Local News

ကျားတစ်ကောင်ကဲ့သို့ ဟန်ဆောင်ဝတ်ဆင်ပြီး ကျွဲများကိုခြောက်လန့်ခဲ့သည့်အမျိုးသား ကျွဲများမှ လိုက်ခတ်ခဲ့သောကြောင့် အသက်လုပြီးပြေးခဲ့ရ

ကျားတစ်ကောင်ကဲ့သို့ ဟန်ဆောင်ဝတ်ဆင်ပြီး ကျွဲများကိုခြောက်လန့်ခဲ့သည့်အမျိုးသား ကျွဲများမှ လိုက်ခတ်ခဲ့သောကြောင့် အသက်လုပြီးပြေးခဲ့ရ


တစ်ခါတစ်လေတွင် လူသားတို့သည် ထူးထူးဆန်းဆန်း အကြောင်းအရာများကို စိတ်ဝင်တစားလုပ်ဆောင်တတ်ကြသည်။တစ်ယောက်တည်းရှိနေသည့်အခါမျိုးတွင် ပေါက်ပေါက်ရှာရှာ လုပ်ရန်အတွက် ပို၍စိတ်ကူးမိတတ်ပေသည်။


ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးကတော့ ကျွဲအုပ်များကို ကျားတစ်ကောင်ကဲ့သို့ ဟန်ဆောင်ပြီး ခြောက်လန့်ရန်ကြိုးစားခဲ့ပါတယ်။အမျိုးသားဟာ ကျားတစ်ကောင်နှင့်တူသော ဝတ်စုံနှင့် ဦးထုပ်တို့ကို ဝတ်ဆင်ပြီး ကျွဲများရောက်ရှိလာမည့်နေရာတွင် စောင့်နေခဲ့ပါသည်။


ထို့နောက်တွင် ကျွဲများအား ကြောက်လန့်သွားစေရန် ကျားတစ်ကောင်လို ပြုမူခဲ့ပါတယ်။ကျွဲများဟာ ထိုအမျိုးသားကို ကြည့်နေခဲ့ပြီး ကြောက်လန့်ခြင်းမရှိသည့်အပြင် မျက်စိနောက်လာပုံရပြီး အမျိုးသားကို လိုက်ခတ်ပါတော့တယ်။ထို့ကြောင့်အမျိုးသားဟာလည်း အသက်လုပြီး ပြေးခဲ့ရပါတော့တယ်။


Zawgyi






