Local News

ကျဉ်ဆံဖိုးတောင် မလှူကြပဲ D Day မြန်မြန်ရောက်ချင်နေတဲ့သူတွေသိဖို့

D Dayဘယ်တော့လာမလဲ ဘယ်တော့တိုက်မလဲမေးကြသူတွေအတွက်ကို အခက်အခဲတချို့ရှင်းပြချင်ပါတယ် ။

PDF သင်တန်းသားတစ်ယောက်ရဲ့သင်တန်းကာလ ၄၅ ရက်ရှိတယ်။အဲ့ဒီကာလအတွက် စားစရိတ် ၊လိုအပ်တဲ့ယူနီဖောင်း၊ ဦးထုတ်၊ ခြေအိပ် ၊ဖိနတ် ၊အားကစားဝတ္စုံ၊ စောင်၊ ခြင်ထောင် စသည်ဖြင့် မဖြစ်မနေသုံးရမယ့်အသုံးအဆောင်တွေ (လက်နက် ကျည်ဆံမပါအသွားအပြန်စားရိတ်မပါ) မြန်မာငွေ လေးသိန်းကုန်ပါတယ်။သင်တန်းတစ်ခုမှာသင်တန်းသား

အယောက်တစ်ရာရှိတယ်ဆိုရင်ပဲ သိန်းလေးရာကျပါပြီ။တပြည်လုံးအတိုင်းအတာနဲ့သင်တန်းဘယ်နှစ်ခုရှိမလဲတကယ်တိုက်ရင်PDFအင်အားဘယ်လောက်လိုမလဲတွက်ကြည့်ပါ။ခန့်မှန်းခြေ PDFအင်အားတစ်သိန်းအတွက်ဆိုရင်ပဲမြန်မာငွေသိန်းပေါင်းလေးသိန်းကုန်ပါမယ်။ဒါကသင်တန်းစားရိတ်ပါပဲ။တကယ်တိုက်မယ်ဆိုရင်အဲ့ဒီထက်လိုတာတွေရှိပါတယ်။

သေနတ်အတို ၉မမ ပစ်စတိုတစ်လက် ထိုင်းဘတ်၆သောင်း မြန်မာငွေသိန်း၃၀ခန့်ရှိပါတယ်။ကျည်အတောင့်၅၀ တစ္ဖာကို ဘတ်၁၅၀၀ မြန်မာငွေ ၇၅၀၀၀ခန့်ရှိပါတယ်။
သေနတ်အရှည် M16 A1ပုံဟောင်းတစ်လက်ကိုဘတ်၆၀၀၀၀ကနေ၈၀၀၀၀ထိရှိပါတယ်မြန်မာငွေနဲ့ဆိုသိန်း၃၀ က သိန်း၄၀ပါ ဒါပေမယ့်ဝယ်ဖို့ရှားသွားပါပြီ။ M4 ကတော့ဝယ်လို့ရပါတယ် အရည်အတွက်ပေါ်မူတည်ပြီး ဘတ်တစ်သိန်းဝန်းကျင် မြန်မာငွေသိန်း၅၀ခန့်ရှိပါတယ်။ကျည်ကတော့ ၁တောင့်ဘတ်၂၀ခန့်ပါ။

AK47 ကတော့ဝယ်မရတော့ပါဘူး။သူလည်းဘတ်၈၀၀၀၀ကနေ တစ်သိန်းဝန်းကျင်ပေါက်ဈေးရှိပါတယ်။ကြိုက်ရောင်းကြိုက်ဝယ်ပါ။ကျည်ကတော့၁တောင့်၃၅ဘတ်ပါ။
ပြည်တွင်းဖြစ်လက်လုပ်သေနတ်တွေဆိုရင်တော့၃သိန်း၄သိန်းလောက်ကျပါမယ်။

လူတစ်ယောက်ကိုအနည်းဆုံးကျည် ၂၀၀ တော့ရှိရပါတယ်။တကယ်တမ်းပစ်ရင် ကျည်၂၀၀ဆိုတာ မကြာပါဘူး ခဏပဲခံပါတယ်။ကျည်ဖိုးကM16ဆိုဘတ်၄၀၀၀ မြန်မာငွေနှစ်သိန်း AK ဆိုရင်ဘတ်၇၀၀၀ ကျပ်သုံးသိန်းခွဲ ပါ။ကျည်နှစ်ရာနဲ့အလွန်ဆုံးတိုက်နိင်တဲ့အချိန်ကတစ်ရက်မကျော်ပါဘူး။

