Local News

သားလေး Liam ရဲ့ (၃)နှစ်ပြည့်မွေးနေ့လေးမှာ အနားမှာအတူတူရှိနေချင်ကြောင်း စိတ်မကောင်းစွာနဲ့ရင်ဖွင့်လာတဲ့ ယွန်းဝတီလွင်မိုး










Credit

ပရိတ်သတ်ကြီးရေ…သရုပ်ဆောင်ယွန်းဝတီလွင်မိုးကတော့ ဖခင်ကြီးအကယ်ဒမီလွင်မိုးရဲ့သမီးဖြစ်ပြီးတော့ဖခင်ကြီးကဲ့သို့သရုပ်ဆောင်မှုပိုင်းမှာလဲပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထား တာပဲဖြစ်ပါတယ်၊ယွန်းဝတီလွင်‌မိုးကတော့ချစ်စရာကောင်းတဲ့သားသားလေးတစ်ယောက်ကိုလဲပိုင်ဆိုင်ထားပါသေးတယ်နော်။

ယွန်းဝတီလွင်‌မိုးကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရား ဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅ကနဲ့အမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာ ကိုရှောင်တိမ်းနေရပါတယ်။

အခုတစ်ခါမှာလဲယွန်းဝတီလွင်‌မိုးကအနားမှာအတူတူမရှိပေး နိုင်ပေမယ့်လည်းသားလေးမွေးနေ့မှာဆုတောင်းစကားပြောခဲ့တာဖြစ်ပါတယ်။ယွန်းဝတီလွင်‌မိုးကမျောက်ကလေးရေအသက်၃နှစ်ပြည့်ပီနော်၊Happy Birthdayမေ့မေ့ချစ်လေး၊မကြာခင်မှာပွေ့ဖက်နိုင်ဖို့မျှော်လင့်တယ်သားလေးရေဆိုပြီးတော့သူမရဲ့Instagramအကောင့်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit