Local News

ကိုယ်ဝန်လေးလရှိတဲ့ Dead Body ကိုသွားသယ်ရင်း သူ့ရဲ့ဘဝမှာ ဘယ်တော့မှမေ့လို့မရနိုင်တော့တဲ့ဖြစ်ရပ်တစ်ခုကိုဖွင့်ဟလာတဲ့ ပရဟိတသမားတစ်ဦး

လက်ရှိအခြေအနေမှာ စေတနာ့ဝန်ထမ်းတွေက သေဆုံးသူရုပ်အလောင်းတွေ၊ကိုဗစ်လူနာတွေကို အမြဲတွေ့နေရတာကြောင့် ပိုပြီးဝမ်းနည်းနေကြရတာဖြစ်ပါတယ်။ပရဟိတအလုပ်တွေကို မနားမနေလုပ်ဆောင်လို့ အရမ်းပင်ပန်းပြီးခန္ဓာကိုယ်တွေကိုက်ခဲနေပေမယ့်လည်း ပြည်သူတွေရဲ့အပူမီးကို မျှဝေခံစားပေးနေတာဖြစ်ပါတယ်။

ပရဟိတအဖွဲ့တွေက Dead Body တွေကို သွားသယ်တဲ့အခါမှာ ကျန်ရစ်သူမိသားစုတွေကိုကြည့်ပြီး ထပ်တူခံစားနေခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပရဟိတလူငယ်တစ်ဦးက သူကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်လေးကိုဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

သူကိုယ်တိုင် Dead Body သွားသယ်တဲ့အခါမှာ သေဆုံးသူအမျိုးသမီးက ကိုယ်ဝန်လေးလနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။သေဆုံးသူအမျိုးသမီးမှာ (၂)နှစ်အရွယ် သမီးလေးတစ်ယောက်ကျန်ခဲ့တယ်လို့သိရပါတယ်။

ကလေးလေးက ဆုံးသွားတဲ့ သူရဲ့အမေနားကနေလုံးဝမခွါတဲ့အပြင် ချီပြီးတခြားနေရာခေါ်သွားလို့လည်းမရတာဖြစ်ပါတယ်။အဒေါ်ဖြစ်သူက ကလေးကိုရအောင်ချီထားပေမယ့်လည်း အတင်းရုန်းပြီးငိုနေတယ်လို့သိရပါတယ်။

သေဆုံးသူအမျိုးသမီးက အသက်ရှူကြပ်ပြီးဆုံးသွားတာကြောင့် ကိုဗစ်positive ဖြစ်နိုင်တယ်လို့ယူဆပြီးအလောင်းကို အိတ်ထဲထည်ကာ ပလတ်စတစ်အိတ်ထပ်စွပ်ပြီး ကြိုးတွေနဲ့ချည်ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကလေးလေးက ဒီမြင်ကွင်းတွေကိုတွေ့တော့ သူ့အမေကိုတစ်ခုခုလုပ်တယ်ထင်ပြီး အော်ဟစ်ငိုယိုနေတာဖြစ်ပါတယ်။ကလေးရဲ့အဒေါ်ကတော့ “မေမေနေမကောင်းလို့ ဆေးခန်းသွားပြီးဆေးကုရမှာ ပြီးရင်ပြန်လာမှာ”ဆိုပြီးပြောတော့မှ နည်းနည်းတိတ်သွားတာဖြစ်ပါတယ်။

အလောင်းကိုကားပေါ်တင်ပြီး နောက်အဖုံးပိတ်လိုက်ချိန်မှာကလေးလေးကပြန်ငိုသေးတာဖြစ်ပါတယ်။ကလေးလေးရဲ့ ဖခင်ဖြစ်သူကလည်း လွန်ခဲ့တဲ့တစ်ပတ်ကျော်ကပဲဆုံးသွားတယ်လို့သိရပါတယ်။

ကားထွက်သွားတဲ့အထိ “အမေရေ အမေရေ”လို့ အော်ခေါ်နေတဲ့ အသံလေးကိုကျောခိုင်းပြီး ထွက်လာခဲ့ရတဲ့ ပရဟိတသမားတစ်ဦးရဲ့အခြေအနေလေးကို စိတ်မကောင်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder

Crd-myanmarload