Local News

နိုင်ငံတကာကလေးစားခဲ့ရသောကလေးဦးဆောင်သော ကရင်စစ်တပ်(God’s Army) ပြန်လာ​တော့မည်


၂၀၂၁ခုနှစ်၊သြဂုတ်လ၅ရက်။

ကမ္ဘာ့ အငယ်ဆုံးကလေးစစ်သားအမွှာညီအကိုအဖြစ် မတရားမှုကိုတော်လှန်တဲ့God’s Army(ဘုရား၏တပ်မတော်)​က ခေါင်း​ဆောင်ဖြစ်သူ ​ဂျောနီထူးနှင့် လူသာထူး အမွှာညီအကို ​က ယခုအခါ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းမှု​ကြောင့် ” ဘုရားသခင်၏တပ်မ​တော်” (God’s Army)ကို ပြန်လည် တည်​ထောင်​တော့မည် ဖြစ်သည်။





ဆွီဒင်နိုင်ငံက ပြန်လာပြီ ဖြစ်သည့် လူသာ နှင့် ထိုင်းနယ်စပ်မှာ ​နေထိုင်​သော ​ဂျော်နီတို့ ၂​ယောက် ပြန်လည်ဆုံဆည်း ကြပြီဖြစ်သည်။

သူတို့ ကလေး ဘဝတုန်း ကတော့ ကျည်ဆန် ပြီးသည် နင်းမိုင်းပြီးသည် ဟူ၍ ကျော်ကြားခဲ့ကြကာ မြန်မာနိုင်ငံ အ ရှေ့တောင်ဖျားတွင် ပြောက်ကျား တပ် သား တစ်ရာ ခန့်နှင့် လှုပ်ရှားခဲ့ကြသည်။ ဆယ်စုနှစ် တစ်ခုမက လွန်ခဲ့ပြီးသည့် အချိန်တွင်မူ သူတို့၏ “God’sArmy” ပြောက်ကျား အဖွဲ့သည်လည်း မရှိတော့​ပေမယ့် တစ်ချိန် က ကျော် ကြားခဲ့သည့် ဂျော်နီထူးနှင့် လူသာ ထူး အမြွှာညီအစ်ကို နှစ်​ယောက် ပြန်လည် ဆုံတွေ့ ကြပြီ ဖြစ်​လေသည်။


​​​သေနတ်(၇)လက်ဖြင့်စခဲ့ပြီး တိုက်တိုင်း နိုင်၍ ဗိုလ်ချုပ်ခင်ညွန့်ဦး​ဆောင်​သော မြန်မာစစ်တပ် မှ ​ကြောက်ရွံ့ ခဲ့ရ​သော တချိန်က ကမ္ဘာ့ သတင်း မီဒီယာများကြား နာမည်ကြီးခဲ့​သော က​လေး ​အမွှာညီအကို ​ခေါင်း​ဆောင်​သော “God’s army “သည် မြန်မာ့နိုင်ငံ​ရေး အကြပ်အတည်း ဒုက္ခများကို မြင်​တွေ့​နေရ​သောအခါ ​ အမွှာညီအကို တို့နှစ်​ယောက်ထံ က ယခုလို ပြန်လည် ဖွဲ့စည်းမည်ဟူ​သော သတင်း ထွက်​ပေါ်လာခြင်းပင်ဖြစ်သည်။
လူသာ ကဆွီဒင်တွင် နေထိုင်သည်။ ဂျော်နီကတော့ ၂ဝဝ၁ ခုနှစ်က သူတို့လက်နက် ချခဲ့ကြသည့်နေရာနှင့် မဝေး လှသော ထိုင်းနယ်စပ်ရှိ တရားမဝင် ဒုက္ခသည် စခန်း တစ်ခုတွင် ရှိနေသေး၏။ ယခုအခါ သူတို့ အသက် ၂၇- ၂၈ ဝန်းကျင်သို့ ​ရောက်ရှိ​နေကြပြီဖြစ်သည်။ ဂျော်နီက နယူးဇီလန် မှာ ဆွေမျိုးတွေပြန် ဆုံကြရန် မျှော်လင့်ထားပြီး၊ လူသာကမူ သူတို့၏ ရဲဘော်ဟောင်း များ အတွက် စိတ်ပူနေလျက် ရှိသည်။

