Local News

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြိုးစားမှုမှာ မြန်မာစစ်တပ်အပြင် တရုတ်, ရုရှားတို့ရဲ့အကြံစည်ပါဝင်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံသတ်ဖြတ်ရန်အတွက်။




အဖွဲ့အစည်းတစ်ခုက ဒီရက်ပိုင်းအတွင်း အခကြေးငွေပေးပြီး ကြိုးစားခဲ့ကြောင်း သိရပါတယ်။နယူးယောက်မြို့မှာ လက်ရှိနေထိုင်လျှက်ရှိတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို အဲဒီအဖွဲ့အစည်းက အခကြေးငွေပေးကာ သံအမတ်ကြီးကို အခုလို သတ်ဖြတ်ပေးဖို့ ငှားရမ်းခဲ့တာဖြစ်ကြောင်း ၎င်း မြန်မာနိုင်ငံသားက ပြောပါတယ်။

အဲဒီမြန်မာနိုင်ငံသားတစ်ဦးကပဲ ဦးကျော်မိုးထွန်းကို ဆက်သွယ်ပြီး အကြောင်းစုံကိုပြောပြခဲ့ပြီးနောက်မှာ သံအမတ်ကြီးက အမေရိကန်အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များကို အကြောင်း ကြား ခဲ့တယ်လို့ သိရပါတယ်။




အဲဒီမြန်မာနိုင်ငံသားဟာ အမေရိကန်ပြည်ထောင်စုကို အလည် အပတ်ဗီဇာနဲ့ လာရောက်ပြီးနောက်မှာ ခိုလှုံခွင့်တောင်းထားသူဖြစ်ကြောင်းနဲ့ ။

သူ့ကို အခု အမေရိကန်ပြည်ထောင်စု အစိုးရရဲ့ထောက်လှမ်း ရေးအရာရှိတွေက စစ်ဆေးမေးမြန်းနေကြောင်းလည်း သတင်းရထားပါတယ်။

ရိုက်တာသတင်းဌာနကတော့ သံအမတ်ကြီးက သူ့ရဲ့လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က သိရှိတဲ့အတွက် အမေရိကန်ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီးနောက်။




အခု စုံစမ်း အရေးယူနေကြောင်း၊ သူ့ရဲ့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကပင်ဆောင်ရွက်ပေးထားကြောင်း ပြောဆိုတယ်လို့ ဖေါ်ပြပါတယ်။

အမေရိကန်ပြည်ထောင်စု ဗဟိုအစိုးရ စုံစမ်းစစ်ဆေးရေး အဖွဲ့ FBI က ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ၎င်းတို့ရဲ့ကာကွယ်ရေးအစီအစဉ်တွေကို အသေးစိပ်ပြောဆိုထုတ်ပြန်ခြင်း မရှိပါဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်သွယ်မေ းမြန်းရာမှာတော့ ဒီကိစ္စကို လုံခြုံရေးအရ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်တဲ့အတွက် အသေးစိတ်ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း။




အမေရိကန်အစိုးရ လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် သူ့အပေါ်နားလည်ပေးကြစေလိုကြောင်း ပြန်လည် ပြောဆိုပါတယ်။

ဦးကျော်မိုးထွန်းရဲ့လုံခြုံရေးအတွက် လက်ရှိတာဝန်ယူထားတဲ့ နယူးယောက်မြို့ရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားကြသူတွေ ကတော့ သံအမတ်ကြီးအတွက် လုံခြုံရေးကို ။

အရင်ကထက် ပိုမိုအဆင့်မြင့်ဆောင်ရွက်နေကြတယ်လို့ ပြောဆိုပြီး အသေးစိပ်ပြောကြားဖို့ ငြင်းဆိုပါတယ်။

ဒီအမှုရဲ့နောက်ကွယ်မှာ အာဏာလုယူခဲ့တဲ့မြန်မာစစ်တပ်အပြင် တရုတ် , ရုရှားတို့ရဲ့ အကြံအစည် ပါဝင်ပတ်သက်နေတယ်လို့ လူတချို့က သုံးသပ်နေကြပါတယ်။




သံ အမတ်ကြီး ဦးကျော်မိုးထွန်းကို အသက် အန္တရာယ်ဘေးမှ ကင်းဝေးအောင် မြန်မာပြည်သူများ ကုသိုလ်ပြုကာ ဆုတောင်းမေတ္တာပို့သပေးကြပါရန် တိုက်တွန်းလိုက်ပါတယ်။

#Credit