Local News

ရန်ကုန်မြန်မာ့အသံဝင်းအတွင်းရှိ စစ်ကောင်စီတပ် အပစ်ခံရ၊ တပ်ဖွဲ့ဝင်တချို့ သေဆုံးထိခိုက်ဒဏ်ရာရဟုဆို

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့်စမ်းချောင်းမြို့နယ်အကြား မြန်မာ့ရုပ်မြင်သံကြားဝင်းအတွင်းတွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်များကို ယနေ့ည ၉ နာရီဝန်းကျင်တွင် ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်သွားခဲ့ပြီး ယင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တချို့ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု ရှိကြောင်း မျက်မြင်ကြုံတွေ့ရသူများထံမှ သိရှိရသည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းနှင့်ဟံသာဝတီလမ်းထောင့်ရှိ မြန်မာ့အသံဝင်းအတွင်းရှိ စစ်ကောင်စီတပ်များကို ကားတစ်စီးဖြင့် ဩဂုတ်လ ၇ ရက်နေ့ ည ၉ နာရီ တွင် လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခြင်း သေဆုံးခြင်းဖြစ်ပေါ်ပြီး လမ်းသွားလမ်လာ ပြည်သူတစ်ဦးလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဟံသာဝတီအဝိုင်းမှာ ပစ်တာ။ ကျွန်တော်တို့ကား အရှေ့မှာ ဖြစ်တာ ဗျ။ စစ်ကောင်စီ တစ်ယောက် သေတယ်။ သူတို့လူ တစ်ယောက် သေလို့ ဆေရုံကား လာခေါ်သွားတာပဲ တွေ့လိုက်တယ်။ ကျွန်းတော် လမ်းဘက် ကို စစ်ကားတွေ လိုက်ကြတာပဲ တွေ့လိုက်တယ်ဗျ” ဟု မျက်မြင်ကြုံတွေ့ရသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် မြေနီကုန်းတံတား၊ ဦးဝိစာရအဝိုင်း၊ဒေါပုံတံတားအဆင်း၊ မဟာဗန္ဓုလတံတားအဆင်းဂိတ်၊ သာကေတ၊ ရန်ကုန်မြို့ထဲ ပတ် ဝန်းကျင်များအားလုံးကို ပိတ်ဆို့ ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

————————-

ရန္ကုန္တိုင္း၊ ကမာ႐ြတ္ၿမိဳ႕နယ္ႏွင့္စမ္းေခ်ာင္းၿမိဳ႕နယ္အၾကား ျမန္မာ့႐ုပ္ျမင္သံၾကားဝင္းအတြင္းတြင္ လုံၿခဳံေရးယူထားေသာ စစ္ေကာင္စီတပ္မ်ားကို ယေန႔ည ၉ နာရီဝန္းက်င္တြင္ ကားတစ္စီးျဖင့္ လာေရာက္ပစ္ခတ္သြားခဲ့ၿပီး ယင္းပစ္ခတ္မႈေၾကာင့္ စစ္ေကာင္စီတပ္သား တခ်ိဳ႕ ထိခိုက္ေသဆုံး ဒဏ္ရာရရွိမႈ ရွိေၾကာင္း မ်က္ျမင္ႀကဳံေတြ႕ရသူမ်ားထံမွ သိရွိရသည္။

ရန္ကုန္ၿမိဳ႕၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ ျပည္လမ္းႏွင့္ဟံသာဝတီလမ္းေထာင့္ရွိ ျမန္မာ့အသံဝင္းအတြင္းရွိ စစ္ေကာင္စီတပ္မ်ားကို ကားတစ္စီးျဖင့္ ဩဂုတ္လ ၇ ရက္ေန႔ ည ၉ နာရီ တြင္ လာေရာက္ပစ္ခတ္သျဖင့္ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားေၾကာင္း၊ ျဖစ္စဥ္တြင္ စစ္ေကာင္စီတပ္သားတခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိျခင္း ေသဆုံးျခင္းျဖစ္ေပၚၿပီး လမ္းသြားလမ္လာ ျပည္သူတစ္ဦးလည္း ဒဏ္ရာရရွိေၾကာင္း သိရွိရသည္။

“ဟံသာဝတီအဝိုင္းမွာ ပစ္တာ။ ကြၽန္ေတာ္တို႔ကား အေရွ႕မွာ ျဖစ္တာ ဗ်။ စစ္ေကာင္စီ တစ္ေယာက္ ေသတယ္။ သူတို႔လူ တစ္ေယာက္ ေသလို႔ ေဆ႐ုံကား လာေခၚသြားတာပဲ ေတြ႕လိုက္တယ္။ ကြၽန္းေတာ္ လမ္းဘက္ ကို စစ္ကားေတြ လိုက္ၾကတာပဲ ေတြ႕လိုက္တယ္ဗ်” ဟု မ်က္ျမင္ႀကဳံေတြ႕ရသူတစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္မ်ားသည္ ေျမနီကုန္းတံတား၊ ဦးဝိစာရအဝိုင္း၊ေဒါပုံတံတားအဆင္း၊ မဟာဗႏၶဳလတံတားအဆင္းဂိတ္၊ သာေကတ၊ ရန္ကုန္ၿမိဳ႕ထဲ ပတ္ ဝန္းက်င္မ်ားအားလုံးကို ပိတ္ဆို႔ ရွာေဖြမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။