၂ဝဝ၉ ခုနှစ်တွင် ဆွီဒင်သို့ ရောက် သွားပြီးနောက် ထိုင်းသို့ ပထမဆုံး အ ကြိမ် ပြန်ရောက်ခြင်း ဖြစ်သည့် ပြီးခဲ့သည့် လက လူသာထူးနှင့် တွေ့ရာဝယ် သူ့လူတွေ ထိခိုက်မှု ရှိမှသာလျှင် သူ့အ နေဖြင့် ပြန်လည် တိုက်ပွဲ ဝင်တော့မည် ဖြစ်ကြောင်း ပြောသည်။

”ပျော်လို့ တိုက်နေကြတာ မဟုတ် ဘူး။ ကျွန်တော်လည်း သေမှာ ကြောက် တာပေါ့။ မတိုက် မဖြစ်လို့သာ တိုက်ခဲ့ ကြရတာပါ” ဟု လူသာက ပြောပါသည်။KNU အင်အား လျော့ပါးနေချိန် မြန်မာ စစ်တပ်များ ကရင်ပြည်နယ်တွင်း သို့ ဝင်ရောက်ခဲ့ကြသည့် ၁၉၉၇ ခုနှစ် ဝယ် သူတို့ အမြွှာညီနောင် ၏ ဒဏ္ဍာရီ စတင်ခဲ့သည်။


”ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ကြရမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျုပ်တို့ကို ဘယ်သူမှ ထိပါး လာတာကို မကြိုက်လို့ပဲ။ ကျွန်တော်တို့ အမိမြေကို ကျွန်တော် တို့ ချစ်တယ်လေ။ ဒီတော့ တိုက်ခိုက်ဖို့ကို ရွေးရတော့တာ ပဲ။ KNU ဆီကသေနတ် ၇ လက် ကျွန် တော်တို့ ရတယ်။

အဲဒီ သေနတ်တွေ နဲ့ပဲ မြန်မာ စစ်တပ်ကို ကျွန်တော် တို့ တိုက်ခဲ့ တယ်။ မတိုက်ခင်တော့ ဆုတောင်းတာ အမြဲ လုပ်တယ်။ တိုက်ရင် နိုင်တာပဲဗျ”ဟု လူသာထူး က ပြောပြသည်။

သူတို့ကိုယ်သူတို့ “God’s Army”ဟု ကင်ပွန်း တပ်လိုက်ကြ၏။ ”ဘုရားသ ခင်၏ တပ်မတော်” (သို့မဟုတ်) ”အရှင့် တပ်မတော်”ဟု ဆိုနိုင်မည်။

ကောင်လေးတွေက ဆူညံမြူး ကြွ ကြသော်လည်း တင်းကျပ်သော စည်းကမ်းနှင့် ခရစ်ယာန် ဘာသာတရား၏ အဆုံးအမများက သူတို့ကို ထိန်းသိမ်း ခဲ့ပါသည်။ ရွာထဲ တွင် သူတို့ အရက် မသောက်ကြ။ နေ့စဉ် အနည်းဆုံးတစ် ကြိမ်တော့ ဘုရားဝတ်ပြုကြသည်။





သူတို့နေထိုင်ရာ ကမာ ပလောရွာ သို့ရောက်ခဲ့ကြသည့် သတင်းစာ ဆရာ များသည် အရွယ်ရောက်နေကြပြီ ဖြစ်သည့် နောက်လိုက် အဖွဲ့သားများက ပခုံး ပေါ်တွင် ချီပိုး သယ်ဆောင်မြဲဖြစ်သည့် လူမမယ် အရွယ် အမြွှာညီနောင်ကို တွေ့ ကြရမြဲ ဖြစ်သည်။

