Local News

ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူဖို့ နီးစပ်‌နေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနွေရာသီ အပြောင်းအရွေ့မှာ အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ပြင်သစ်ကလပ် ရန်းနက်စ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်လာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။


ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဆန်ချိုနဲ့ ဗဟိုနောက်ခံလူ ဗာရန်းတို့ကို ခေါ်ယူနိုင်ပြီးနောက် လက်ရှိအချိန်မှာ နောက်ထပ် အင်အား ဖြည့်တင်းမှုများ ပြုလုပ်ဖို့ ပြင်ဆင်နေပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းနဲ့ ညာနောက်ခံလူ နေရာတို့ကို အင်အား ဖြည့်တင်းဖို့ စီစဉ်နေပါတယ်။


ယူနိုက်တက်ဟာ ကွင်းလယ်နေရာ အတွက် ရန်းနက်စ်အသင်းရဲ့ ကာမာဗင်ဂါ ၊ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဆာအူလ်နဲ့ ဝုဗ်အသင်းက နီဗက်တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး လူငယ်ကစားသမား ကာမာဗင်ဂါဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။


အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကာမာဗင်ဂါဟာ ရန်းနက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ရန်းနက်စ်အသင်း ကနေ ယခုနှစ် နွေဈေးကွက် (သို့) လာမယ့် နွေဈေးကွက်မှာ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူပါ။


ရန်းနက်စ်အသင်းက လက်ရှိနွေဈေးကွက် အတွင်းမှာပဲ ကာမာဗင်ဂါကို ယူရို ၃၅သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ချင်နေပေမယ့် ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ချင်နေတဲ့ ကာမာဗင်ဂါကတော့ သူ့ရဲ့ အနာဂတ်အတွက် မသေချာ မရေရာမှုများ ဖြစ်နေပါတယ်။


သို့ပေမယ့် ကာမာဗင်ဂါရဲ့ အေးဂျင့်ဖြစ်သူ ဘားနက်ဟာ သူ့ရဲ့ ကစားသမားကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီသာ ပြောင်းရွှေ့ဖို့ တိုက်တွန်းမှုတွေ ပြုလုပ်နေကြောင်းနဲ့

ဘားနက်ကြောင့် ယူနိုက်တက်အသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်လာပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခု ဈေးကွက် မပိတ်သိမ်းမီ ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။


Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ အသင္းရဲ႕ ပစ္မွတ္ျဖစ္တဲ့ ျပင္သစ္ကလပ္ ရန္းနက္စ္အသင္းရဲ႕ လူငယ္ ကြင္းလယ္လူ ကာမာဗင္ဂါကို ေခၚယူနိုင္ဖို႔ ပိုမို နီးစပ္လာေၾကာင္း အဂၤလန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

ယူနိုက္တက္အသင္းဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ ဆန္ခ်ိဳနဲ႕ ဗဟိုေနာက္ခံလူ ဗာရန္းတို႔ကို ေခၚယူနိုင္ၿပီးေနာက္ လက္ရွိအခ်ိန္မွာ ေနာက္ထပ္ အင္အား ျဖည့္တင္းမႈမ်ား ျပဳလုပ္ဖို႔ ျပင္ဆင္ေနၿပီး အသင္းရဲ႕ ကြင္းလယ္ပိုင္းနဲ႕ ညာေနာက္ခံလူ ေနရာတို႔ကို အင္အား ျဖည့္တင္းဖို႔ စီစဥ္ေနပါတယ္။

ယူနိုက္တက္ဟာ ကြင္းလယ္ေနရာ အတြက္ ရန္းနက္စ္အသင္းရဲ႕ ကာမာဗင္ဂါ ၊ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ဆာအူလ္နဲ႕ ဝုဗ္အသင္းက နီဗက္တို႔ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး လူငယ္ကစားသမား ကာမာဗင္ဂါဟာ သူတို႔အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ ကစားသမားပဲ ျဖစ္ပါတယ္။

အသက္ ၁၈ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ကာမာဗင္ဂါဟာ ရန္းနက္စ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး ရန္းနက္စ္အသင္း ကေန ယခုႏွစ္ ေႏြေဈးကြက္ (သို႔) လာမယ့္ ေႏြေဈးကြက္မွာ ထြက္ခြာဖို႔ ဆုံးျဖတ္ထားသူပါ။

ရန္းနက္စ္အသင္းက လက္ရွိေႏြေဈးကြက္ အတြင္းမွာပဲ ကာမာဗင္ဂါကို ယူရို ၃၅သန္း ဝန္းက်င္နဲ႕ ေရာင္းထုတ္ခ်င္ေနေပမယ့္ ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ခ်င္ေနတဲ့ ကာမာဗင္ဂါကေတာ့ သူ႕ရဲ႕ အနာဂတ္အတြက္ မေသခ်ာ မေရရာမႈမ်ား ျဖစ္ေနပါတယ္။

သို႔ေပမယ့္ ကာမာဗင္ဂါရဲ႕ ေအးဂ်င့္ျဖစ္သူ ဘားနက္ဟာ သူ႕ရဲ႕ ကစားသမားကို မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီသာ ေျပာင္းေ႐ႊ႕ဖို႔ တိုက္တြန္းမႈေတြ ျပဳလုပ္ေနေၾကာင္းနဲ႕

ဘားနက္ေၾကာင့္ ယူနိုက္တက္အသင္းဟာ ကာမာဗင္ဂါကို ေခၚယူနိုင္ဖို႔ ပိုမို နီးစပ္လာၿပီး မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ယခု ေဈးကြက္ မပိတ္သိမ္းမီ ေခၚယူနိုင္မယ္လို႔ သိရပါတယ္။