Local News

YBS ကားပေါ်မှာ Maskဝေမိတာကြောင့် ဖိနပ်နဲ့အရိုက်ခံခဲ့ရပြီး အရမ်းရှက်ကာတစ်လမ်းလုံးငိုလာမိတယ်လို့ ရင်ဖွင့်လာတဲ့ မိန်းကလေးတစ်ဦး

COVID-19 ပထမလှိုင်းကတည်းက ပြည်သူတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ရောဂါကို ကာကွယ်ခဲ့ကြတာဖြစ်ပါတယ်။ကိုဗစ်ပထမလှိုင်းမှာဆိုရင် နှာခေါင်းစည်းMask တွေက အရမ်းစျေးတက်ခဲ့တာကြောင့် အခြေခံလူတန်းစာတွေဝယ်သုံးဖို့ ခက်ခဲခဲ့ပါတယ်။

ဒါ့ကြောင့် စေတနာရှင်ပြည်သူတွေနဲ့ ပရဟိတအဖွဲ့တွေက Mask ဘူးလေးတွေဆောင်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို ဝေပေးခဲ့တာတွေလည်းရှိပါတယ်။အခု ကိုဗစ်တတိယလှိုင်းမှာလည်း ပြည်သူတွေက အပြန်အလှန်ဖေးမကူညီမှုတွေနဲ့ ကျော်ဖြတ်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုဗစ်ကိုကာကွယ်တဲ့အနေနဲ့ ပြည်သူတွေက အိမ်ပြင်ကို လိုအပ်မှသာလျှင်ထွက်ကြပြီး အကယ်၍ အပြင်သွားကြတဲ့အခါ နှာခေါင်းစည်းMask ကိုနှစ်ထပ်တပ်ကာ တချို့တွေဆို လက်အိတ်၊ခေါင်းဆောင်းတွေတောင်ဝတ်ဆင်ကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ မိန်းကလေးတစ်ဦးက အပြင်သွားတိုင်း Mask တစ်ထုပ်အမြဲတမ်းဆောင်တတ်ပြီးလိုအပ်သူတွေကိုတွေ့တိုင်း ပေးတတ်တာဖြစ်ပါတယ်။ဒါ့ကြောင့် သူမက YBS ကားပေါ်မှာလည်း အန်တီကြီးတစ်ယောက်ကို စေတနာနဲ့ Maskလေးသွားပေးခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

အန်တီကြီးရဲ့ Mask က အရမ်းနွမ်းဖတ်နေပြီး ညစ်ပတ်နေတာကြောင့် မိန်းကလေးကလည်း ရောဂါဖြစ်မှာစိုးတာနဲ့အိတ်ထဲပါလာတာကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။အန်တီကြီးကလည်း ချက်ချင်းဖိနပ်ချွတ်ပြီး သူမကိုရိုက်ကာ “ငါ့မှာလည်းရှိတယ်ဟဲ့ နင့်ကိုရဲစခန်းတိုင်ပစ်မယ်”ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

မိန်းကလေးလည်း အန်တီကြီးကိုမနည်းတောင်းပန်ခဲ့ရပြီး တစ်လမ်းလုံးလည်း အရမ်းရှက်လို့ ငိုပြီးပြန်လာခဲ့တယ်လို့ ရင်ဖွင့်လာတာဖြစ်ပါတယ်။တစ်ခြားသူအပေါ် စေတနာထားပေးခဲ့တဲ့ မိန်းကလေးလည်း ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုစိတ်မကောင်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder

Crd-myanmarload