အမြွှာညီနောင်၏ အကျော်ကြားဆုံး ဓာတ်ပုံမှာ အေပီ သတင်းဌာနက ဓာတ်ပုံ သတင်းထောက် အပီချတ်ဝီရာဝွန် ရိုက်ကူးခဲ့သည့်ပုံ ဖြစ်ပြီး၊ ဓာတ်ပုံ ထဲတွင် နဖူးပေါ်ဝဲ ကျနေသည့် ဆံပင်များ ပြောင်နေအောင် ရိတ်ထားသည့် အသက် ၁၂ နှစ်အရွယ်လူသာက သူ့မျက်ခုံးများကို ပင့်ကာ ဆေးပြင်းလိပ် တစ်လိပ်ကို ဖွာနေပြီး သူ့နံဘေး ရှိဂျော်နီ ကမူ အပြစ်ကင်းစင်သည့် မျက်နှာပေး ကလေး နှင့် ဖြစ်သည်။

လူသာက ဆွီဒင်နိုင်ငံ စတော့ ဟုမ်းမြို့၏ အနောက်ဘက် မိုင်တစ်ရာ မျှဝေးသော နေရာရှိ ဂိုတင်း မြို့တွင်နေ ထိုင်ကာ စီးပွားရေး ပညာ၊ သမိုင်းပညာ နှင့်အခြား အနု ပညာ ရပ်တို့ကို လေ့လာ သင် ကြားလျက် ရှိပြီး တစ်ဖက်ကလည်း အလုပ်လုပ် ကိုင်လျက်ရှိသလို သက်ကြီး ရွယ်အို များအားလည်း စောင့်ရှောက်ပေး လျက်ရှိသည်။

သူသည် ကရင် အမျိုးသမီး တစ်ဦးနှင့် လက်ထပ်ခဲ့ကာ သားတစ်ယောက် မွေးဖွားခဲ့ ပြီးနောက်မှ သူတို့ လင် မယား ကွာရှင်းပြတ်စဲ ခဲ့ကြပြန်၏။ သား ငယ်မှာမူ အမေဖြစ် သူနှင့်အတူ နေထိုင် လျက်ရှိသည်။

”ဆွီဒင်ကို ကျွန်တော် ကြိုက်တယ် ဗျ။ ဒါပေမဲ့ အရမ်းအေးတယ်။ ဒါပေမဲ့ တိုင်းပြည် ကတော့ ငြိမ်းချမ်းတယ်ဗျ။ တစ်ယောက် နဲ့ တစ်ယောက် ပစ်တာ ခတ် တာတွေ မရှိ ဘူး။ အချင်းချင်း ထိခိုက်နာ ကျင်အောင် လုပ်တာ မျိုးတွေလည်း မရှိ ဘူး”ဟု လူသာထူး က ပြောသည်။

ဂျော်နီကမူ လယ်သမား တစ်ဦး အဖြစ် အခြေချ လုပ်ကိုင်ခဲ့သော်လည်း လွန်ခဲ့သည့် တစ်နှစ် အချိန်ကပင် ယခင် ညီအစ်ကိုနှစ်ယောက် အတူ နေထိုင်ခဲ့ ကြ သည့် ဒုက္ခသည် စခန်းသို့ပြန် လာခဲ့သည်။

လက်နက် ချခဲ့ပြီးနောက် ပျောက် ဆုံးကုန်ကြသည့် သူတို့၏ ရဲဘော်ဟောင်း များ ဘာတွေ ဘယ်လိုဖြစ်ကုန်ကြသည် ကို လူသာ ကြိုးစားရှာဖွေခဲ့​ကြောင်း သိရသည်။





”သူတို့ရဲ့ မိန်းမ နဲ့ ကလေးတွေက သူတို့ကို စောင့်နေကြတယ်။ ၁၃ နှစ် တောင် ကြာခဲ့ပြီလေဗျာ။ သူတို့ အကုန် သေကုန်ကြပြီလို့ ကျွန်တော်တော့ထင် တာပဲ”ဟု ဂျော်နီ ထူး က ပြောသည်။

