Local News

ကြုံတွေ့နေရတဲ့ကပ်ဆိုးကြီးတွေကို ကျော်လွှားနိုင်ဖို့အတွက် ပြုလုပ်သင့်တဲ့အချက်လေးတွေကိုမျှဝေလာတဲ့ ဖြိုးမြတ်အောင်

အဆိုတော်ဖြိုးမြတ်အောင်ကတော့ Myanmar Idol ပြိုင်ပွဲကနေတဆင့် အနုပညာလောကထဲကိုလျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ အခုလတ်တလောမြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေဟာ တစ်မျိုးပြီးတစ်မျိုးအခြေအနေဆိုးရွားနေပြီး ပြည်သူတွေထောင်နဲ့ချီကာ သေဆုံးနေကြရပါတယ်။

အခုလိုကပ်ဆိုးတွေနဲ့ ကြုံတွေ့နေကြရတဲ့အတွက် ဖြိုးမြတ်အောင်ဟာ သူသိသမျှနည်းလမ်းကောင်းလေးတွေကို မျှဝေပေးလာပါတယ်။

Photo credit-​ Phyo Myat Aung’s Facebook acc
Photo credit-​ Phyo Myat Aung’s Facebook acc

ဖြိုးမြတ်အောင်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ “ဘုရားမှာကြာဇံကြော် ကပ်လှူပါသစ်သီး(၃)မျိုးလှူပါ ပိန်းရိုးချဉ်ဟင်းကပ်ပါ

ပြောင်းဖူးဘယာကြော် ၂၁ချပ်ဘုရားလှူပါ

အိမ်၉အိမ်ကိုမုန့်ဆီကြော်၃ချပ်ဆီလှူပေးပါ

ကံ့ကော်ညွှန့်၄၇ညွှန့်ဘုရားမှာကပ်ကြပါ

ကပ်တွေမပြီးသေးပါဘူးရေကြီး တောင်ပြို ကန်ပြိုများကျန်ပါသေးသည် သဘာဝကလှောင်ပြောင်ပါလိမ့်မည်ယက်သဲ့ကြား ငါးတင် တင်တဲ့ငါးကြောင်စား ကျန်တဲ့ငါး ဘုရားကယ်ပါမည်။

ဘုရားဂုဏ်တောိတရားဂုဏ်တော် သံဃာဂုဏ်တော်များများပွါး၍ ကံသုံးပါးလုံအောင်စောင့်ထိန်းကြပါ အားလုံးညီညာစွာကံကိုလုံအောင်စောင့်ထိန်းမှကပ်ကြီးအပြီးထွက်သွားပါလိမ့်မည်မမြင်အပ်တဲ့ပြိတ္တာတွေ နေ့တိုင်းပြေးလွှားနေကြတယ်လူစားလဲနေကြပါတယ်

Photo credit-​ Phyo Myat Aung’s Facebook acc

ဒီကပ်ထဲကိုမပါအောင်ကံကိုလုံအောင်ထိန်းကြပါအိမ်ရဲ့ခြံပေါက်မှာ မှန်အဝိုင်းချိတ်ဆွဲထားပါ…..။မိစ္ဆာတွေရှောင်သွားပါလိမ့်မည်ညဘက်အပြင်ကို သိပ်ပြီးတော့မထွက်ကြပါနဲ့မဖြစ်မနေသွားပါက ကန်စွန်းညွှန့်တစ်ညွှန့်စောင်ပြီးသွားကြပါခရီးသွားလျှင်လည်းစောင်သွားလို့ရပါသည် အိပ်ယာဝင်တိုင်းမေတ္တာပို့ပါ

*မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ*

*သုံးလီကပ်ကြီးလွတ်မြောက်ပါစေ*

*ရောဂါဘေးဆိုးကြီးဝေးပါစေ*

*သောကခပ်သိမ်းငြိမ်းကြပါစေ*

*ဒုက္ခခပ်သိမ်းငြိမ်းကြပါစေ*

*ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ*

လူတိုင်းလူတိုင်း မေတ္တာတရား ပွါးကြပါ

မဟာပထဝီမြေကြီးမှာ ဝါးကိုကြက်ခြေခတ် ဝါးပေါ်မှာအလင်းတိုင်၅တိုင်ထွန်းမေတ္တာပို့ပါပို့ရမှာက*ကြီးနိူင်ငယ်ညှင်းကင်းကြပါစေသမ္မာဒေဝနတ်မြတ်နတ်ကောင်း စောင်မပါစေ

စီးပွါးတိုးလာဘ်မိုးရွာပါစေ ၃၁ဘုံသတ္တဝါဆုံကျွတ်တန်းဝင်ကြပါစေ အောင်ပါစေ/အောင်ပါစေ/အောင်ကြပါစေ (၉)ခေါက်….” ဆိုပြီး နည်းလမ်းလေးတွေ မျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-​ Phyo Myat Aung’s Facebook acc

သတင်းအရင်းမြစ်: 
Phyo Myat Aung’s Facebook acc

Crd-myanmarload