Local News

ယူနိုက်တက်ကို မွေးနေ့လက်ဆောင်အဖြစ် မက်ဆီကို‌ ခေါ်‌ပေးဖို့ တောင်းဆိုခဲ့တဲ့ ဗန်ပါစီ

ယူနိုက်တက်ရယ့် တိုက်စစ်မှူးဟောင်း ဗန်ပါစီကတော့ ယနေ့ ဩဂုတ်လ 6ရက်နေ့မှာ အသက် 38နှစ်ပြည့်‌မြောက်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းကတော့ ကိုယ့်ရယ့်ကစားသမားကို မွေးနေ့ဆုတောင်းပေးတာ ထုံးစံဘဲဖြစ်ပါတယ်။ ဒါကြောင့် ဗန်ပါစီကိုလည်း ယူနိုက်တက်က မွေးနေ့ဆုတောင်း စကားကို twitter မှာတင်ခဲ့ပါတယ်။


ဗန်ပါစီကတော့ သူ့အတွက် မွေးနေ့လက်ဆောင်အဖြစ် မက်ဆီကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ “ကျေးဇူးတင်ပါတယ်။ မက်ဆီကို ခေါ်ပေးပါ။ “ဆိုပြီး ဗန်ပါစီက twitterမှာ ပြန်လည် တင်ခဲ့ပါတယ်။ ‌ဗန်ပါစီကတော့ နောက်သလိုလိုနဲ့ ခေါ်ယူဖို့ပြောသွားပေမယ့် ယူနိုက်တက်ကလည်း မက်ဆီကို ခေါ်ယူဖို့ အင်အားရှိနေပါတယ်။


ဘာစီလိုနာအသင်းရယ့် အခြေအနေက လာလီဂါရယ့် ဘဏ္ဏာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု မရှ်ိတဲ့အတွက် မက်ဆီကို စာချုပ် ချုပ်ဆိုမယ့်ကိစ္စ ပျက်စီးသွားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ မက်ဆီတစ်ယောက် အသင်းလက်မဲ့ဖြစ်နေပြီး အလွတ်ပြောင်းရွေ့နဲ့ ရမယ့် သူ‌တစ်ယောက်ဘဲ ဖြစ်ပါတယ်။

မန်စီးတီးကတော့ ဂရင်းလစ်ရှ်ကို ခေါ်ယူပြီးတာကြောင့် မက်ဆီကို မခေါ်ယူတော့ဘူးလို့ အတိအလင်းပြောကြားထားပါတယ်။ လက်ရှိအချိန်မှာ PSGက မက်ဆီကိုရဖို့ ရှေ့ဆုံးမှာရောက်နေပြီး လန်ဒန်အပြာမယ်တွေဖြစ်တဲ့ ချဲလ်ဆီးကလည်း ခေါ်ယူချင်နေတဲ့ပုံစံပါ။ ယူနိုက်တက် နည်းပြ ဆိုးရှားလ်က အပြောင်းအရွေ့မှာ ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောထားတာကြောင့် မက်ဆီကို ခေါ်ယူမလားဆိုတာတော့ ပြောလို့မရသေးတဲ့ အခြေအနေဘဲဖြစ်ပါတယ်။

TSSoe