၁၉၉၉ ခုနှစ် ၂ဝဝဝ ပြည့်နှစ်များ ဝယ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ထိုင်းဆေးရုံကြီး တို့ကို အခြားအဖွဲ့ တစ်ခုနှင့် ပူးတွဲ၍ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ ကြ ပီးနောက် God’s Army ၏အနာဂတ် ဖရိုဖရဲ ဖြစ်ခဲ့ရခြင်းဖြစ်သည်။

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ၏ ဖိအား ပေးမှုများ အောက်ဝယ် God’s Army လျင်မြန်စွာ ပြိုလဲခဲ့ရ၏။ သူတို့၏ ရွာ တွင်ပင် သူတို့လက်နက် ချခဲ့ကြရသည်။ လူသာနှင့် ဂျော်နီ တို့သည် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်း တစ်ခုသို့ အတူရောက် သွားကြသော်လည်း နောက်ပိုင်း တွင် တစ်ကွဲ တစ်ပြားစီ ဖြစ်ခဲ့ကြရပြန်၏။

၂ဝဝ၆ ခုနှစ်တွင်မူ ဂျော်နီနှင့် God’s Army အဖွဲ့သား ၈ ဦး လက်နက်ချ အလင်းဝင်ကြောင်း မြန်မာ အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနမှ ထုတ် လွှင့်ခဲ့ သည်။ မြန်မာ အစိုးရ၏ သွေး ဆောင်ဖြားယောင်းမှုကြောင့်ဟု လူသာ က ပြောပါသည်။
ဂျော်နီနှင့် နယူးဇီလန်တွင် နေထိုင်လျက် ရှိသော သူတို့၏ မိခင်နှင့်ညီမတို့ နှင့် ပြန်လည် ဆုံတွေ့ဖြစ်ရန် လူသာ ကူ ညီခဲ့သည်။
”ဒီလို ဖြစ်လာအောင် လူ အတော် များများ ကို ကျွန်တော်စကား တွေ ပြောရလိမ့်မယ်ဗျ” ဟု လူသာက ပြောသည်။
သူတို့ ဖခင်မှာမူ အခြားဒုက္ခ သည် စခန်း တစ်ခုတွင် ရှိနေသေးသည်။





“လူသာ” ဆွီဒင်ကို ပြန်မသွားခင် အထိ ညီအစ်ကိုနှစ်ယောက် အစဉ်ပင် တတွဲတွဲရှိနေကြသည်။ ခွဲကြလေသော် “ဂျော်နီ့”မျက်လုံးဝယ်မျက်ရည်စတွေ တွေ့ လာရ၏။
”မငိုနဲ့ကွာ.. ယောက်ျား မှန်ရင် မျက်ရည် မကျဘူးကွ” ဟု “လူသာ”က သူ့ညီကို နှစ်သိမ့်ခဲ့ရသည်။

အဆိုပါ ဒဏ္ဏာရီဆန်ဆန် God’s Armyတပ်မ​တော် ၊​သေနတ်၇ လက်ဖြင့် ​တော်လှန်​​ရေး တိုက်ပွဲတိုင်း ​​အောင်မြင်ခဲ့သည့် အမွှာညီအကို တို့ နှစ်​ယောက် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်ဦး​ဆောင်​သော စစ်​ကောင်စီကို သံသရာတ​ကျော့ ဒုက္ခ​ပေးနိုင်ဦးမည်လား ၊ ပြန်လာ​တော့မည်လား ဆိုတာကို​တော့ ​​စောင့်​မျှော်ကြည့်ရှုရ​တော့မည် ဖြစ်ပါသည်။

Source-(Kawthooleiarmyက ​ဖော်ပြထား​သော အချက်အလက်များကို ပြန်လည်အသုံးပြုထားပါသည်။)