ဒါကလက်နက်တပ်ဆင်မယ်ဆိုရင်တစ်ယောက်ကိုဘယ်လောက်ကျမလဲအကြမ်းတွက်လို့ရအောင်ပါ။ဒါတောင်ကျည်ကာတွေ လက်ပစ်ဗုံးတွေမပါသေးပါဘူး။တပ်ဖွဲ့စည်းပုံအတွက်ဆို တခြားလက်နက်ကြီးတွေ ဆက်သွယ်ရေးစက်တွေ အများကြီးလိုပါသေးတယ်။

တိုင်းပြည်စီးပွားရေးကကျ ရောဂါတွေကများနေတယ်ဆိုပေမယ့်လည်းဒီကုန်ကျစားရိတ်တွေက တကယ့်လိုအပ်ချက်တွေဖြစ်နေတာအမှန်ပါပဲ။အသက်ကိုပေးလှူထားကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်သားတွေအတွက် လစာမပါရင်ဖြစ်ပေမယ့် တိုက္စရာ လက်နက် ကျည်ဆံနဲ့ ဆေးဝါးရိက္ခာတွေ လုံလောက်ဖို့တော့လိုပါတယ်။

ပြည်တွင်းကပြည်သူတွေတအားကျပ်တည်းနေကြပြီဖြစ်လို့ ပြည်ပရောက်အလှူရှင်များနဲ့ငြိမ်ချက်သားကောင်းနေကြတဲ့လုပ်ငန်းရှင်ကြီးများရဲ့အကူအညီတွေလိုနေပြီဖြစ်ပါကြောင်းတိုက်တွန်းလိုက်ရပါတယ်။

အားလုံးမျော်နေတဲ့ D Day အမြန်ဆုံးရောက်ပါစေ။

Ko Ko Kyaw Kyaw

—————-

D Dayဘယ္ေတာ့လာမလဲ ဘယ္ေတာ့တိုက္မလဲေမးၾကသူေတြအတြက္ကို အခက္အခဲတခ်ိဳ႕ရွင္းျပခ်င္ပါတယ္ ။

PDF သင္တန္းသားတစ္ေယာက္ရဲ႕သင္တန္းကာလ ၄၅ ရက္ရွိတယ္။အဲ့ဒီကာလအတြက္ စားစရိတ္ ၊လိုအပ္တဲ့ယူနီေဖာင္း၊ ဦးထုတ္၊ ေျခအိပ္ ၊ဖိနတ္ ၊အားကစားဝတ္စုံ၊ ေစာင္၊ ျခင္ေထာင္ စသည္ျဖင့္ မျဖစ္မေနသုံးရမယ့္အသုံးအေဆာင္ေတြ (လက္နက္ က်ည္ဆံမပါအသြားအျပန္စားရိတ္မပါ) ျမန္မာေငြ ေလးသိန္းကုန္ပါတယ္။သင္တန္းတစ္ခုမွာသင္တန္းသား

အေယာက္တစ္ရာရွိတယ္ဆိုရင္ပဲ သိန္းေလးရာက်ပါၿပီ။တျပည္လုံးအတိုင္းအတာနဲ႔သင္တန္းဘယ္ႏွစ္ခုရွိမလဲတကယ္တိုက္ရင္PDFအင္အားဘယ္ေလာက္လိုမလဲတြက္ၾကည့္ပါ။ခန္႔မွန္းေျခ PDFအင္အားတစ္သိန္းအတြက္ဆိုရင္ပဲျမန္မာေငြသိန္းေပါင္းေလးသိန္းကုန္ပါမယ္။ဒါကသင္တန္းစားရိတ္ပါပဲ။တကယ္တိုက္မယ္ဆိုရင္အဲ့ဒီထက္လိုတာေတြရွိပါတယ္။

