Local News

လူကာကူရဲ့ နေရာကိုအစားထိုးဖို့ မန်ယူနိုက်တက်တိုက်စစ်မှူး ဂတုံးကို ခေါ်ယူမယ့် အင်တာ

Unicode Version

အီတလီ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး လူကာကူကို ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းထံ ပြောင်းရွေ့ကြေး ယူရို ၁၁၅ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် လူကာကူ ရဲ့ နေရာအစားထိုးပြီး တိုက်စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ပြင်ဆင်လာပါတယ်။


သတင်းတွေအရ အင်တာဟာ အသင်းရဲ့ ပစ်မှတ် အတ္တလန်တာအသင်းရဲ့ တိုက်စစ်မှူး ဇာပါတာ အပြင် မန်ယူနိုက်တက်အသင်းမှာ ဝေဖန်မှုတွေ ခံနေရတဲ့ ပြင်သစ် တိုက်စစ်မှူး မာရှယ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း အီတလီ သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။


ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ဟာခီမီနဲ့ လူကာကူတို့ကို ရောင်းခဲ့ရတဲ့ အင်တာဟာ အသင်းကို ပြန်လည် အင်အားဖြည့်တင်းဖို့ မာရှယ်ကို ပစ်မှတ်ထား လာတာ ဖြစ်ပါတယ်။


အင်တာမီလန်အသင်းဟာ ယူနိုက်တက်ရဲ့ ပြင်သစ် တိုက်စစ်မှူး မာရှယ်ကို တစ်ရာသီ အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူချင်နေပြီး ယူနိုက်တက် အသင်းကလဲ သင့်တင့် တဲ့ ကမ်းလှမ်းမှု ရှိရင် မာရှယ်ကို ရောင်းထုတ်မယ်လို့ သတင်းများ ထွက်ပေါ်ထားတဲ့ အသင်းဖြစ်ပါတယ်။


အင်တာက မာရှယ်ကို အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း နဲ့ အပြီးသတ် ခေါ်ယူခွင့် ဆိုတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပေမယ့် ယူနိုက်တက်အသင်း ကတော့


တိုက်စစ်မှူး အတွက် တရာသီ အငှားကို ယူရို ၁၀သန်း အထိ လိုချင်နေပြီး ရာသီကုန်မှာလည်း ယူရို ၅၀သန်းနဲ့ မဖြစ်မနေ ခေါ်ယူမယ် ဆိုတဲ့ အချက်ကို လိုချင်နေပါတယ်

ပြင်သစ် တိုက်စစ်မှူး မာရှယ်ဟာ ထူးချွန်ပြီး ခြေစွမ်းကောင်း၊ အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားသူ တဦး ဖြစ်ပေမယ့် လေ့ကျင့်ရေးမှာရော ပြိုင်ပွဲမှာပါ ကြိုးကြိုးစားစား အားထုတ် ကစားလေ့ မရှိတာကြောင့်


ယူနိုက်တက် ပရိတ်သတ်တွေရဲ့ အမြဲလိုလို ဝေဖန်မှုတွေကို ခံနေရသူ တဦး ဖြစ်ပြီး အင်တာမီလန်အသင်းကသာ သူ့ကို စိတ်ကျေနပ်စေမယ့် ကမ်းလှမ်းမှု ပြုလုပ်ရင် အီတလီနိုင်ငံဆီ ပြောင်းရွှေ့နိုင်ကြောင်း သိရပါတယ်။


Zawgyi Version







