Local News

နေပြည်တော်မှာ လေကြောင်းရန်လုံခြုံရေး လေကာစနစ်ရေဒါများ စမ်းသပ်မှုများပြုလုပ်နေပြီ

အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့်အနီးတဝိုက် လေကြောင်းရန်ကာကွယ်ရေးအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ရေဒါများဖြင့် စမ်းသပ်မှုများပြုလုပ်နေကြောင်းMPA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

၎င်းစက်များသည် ဒုံးရော့ကတ်များနှင့် ယှဉ်တွဲအသုံးပြုသော ရေဒါများဖြစ်ပြီး ဂျက်ဖိုက်တာလေယာဉ်များနှင့် မောင်းသူမဲ့ ဒရုန်းများကို ထောက်လှမ်းနိုင်ကြောင်း သိရသည်။

“ဒီစက်တွေက ပြင်ပလေကြောင်းကဝင်လာမယ့် ဂျက်ဖိုက်တာတို့၊ မောင်းသူမဲ့ဒရုန်းတို့ကို ထောက်လှမ်းတဲ့စက်တွေ။ သူတို့ထိုင်ထားတဲ့ ဘေးပတ်ချာလည် အပေါ်ကို မိုင် ၅၀ နီးပါးအထိ ထောက်လှမ်းနိုင်တယ်။ သူ့ချည်းပဲတော့ ပစ်ခတ်လို့ မရဘူး။ ပစ်တဲ့ယာဉ်နဲ့ချိတ်ပြီးမှ ပစ်မှတ်ကိုထောက်လှမ်းပေးတဲ့ စက်မျိုးပေါ့” ဟု မြန်မာစစ်တပ် စစ်အင်ဂျင်နီယာအရာရှိတဦးက MPA ကို ပြောသည်။

သြဂုတ်လဆန်းပိုင်းမှစတင်၍ နေပြည်တော်အနီးဝန်းကျင် အမြန်လမ်းမကြီးတစ်လျှောက် ရေဒါများတပ်ဆင်ထားသော ယန္တရားများဖြင့် နိုင်ငံခြားသားများပါဝင်သောအဖွဲ့မှ စမ်းသပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းရေဒါစနစ်ယန္တရားများမှာ ရုရှားနိုင်ငံနည်းပညာထုတ် ယန္တရားများဖြစ်ပြီး လေကြောင်းမှ ဝင်ရောက်လာမည့် တိုက်လေယာဉ်၊ ဒရုန်းယာဉ်များအား ထောက်လှမ်းနိုင်သည့်အပြင် တန်ပြန်ပစ်ခတ်နိုင်သည့်နည်းစနစ်ပါဝင်ကြောင်း သိရသည်။

ယင်းရေဒါစနစ်တင်ယာဉ်များမှာ ရုရှားနိုင်ငံမှ ၁၉၇၀ ခုနှစ်ဝန်းကျင်တွင် စတင်ထုတ်လုပ်ခဲ့သည့် ယန္တရားများဖြစ်ပြီး ယခုနှစ် မြန်မာစစ်တပ် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ယာဉ်တန်းစစ်ကြောင်းများတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ယခုလအတွင်း ရုရှားနိုင်ငံမှ လေကြောင်းရန်ကာကွယ်ရေးစနစ်အသုံးပြုသည့်ပစ္စည်းများ ထပ်မံ ရောက်ရှိမည်ဟု MPAမှ သိရှိထားသော်လည်း ယခု စမ်းသပ်သောပစ္စည်းများအနေဖြင့် ထပ်မံရောက်ရှိလာမည့် ပစ္စည်းများ ဟုတ်မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Photo and Ref – MPA

————————-

အာဏာသိမ္းစစ္ေကာင္စီ႐ုံးစိုက္ရာ ေနျပည္ေတာ္ႏွင့္အနီးတဝိုက္ ေလေၾကာင္းရန္ကာကြယ္ေရးအတြက္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္သုံး ေရဒါမ်ားျဖင့္ စမ္းသပ္မႈမ်ားျပဳလုပ္ေနေၾကာင္းMPA သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။

