Local News

ဦးခင်ညွန့်လက်ရုံး ဗိုလ်မှူးကြီးစန်းပွင့် ပန်းလှိုင် ဆေးရုံ မှာ ကင်ဆာရောဂါနဲ့ကွယ်လွန်

တပ်မတော်ထောက်လှမ်းရေးခေတ်က ဗိုလ်ချုပ်ကြီးခင်ညွန့် ရဲ့အားထားရသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစန်းပွင့် ဟာ ဒီကနေ့ သြဂုတ် ၇ ရက် အစောပိုင်းက ရန်ကုန်မြို့ ပန်းလှိုင် ဆေးရုံ မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

သူဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ အားထားခဲ့ရသူတစ်ဦးလည်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ တစ်ဦးဖြစ်ပါတယ်။

ထောက်လှမ်းရေး(၆)တပ်မှူးဟောင်းလည်းဖြစ်တဲ့ သူဟာ ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးကိုဖျက်သိမ်းတဲ့အခါ အဖမ်းခံရတဲ့အထဲပါဝင်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။

ထောက်လှမ်းရေးဖျက်သိမ်းခံရချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရန်ကုန်ရောက်နေတဲ့ KNU ကိုယ်စားလှယ်တွေကို ပြန်ပို့ပေးခဲ့လို့ နောက် မှအဖမ်းခံရသူဖြစ်ပါတယ်။
MTA က ဦးခွန်ဆာ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်မှုမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

၂၀၁၉ မှာပြုလုပ်တဲ့ ဝ အထူးဒေသ(၂) ငြိမ်းချမ်းရေး နှစ်(၃၀) ပြည့်အခမ်းအနား နဲ့ မိုင်းလား အထူးဒေသ (၄) နှစ် ၃၀ ပြည့် အခမ်းအနားတွေကို တက်ရောက်ခဲ့ပြီး
ဗိုလ်ချုပ်ကြီးခင်ညွန့် ကိုယ်စား သဝဏ်လွှာဖတ်ကြားခဲ့သူလည်းဖြစ်ပါတယ်။

ထောင်ကပြန်လွတ်ပြီးနောက်ပိုင်း ဘိန်းအစားထိုးသီးနှံစိုက်ပျိုးလုပ်ငန်းတွေမှာပါဝင် ဆောင်ရွက်ခဲ့ပါသေးတယ်။

ဘီဘီစီမြန်မာပိုင်း

ဓါတ်ပုံ – စောကလိုဆေး

—————————

တပ္မေတာ္ေထာက္လွမ္းေရးေခတ္က ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္ ရဲ႕အားထားရသူတစ္ဦးျဖစ္တဲ့ ဗိုလ္မႉးႀကီးစန္းပြင့္ ဟာ ဒီကေန႔ ၾသဂုတ္ ၇ ရက္ အေစာပိုင္းက ရန္ကုန္ၿမိဳ႕ ပန္းလႈိင္ ေဆး႐ုံ မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္ခဲ့တယ္လို႔ မိသားစုနဲ႔နီးစပ္သူေတြက ေျပာပါတယ္။

သူဟာ ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္ရဲ႕ ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈမွာ အားထားခဲ့ရသူတစ္ဦးလည္းျဖစ္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူ တစ္ဦးျဖစ္ပါတယ္။

ေထာက္လွမ္းေရး(၆)တပ္မႉးေဟာင္းလည္းျဖစ္တဲ့ သူဟာ ၂၀၀၄ ခုႏွစ္မွာ ေထာက္လွမ္းေရးကိုဖ်က္သိမ္းတဲ့အခါ အဖမ္းခံရတဲ့အထဲပါဝင္ၿပီး ဦးသိန္းစိန္အစိုးရလက္ထက္မွာ ျပန္လည္လြတ္ေျမာက္လာခဲ့သူျဖစ္ပါတယ္။

ေထာက္လွမ္းေရးဖ်က္သိမ္းခံရခ်ိန္မွာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔ ရန္ကုန္ေရာက္ေနတဲ့ KNU ကိုယ္စားလွယ္ေတြကို ျပန္ပို႔ေပးခဲ့လို႔ ေနာက္ မွအဖမ္းခံရသူျဖစ္ပါတယ္။
MTA က ဦးခြန္ဆာ လက္နက္နဲ႔ၿငိမ္းခ်မ္းေရးလဲလွယ္မႈမွာ ထဲထဲဝင္ဝင္ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။

၂၀၁၉ မွာျပဳလုပ္တဲ့ ဝ အထူးေဒသ(၂) ၿငိမ္းခ်မ္းေရး ႏွစ္(၃၀) ျပည့္အခမ္းအနား နဲ႔ မိုင္းလား အထူးေဒသ (၄) ႏွစ္ ၃၀ ျပည့္ အခမ္းအနားေတြကို တက္ေရာက္ခဲ့ၿပီး
ဗိုလ္ခ်ဳပ္ႀကီးခင္ၫြန႔္ ကိုယ္စား သဝဏ္လႊာဖတ္ၾကားခဲ့သူလည္းျဖစ္ပါတယ္။

ေထာင္ကျပန္လြတ္ၿပီးေနာက္ပိုင္း ဘိန္းအစားထိုးသီးႏွံစိုက္ပ်ိဳးလုပ္ငန္းေတြမွာပါဝင္ ေဆာင္႐ြက္ခဲ့ပါေသးတယ္။

ဘီဘီစီျမန္မာပိုင္း

ဓါတ္ပုံ – ေစာကလိုေဆး