Local News

ဗာရိန်းနဲ့ ဆန်ချို မန်ယူအသင်းကို ရောက်မယ့် ရက်နဲ့ အပြောင်းအရွေ့အကြောင်း ပြောသွားတဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလီ ဂန်နာ ဆိုးလ်ရှားက ခေါ်ယူပြီးသားဖြစ်တဲ့ ဂျေဒန် ဆန်ချို နဲ့ ရောက်လာဖို့ ရှိနေတဲ့ ရာဖေး ဗာရန်း တို့ဟာ ရာသီသစ်ရဲ့ အဖွင့်ပွဲ ဖြစ်တဲ့ လိဒ်စ် ယူနိုက်တက် နဲ့ ပွဲစဥ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်မှာ မဟုတ်သေးကြောင်း ၊ အရံခုံ ပေါ်မှာတော့ ရှိနေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ဒေါ့မွန် ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို ပေါင် 73 သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ ကစားသမား ကတော့ အခုထိ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်တွေမှာ ပူးပေါင်းခြင်း မရှိခဲ့သေးပါဘူး ။ ဒါ့ကြောင့် သူဟာ ရာသီကြို ပွဲစဥ်တွေရဲ့ အပိတ်ပွဲ ဖြစ်တဲ့ အဲဗာတန် နဲ့ ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး ။


ရာဖေး ဗာရန်း ကတော့ စာရွက်စာတမ်း ကိစ္စတွေ လုပ်ဖို့ ကြန့်ကြာ နေသေးတဲ့ အတွက် အခုထိ ယူနိုက်တက် တို့ရဲ့ တရာဝင် ကစားသမား မဖြစ်သေးပါဘူး ။ ဒါပေမဲ့ ယူနိုက်တက် နဲ့ ရီးယဲမက်ဒရစ် တို့ဟာ ကစားသမားရဲ့ အပြောင်း အရွှေ့အတွက် ပေါင် 43သန်း (+အပိုဆုကြေး) နဲ့ ကြိုတင် သဘောတူညီမှု ရထားခဲ့ပြီ ဖြစ်တဲ့အတွက် သူဟာ သရဲနီ တစ်ဦး ဖြစ်လာဖို့ သေချာနေပါပြီ ။

” သူတို့ ( ဆန်ချို နဲ့ ဗာရန်း ) အခုထိ အသင်းနဲ့ အတူ လေ့ကျင့်ရေးတွေ မလုပ်ဆောင်သေးပါဘူး ။ သူတို့ ဘယ်လို ကစားကြလဲဆိုတာ ကျွန်တော် သိဖို့ လိုအပ်လှ ပါတယ် ။ သူတို့ အဲဗာတန်နဲ့ ပွဲမှာ ပါဦးမှာတော့ မဟုတ်သေးပါဘူး ။ လိဒ်စ် နဲ့ ပွဲမှာ အရံခုံပေါ် သူတို့ ရှိနေကြဖို့ ကျွန်တော် မျှော်လင့် နေပါတယ် ”


” ကစားသမား အားလုံး အသင်းဆီကို ပြန်မရောက်ကြသေးပါဘူး ။ အသင်းမှာ လူအချို့ လိုနေပါသေးတယ် ။ နိုင်ငံ့ပွဲ ရှိတဲ့ နှစ်တွေတိုင်းက ခက်ခဲလှပါတယ် ။ လုခ်ရှော ၊ ဟယ်ရီ မက်ဂွားယား ၊ ဖရက် နဲ့ အချို့ ကစားသမားတွေ အတွက် ကြိုတင် ပြင်ဆင်ဖို့ အဲဗာတန် နဲ့ ပွဲစဥ်ပဲ ကျန်ရှိနေပါတော့တယ် ”

” ရာသီသစ်ရဲ့ ပထမဆုံး ပွဲစဥ်ဟာ ပြီးပြည့်စုံတဲ့ပွဲ ဖြစ်နေဦးမှာတော့ မဟုတ်ပါဘူး။ ပြိုင်ပွဲတွေမှာ ကစားသမား အနည်းငယ်ပဲ စေလွှတ်ခဲ့ရတဲ့ အသင်းတွေက ရာသီသစ် အစပိုင်းမှာ အကျိုး ကျေးဇူးတွေ ပိုင်ဆိုင်သွားကြပါလိမ့်မယ် ။ ကျွန်တော်တို့လည်း တက်နိုင်သလောက် အဆင်သင့် ဖြစ်နေဖို့ ပြင်ဆင်သွားကြမှာပါ ”


” ဖရက်ဒ်ဟာ နွေမှာ 9 ပွဲထိ ကစားခဲ့ရ ပါတယ် ။ သူဟာ ကျွန်တော်တို့နဲ့ သုံးပါတ်လောက် ဝေးနေခဲ့ရပါတယ် ။ သူဟာ နောက်ထပ်နှစ်ပါတ်အတွင်း အသင်းအတွက် အဆင်သင့် ဖြစ်နေဖို့ ကြိုးးစားရပါလိမ့်မယ် ။ သူတို့ အဆင်သင့် ဖြစ်နေသင့် ပါတယ် ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖြစ်ဦးမလားလို့ အမေးခံလိုက်ရတဲ့ အချိန်မှာတော့ ဆိုးလ်ရှား က အခု အချိန်ကစပြီး အသင်းဆီ ထပ်မံ ရောက်လာတာတွေက ကျွန်တော်တို့ အတွက်တော့ Bonusတွေ ဖြစ်သွားမှာပါလို့ ဖြေကြား သွားခဲ့လိုက် ပါတယ် ။


” အခုအချိန်က စပြီး ဖြစ်လာတာတိုင်းက ကျွန်တော်တို့ အတွက် ဘောနပ်စ် ပါပဲ ။ ကစားသမား နှစ်ဦးကို ခေါ်ယူလိုက်ခြင်းဖြင့် ကျွန်တော်တို့တွေဟာ လိုအပ်တဲ့နေရာတွေကို အင်အား ဖြည့်တင်း နိုင်ခဲ့ကြပါပြီ ။ ဘာတွေဆက်ပြီး ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ။ ဘောလုံးမှာ ဘာကိုမှ ကြိုပြောလို့ မရနိုင်ပါဘူး ”

” ကစားသမား အဝင်အထွက်တွေ ဖြစ်လာနိုင်ပါတယ် ။ အပြောင်းအရွှေ့ အရတော့ ကျွန်တော်တို့ အလုပ်ကို စောစီးစွာ လုပ်နိုင်ခဲ့ကြ ပါတယ် ။ ရာဖေးလ်က ဆေးမစစ်ရသေးပါဘူး ။ ဒါပေမဲ့ အဲ့တာက အိုကေ ပါတယ် ။ စျေးကွက်ထဲ ကျွန်တော်တို့ လုပ်ခဲ့တာနဲ့ပတ်သက်လို့ အရမ်းပဲ ကျေနပ်မိ ပါတယ် ” လို့ ဆိုးလ်ရှား က ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။

crd:sportmyanmar