ့အခါ R2P လို့ခေါ်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေးတပ်တွေ ဝင်လာမှာပါ ။
GCR2P ဟာ တစ်ကမ္ဘာလုံးမှာ ကျူးလွန်နေတဲ့ ရက်စက်ယုတ်မာမှု့တွေကို လေ့လာပါတယ် ။ ကြေငြာချက်ထုတ်ပါတယ် ။ မြန်မာ့အရေးကို မတ်လလယ်လောက်မှာ ” ရက်စက်ယုတ်မာမှု့ ” အဖြစ် စွပ်ဆွဲခဲ့ပြီး R2P ယင်နိုင်ဖို့ အမှတ်စဉ်နဲ့ လုံခြုံရေးကောင်စီကို အသိပေးခဲ့တာ ဒီနေ့အထိပါပဲ ။ မနေ့က သြဂုတ်လ ၄ ရက်နေ့မှာ အမှတ်စဉ် ၂၆၄ အနေနဲ့ ထပ်မံကြေငြာပါတယ် ။
ဆိုင်မွန်အေဒမ်ရဲ့ ဆွေးနွေး ၊ တင်ပြမှု့တွေထဲမှာ” အာဏာသိမ်းမှု့ဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ် ။ အရပ်သားပြည်သူတွေဟာ ရက်စက်ယုတ်မာမှု့ကို သည်းမခံနိုင်တဲ့အဆုံး ရရာလက်နက်နဲ့ ပြန်လည်တော်လှန်နေကြတယ် ။ မတရားမှု့ကို အမြစ်နုတ်ချင်တဲ့ လူငယ်တွေဟာ အရပ်သားအစိုးရရဲ့ ကာကွယ်ရေးတပ်ဖွဲ့မှာ စစ်ပညာသင်နေကြတယ် ။
တော်တော်များများလည်း သင်တန်းဆင်းပြီးနေပြီ ။ ကိုဗစ်ကပ်ရောဂါ နှိပ်စက်ခံနေရတဲ့ ပြည်သူတွေကို အကူအညီမပေးပဲ ၊ သြဂုတ်လ ၁ ရက်နေ့မှာ သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ကြေငြာလိုက်တယ် ။ ဒီအခြေအနေဟာ မြန်မာစစ်တပ်ကို နှိမ်နင်းရတော့မယ့် အချိန်ပါဘဲ ” လို့ ပြောထားတာပါ ။
ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့မှာတော့ R2P ဒါရိုက်တာ ဆိုင်မွန်အေဒမ်ဟာ တောင်ဆူဒန်နိုင်ငံ ခေါင်းဆောင်ကို ရက်စက်ယုတ်မာမှု့ နဲ့ တရာဆွဲထားတဲ့ ရုံးချိန်းကို တက်ရောက်ခဲ့တာပါ ။ ရက်စက်ယုတ်မာမှု့ နဲ့ စွပ်ဆွဲခံထားရတဲ့ တောင်ဆူဒန် ၊ မြနမာ နဲ့ ဘော့စနီးယား နိုင်ငံတွေကို မဖြစ်မနေ တရားရုံးတင်ရမယ်လို့ ဆိုပါတယ် ။
အာဆီယံကတော့ မြန်မာနိုင်ငံအတွက် စုံးစမ်းရေးသံတမာန်ကို ခန့်အပ်လိုက်ပါတယ် ။ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရ်ဝန်ယုစ်အော့ဖ် ကို ကုလအထွေထွေအတွင်းရေးမှုးက ကြိူဆိုလိုက်ပါတယ် ။ အွန်လိုင်းကနေ မြန်မာမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ကုလအထွေထွေအတွင်းရေးမှုးက ချမှတ်ပေးလိုက်ပါတယ် ။
ဒီရက်ပိုင်းမှာတော့ PDF နဲ့ ပြည်သူတွေရဲ့ တိုက်ပွဲခေါ်သံဟာ လှုပ်လှုပ်ရှား ဖြစ်နေပါပြီ ။ ကုလကလည်း အာဆီယံ သံတမန်ကို ဖိအားပေးထားပါတယ် ။ R2P ကလည်း တဆင့်ခြင်း တက်လာပါပြီ ။ လူ့အခွင့်အရေးကောင်စီလက်အောက်ခံ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ကြီးကလည်း ကပ်ရောဂါနဲ့ ပြည်တွင်းစစ်မှာ ကူညီဖို့ စီစဉ်နေပါတယ် ။
ကမ္ဘာကြီးကလည်း ရက်စက်ယုတ်မာမှု့အတွက် လွတ်မြောက်နေတဲ့ စစ်ကောင်စီကို အရေးယူ တုန့်ပြန်ဖို့ အသံတွေညံလာပါတယ် ။အနှစ်ချုပ်ရရင် …..၊ ဒါဟာ ၈၈ တုန်းကလို အီလည်လည်နဲ့ အာဏာအသိမ်းခံလိုက်ရတဲ့ အခြေအနေမဟုတ်တော့ဘူးဆိုတာကိုဘဲ သုံးသပ်ပြချင်ပါတယ် ။
ဘကြီးအောင် LA
—————-
ဘကြီးအောင် LA