Local News

မေဦးနဲ့ထားထက်ထက်တို့ကူညီပေးတဲ့ ရိက္ခာတွေရောက်ရှိလာတာကြောင့် အတိုင်းမသိပျော်ရွှင်နေကြတဲ့ PDFလူငယ်လေးများ

အရေးတော်ပုံကြီးအောင်မြင်ရေးမှာ တက်ကြွစွာပါ၀င်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် မေဦးနဲ့ ထားထက်ထက်တို့ကလည်းချန်ထားလို့မရတဲ့ သူတွေပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် လမ်းထွက်ဆန္ဒပြမှုတွေမှာပါ၀င်ခဲ့သလို အခုဆိုရင်လည်း လွတ်မြောက်နယ်မြေကိုသွားရောက်ကာ အာဏာရှင်တော်လှန်ဖို့အတွက် စစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။

Photo credit-Htar Htet Htet’s Facebook acc
Photo credit-May Oo’s Facebook acc

ထားထက်ထက်ဟာဆိုရင်လည်း လွတ်မြောက်နယ်မြေမှာ Gen Zလူငယ်လေးတွေနဲ့အတူ စစ်ပညာသင်ယူနေရင်း တတ်နိုင်တဲ့ဘက်ကနေ Fundraisingပြုလုပ်ပေးကာ PDFလူငယ်လေးတွေအတွက် ထောက်ပံ့မှုတွေပြုလုပ်ပေးနေတာကိုတွေ့ရပါတယ်။

မေဦးဟာဆိုရင်လည်း တတ်နိုင်တဲ့ဘက်ကနေ လွတ်မြောက်နယ်မြေကနေရာတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေသလို အခုအခါမှာဆိုရင်လည်း ထားထက်ထက်နဲ့အတူ PDFရဲဘော်တွေအတွက် ရိက္ခာတွေထောက်ပံ့ပေးခဲ့တာပါ။

Photo credit-Htar Htet Htet’s Facebook acc
Photo credit-May Oo’s Facebook acc

ဒီအကြောင်းအရာလေးကိုလည်း မေဦးဟာသူ့ရဲ့ Facebookစာမျက်နှာမှာ “မမရေ မမတို့လှူပေးတာတွေ ခလေးတွေလက်ထဲ အကုန်ရောက်ပါတယ်ခလေးတွေလဲ အရမ်းပျော်ပြီး မမတို့ကိုကျေးဇူးအရမ်းတင်ကြပါတယ် ခလေးတွေကိုယ်စားလည်း မေဦးကကျေးဇူးအရမ်းတင်ပါတယ်။

အရေးတော်ပုံအောင်ဖို့အတွက်ပြည်သူတွေရဲ့ချွေးနဲစာနဲ့ထာက်ပံ့တာကို PDF တွေကအသက်တမျှတန်ဖိုးထားပါကြောင်း အသိပေးအပ်ပါတယ်”ဆိုပြီး ရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-May Oo’s Facebook acc
Photo credit-May Oo’s Facebook acc

သတင်းအရင်းမြစ်: 
May Oo’s Facebook acc

Crd-myanmarload