ေသနတ္အတို ၉မမ ပစ္စတိုတစ္လက္ ထိုင္းဘတ္၆ေသာင္း ျမန္မာေငြသိန္း၃၀ခန္႔ရွိပါတယ္။က်ည္အေတာင့္၅၀ တစ္ဖာကို ဘတ္၁၅၀၀ ျမန္မာေငြ ၇၅၀၀၀ခန္႔ရွိပါတယ္။
ေသနတ္အရွည္ M16 A1ပုံေဟာင္းတစ္လက္ကိုဘတ္၆၀၀၀၀ကေန၈၀၀၀၀ထိရွိပါတယ္ျမန္မာေငြနဲ႔ဆိုသိန္း၃၀ က သိန္း၄၀ပါ ဒါေပမယ့္ဝယ္ဖို႔ရွားသြားပါၿပီ။ M4 ကေတာ့ဝယ္လို႔ရပါတယ္ အရည္အတြက္ေပၚမူတည္ၿပီး ဘတ္တစ္သိန္းဝန္းက်င္ ျမန္မာေငြသိန္း၅၀ခန္႔ရွိပါတယ္။က်ည္ကေတာ့ ၁ေတာင့္ဘတ္၂၀ခန္႔ပါ။

AK47 ကေတာ့ဝယ္မရေတာ့ပါဘူး။သူလည္းဘတ္၈၀၀၀၀ကေန တစ္သိန္းဝန္းက်င္ေပါက္ေဈးရွိပါတယ္။ႀကိဳက္ေရာင္းႀကိဳက္ဝယ္ပါ။က်ည္ကေတာ့၁ေတာင့္၃၅ဘတ္ပါ။
ျပည္တြင္းျဖစ္လက္လုပ္ေသနတ္ေတြဆိုရင္ေတာ့၃သိန္း၄သိန္းေလာက္က်ပါမယ္။

လူတစ္ေယာက္ကိုအနည္းဆုံးက်ည္ ၂၀၀ ေတာ့ရွိရပါတယ္။တကယ္တမ္းပစ္ရင္ က်ည္၂၀၀ဆိုတာ မၾကာပါဘူး ခဏပဲခံပါတယ္။က်ည္ဖိုးကM16ဆိုဘတ္၄၀၀၀ ျမန္မာေငြႏွစ္သိန္း AK ဆိုရင္ဘတ္၇၀၀၀ က်ပ္သုံးသိန္းခြဲ ပါ။က်ည္ႏွစ္ရာနဲ႔အလြန္ဆုံးတိုက္နိင္တဲ့အခ်ိန္ကတစ္ရက္မေက်ာ္ပါဘူး။

ဒါကလက္နက္တပ္ဆင္မယ္ဆိုရင္တစ္ေယာက္ကိုဘယ္ေလာက္က်မလဲအၾကမ္းတြက္လို႔ရေအာင္ပါ။ဒါေတာင္က်ည္ကာေတြ လက္ပစ္ဗုံးေတြမပါေသးပါဘူး။တပ္ဖြဲ႕စည္းပုံအတြက္ဆို တျခားလက္နက္ႀကီးေတြ ဆက္သြယ္ေရးစက္ေတြ အမ်ားႀကီးလိုပါေသးတယ္။

တိုင္းျပည္စီးပြားေရးကက် ေရာဂါေတြကမ်ားေနတယ္ဆိုေပမယ့္လည္းဒီကုန္က်စားရိတ္ေတြက တကယ့္လိုအပ္ခ်က္ေတြျဖစ္ေနတာအမွန္ပါပဲ။အသက္ကိုေပးလႉထားၾကတဲ့ျပည္သူ႔ကာကြယ္ေရးတပ္သားေတြအတြက္ လစာမပါရင္ျဖစ္ေပမယ့္ တိုက္စရာ လက္နက္ က်ည္ဆံနဲ႔ ေဆးဝါးရိကၡာေတြ လုံေလာက္ဖို႔ေတာ့လိုပါတယ္။

ျပည္တြင္းကျပည္သူေတြတအားက်ပ္တည္းေနၾကၿပီျဖစ္လို႔ ျပည္ပေရာက္အလႉရွင္မ်ားနဲ႔ၿငိမ္ခ်က္သားေကာင္းေနၾကတဲ့လုပ္ငန္းရွင္ႀကီးမ်ားရဲ႕အကူအညီေတြလိုေနၿပီျဖစ္ပါေၾကာင္းတိုက္တြန္းလိုက္ရပါတယ္။

အားလုံးေမ်ာ္ေနတဲ့ D Day အျမန္ဆုံးေရာက္ပါေစ။

Ko Ko Kyaw Kyaw