၎စက္မ်ားသည္ ဒုံးေရာ့ကတ္မ်ားႏွင့္ ယွဥ္တြဲအသုံးျပဳေသာ ေရဒါမ်ားျဖစ္ၿပီး ဂ်က္ဖိုက္တာေလယာဥ္မ်ားႏွင့္ ေမာင္းသူမဲ့ ဒ႐ုန္းမ်ားကို ေထာက္လွမ္းႏိုင္ေၾကာင္း သိရသည္။

“ဒီစက္ေတြက ျပင္ပေလေၾကာင္းကဝင္လာမယ့္ ဂ်က္ဖိုက္တာတို႔၊ ေမာင္းသူမဲ့ဒ႐ုန္းတို႔ကို ေထာက္လွမ္းတဲ့စက္ေတြ။ သူတို႔ထိုင္ထားတဲ့ ေဘးပတ္ခ်ာလည္ အေပၚကို မိုင္ ၅၀ နီးပါးအထိ ေထာက္လွမ္းႏိုင္တယ္။ သူ႔ခ်ည္းပဲေတာ့ ပစ္ခတ္လို႔ မရဘူး။ ပစ္တဲ့ယာဥ္နဲ႔ခ်ိတ္ၿပီးမွ ပစ္မွတ္ကိုေထာက္လွမ္းေပးတဲ့ စက္မ်ိဳးေပါ့” ဟု ျမန္မာစစ္တပ္ စစ္အင္ဂ်င္နီယာအရာရွိတဦးက MPA ကို ေျပာသည္။

ၾသဂုတ္လဆန္းပိုင္းမွစတင္၍ ေနျပည္ေတာ္အနီးဝန္းက်င္ အျမန္လမ္းမႀကီးတစ္ေလွ်ာက္ ေရဒါမ်ားတပ္ဆင္ထားေသာ ယႏၲရားမ်ားျဖင့္ ႏိုင္ငံျခားသားမ်ားပါဝင္ေသာအဖြဲ႕မွ စမ္းသပ္မႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

ယင္းေရဒါစနစ္ယႏၲရားမ်ားမွာ ႐ုရွားႏိုင္ငံနည္းပညာထုတ္ ယႏၲရားမ်ားျဖစ္ၿပီး ေလေၾကာင္းမွ ဝင္ေရာက္လာမည့္ တိုက္ေလယာဥ္၊ ဒ႐ုန္းယာဥ္မ်ားအား ေထာက္လွမ္းႏိုင္သည့္အျပင္ တန္ျပန္ပစ္ခတ္ႏိုင္သည့္နည္းစနစ္ပါဝင္ေၾကာင္း သိရသည္။

ယင္းေရဒါစနစ္တင္ယာဥ္မ်ားမွာ ႐ုရွားႏိုင္ငံမွ ၁၉၇၀ ခုႏွစ္ဝန္းက်င္တြင္ စတင္ထုတ္လုပ္ခဲ့သည့္ ယႏၲရားမ်ားျဖစ္ၿပီး ယခုႏွစ္ ျမန္မာစစ္တပ္ တပ္မေတာ္ေန႔စစ္ေရးျပ အခမ္းအနား၏ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ဖြဲ႕ ယာဥ္တန္းစစ္ေၾကာင္းမ်ားတြင္ ထုတ္ေဖာ္ျပသခဲ့ေၾကာင္း သိရသည္။

ယခုလအတြင္း ႐ုရွားႏိုင္ငံမွ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အသုံးျပဳသည့္ပစၥည္းမ်ား ထပ္မံ ေရာက္ရွိမည္ဟု MPAမွ သိရွိထားေသာ္လည္း ယခု စမ္းသပ္ေသာပစၥည္းမ်ားအေနျဖင့္ ထပ္မံေရာက္ရွိလာမည့္ ပစၥည္းမ်ား ဟုတ္မဟုတ္ကို အတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

Photo and Ref – MPA