Local News

ယနေ့ညအဲဗာတန်နဲ့ ခြေစမ်းပွဲကို လွဲချော်နိုင်တဲ့ ယူနိုက်တက် စီနီယာ ကစားသမားအချို့

ယူနိုက်တက်ကတော့ ပဉ္စမမြောက် ခြေစမ်းပွဲအဖြစ် အဲဗာတန်အသင်းနဲ့ ဩဂုတ်လ 7ရက်နေ့စနေနေ့ ည(6) နာရီခွဲမှာ အို့ထရတ်ဖိုဒ့်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာဘဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရယ့် အဓိက ကစားသမားအချို့ကတော့ ဒီပွဲစဉ်နဲ့လွဲချော်မှာဘဲ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကာဗာနီ ဖြစ်ပြီး သူ့ကတော့ ယူနိုက်တက်ကို မရောက်ရှိသေးတာကြောင့် အဲဗာတန်နဲ့ ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ ကာဗာနီလို မရောက်သေးတာတော့ ဆန်ချို ဖြစ်ပြီး ယူနိုက်တက်ပရိတ်သ‌တ်တွေ သူ့ရယ့် ခြေစွမ်းတွေမြင်ရဖို့ စောင့်ရအုံးမှာပါ။


ယူနိုက်တက်ရယ့် ဂိုးသမားဟန်ဒါဆန်ကတော့ ကိုဗစ် ဖြစ်လို့ ပျောက်သွားပေမယ့် နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ ကိုယ်လက်ကိုက်ခဲတာတွေဖြစ်နေတဲ့အတွက် ဒီပွဲစဉ်နဲ့ လွဲချော်မှာပါ။ တိုက်စစ်မှူးရက်ဖို့ဒ်ကတော့ ပြောစရာမလိုပါဘူး။ သူ့ပြန်ကောင်းဖို့က နှစ်လလောက်ထိ သည်းခံပြီး စောင့်ရအုံးမှာပါ။ ဘယ်နောက်ခံလူတစ်ယောက်ဖြစ်တဲ့ တဲလက်စ်ကတော့ လေ့ကျင့်ကွင်းမှာ မကြာသေးမီကဘဲ ဒဏ်ရာ ရရှိထားတာကြောင့် ဒီပွဲစဉ်နဲ့ လွဲချော်မှာပါ။


ဗာရိန်းကတော့ ဒီပွဲစဉ်ပြီးလောက်မှ ယူနိုက်တက်နဲ့ စာချုပ်ချုပ်ဆိုတဲ့ ကိစ္စတွေ တခြားကိစ္စတွေ လုပ်မှာဘဲဖြစ်ပါတယ်။ လူငယ်ကစားသမာတွေကတော့ အငှားသွားတဲ့သူတွေက သွားပြီဖြစ်လို့ အခုပွဲစဉ်ကတော့ စီနီယာကစားသမားတွေကို မြင်တွေ့ရတော့မှာပါ။


ပြီးခဲ့တဲ့ရာသီမှာ အဲဗာတန်ကို ယူနိုက်တက်တို့အသာရခဲ့ပေမယ့် ယခုအခါ နည်းပြသစ် ဘန်နီတစ်ရယ့် အဲဗာတန်ဖြစ်တာကြောင့် ပြောလို့မရပါဘူး။ ပွဲငတ်နေတဲ့ ပရိတ်သတ်တွေအတွက်ကတော့ အဲဗာတန်နဲ့ ယူနိုက်တက်ပွဲစဉ်ကတော့ ကြည့်ကောင်းအုံးမယ့် ပွဲစဉ်တစ်ပွဲဘဲဖြစ်ပါတယ်။

TSSoe