Local News

လွတ်မြောက်နယ်မြေတစ်နေရာကနေ ဟာသပြက်လုံးများဖြင့် ပြည်သူတွေအမောပြေစေဖို့ ကြိုးစားပြင်ဆင်နေကြတဲ့ ဟားငါးကောင်အဖွဲ့

ဟားငါးကောင် လူရွှင်တော်အဖွဲ့ကတော့ လွတ်မြောက်နယ်မြေတစ်နေရာကနေ ပြည်သူတွေအတွက် အစီအစဉ်အသစ်တွေ အမြဲဖန်တီးကြိုးစားတင်ဆက်ပေးနေကြတာ ဖြစ်ပါတယ်။

အနုပညာရှင်များဖြစ်တဲ့အတွက်တော်လှန်ရေးအတွက် သူတို့တတ်နိုင်တဲ့နေရာကနေ ပါဝင်ဆောင်ရွက်ပေးတာကို မြင်တွေ့ရသည်မှာ အားရဂုဏ်ယူဖွယ် ကောင်းလှပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း လူရွှင်တော် ပိုးလေးရဲ့ လူမှုကွန်ယက်တွင်ဓာတ်ပုံတစ်ချို့ ဝေမျှထားတာ ဖြစ်ပါတယ်။

Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 

ဒါကတော့ ပြည်သူတွေရဲ့ ဘဝအမောတွေ ပြေစေဖို့ တော်လှန်ရေးပြက်လုံးအသစ်တွေနဲ့ အငြိမ့်ဖျော်ဖြေရန်အတွက်ကြိုးစားပြင်ဆင်နေကြတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။

 အခုလို မွန်းကြပ်နေတဲ့ အချိန်မှာ တစ်ခဏတာ ရယ်မောပျော်ရွှင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဒီအစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

ဟားငါးကောင်အဖွဲ့သားများဟာ သူတို့ တန်ဖိုးထားလွန်းတဲ့ လူရွှင်တော် ဝတ်စုံတွေကို ပြန်ဝတ်ခွင့်ရတဲ့အတွက် ပျော်ရွှင်ကြည်နူးနေကြတာဖြစ်ပါတယ်။

Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 

” အားလုံးပြုံးဖို့အတွက် ကျွန်တော်တို့ ပြုံးထားတယ် ဟားငါးကောင်ရဲ့ ဟာသသပိတ် တော်လှန်ရေးအငြိမ့်အမှတ်တရ” ဆိုပြီး လူရွှင်တော် ပိုးလေးမှ ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်း ဟားငါးကောင်ရဲ့ ပြက်လုံးအသစ်တွေကို အားပေးကြည့်ရှုဖို့ စောင့်မျှော်နေကြပြီဖြစ်ပါတယ်။

တောထဲရောက်နေပေမယ့်လည်း ပြည်သူတွေရဲ့ ခံစားချက်တွေကို  မမေ့မလျော့ တွေးပေးကြတဲ့ ဟားငါးကောင်အဖွဲ့သားများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Ko Ko Poe Lay’s Facebook Account

Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account 
Photo Crd-Ko Ko Poe Lay’s Facebook Account