Local News

PDF ကိုလှူဖို့ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ သိန်း ၅၀ နဲ့ လေလံအောင်

ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံတခုကို သိန်း(၅၀)ဖြင့် လေလံတင်ရောင်းချခဲ့။

မြန်မာနိုင်ငံသားဓါတ်ပုံဆရာတဦး ဖြစ်သူ ကိုဘိုဘို က ၎င်းကိုယ်တိုင်ရိုက်ကူးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ တခုကို ယမန်နေ့ သြဂုတ်လ ၆ရက်နေ့ည ၉နာရီ က စတင်လေလံတင်ပြီး ရောင်း ချခဲ့ကြောင်း သိရှိရသည်။

“ဒီပုံလေးကို လေလံဆွဲပြီး အလှူခံပါ့မယ်ဗျာ။ကျနော်ရိုက်ထားတဲ့ပုံလေးပါ။ဒီပုံလေးကို လေလံအောင်တဲ့သူက ရာသက်ပန်ပိုင်ဆိုင်ခွင့်ရမှာပါ။ print ကိ စိတ်ကြိုက် size ထုတ်ပေးပါ့မယ်။နောက်ထပ်ဘယ်တော့မှာ ရောင်းမှာမဟုတ်တော့ပါဘူး။

စျေးနှုန်းကတော့ 0Ks ကနေစပြီး စိတ်ကြိုက်ပေးလို့ရပါတယ်။ရောင်းလို့ရရှိတဲ့ အလှူငွေကို မြေပြင်မှာ တကယ်လုပ်ငန်းလုပ်နေတဲ့ pdf အဖွဲ့တခုခုဆီကို ပိုင်ရှင်ကိုယ်တိုင် လိုအပ်တဲ့ပစ္စည်းဝယ်လှူပေးလို့ရပါတယ်။အားလုံးတန်ဖိုးထားကြမယ်လို့ထင်ပါတယ် “”ဆိုပြီး ၎င်းအသုံးပြုသော ကိုယ်ပိုင် Facebook အကောင့်မှ လေလံတင်ရောင်းချခဲ့ ခြင်း ဖြစ်ပါသည်။

အဆိုပါ ဓါတ်ပုံကို လေလံပွဲစတင်ပြီးလျှင်ပဲ ချက်ခြင်း လေလံကြေးတိုးမြင့်ပြီး ဝယ်ယူကြတဲ့အခါ ၃နာရီအကြာမှာ လေလံကြေး မြန်မာငွေကျပ် သိန်း(၅၀) ဖြင့် မြစ်ကြီးနားမှ လူငယ်တဦးက ဝယ်ယူခဲ့ပြီး လေလံ ပွဲပိတ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ဓါတ်ပုံရောင်းရငွေကို လည်း ဓါတ်ပုံဆရာဆီသို့ ပေးစရာ မလိုပဲ မြေပြင် PD Fအဖွဲ့အစည်း တခုခု ထံသို့သာ လေလံနိုင်တဲ့သူမှ ပေးလှူရမှာ ဖြစ်ကြောင်းလည်း သိရှိရပါသည်။

PTT/Media9

——————–

ေဒၚေအာင္ဆန္းစုၾကည္၏ ဓါတ္ပုံတခုကို သိန္း(၅၀)ျဖင့္ ေလလံတင္ေရာင္းခ်ခဲ့။

ျမန္မာႏိုင္ငံသားဓါတ္ပုံဆရာတဦး ျဖစ္သူ ကိုဘိုဘို က ၎ကိုယ္တိုင္႐ိုက္ကူးထားေသာ ေဒၚေအာင္ဆန္းစုၾကည္၏ ဓါတ္ပုံ တခုကို ယမန္ေန႔ ၾသဂုတ္လ ၆ရက္ေန႔ည ၉နာရီ က စတင္ေလလံတင္ၿပီး ေရာင္း ခ်ခဲ့ေၾကာင္း သိရွိရသည္။

“ဒီပုံေလးကို ေလလံဆြဲၿပီး အလႉခံပါ့မယ္ဗ်ာ။က်ေနာ္႐ိုက္ထားတဲ့ပုံေလးပါ။ဒီပုံေလးကို ေလလံေအာင္တဲ့သူက ရာသက္ပန္ပိုင္ဆိုင္ခြင့္ရမွာပါ။ print ကိ စိတ္ႀကိဳက္ size ထုတ္ေပးပါ့မယ္။ေနာက္ထပ္ဘယ္ေတာ့မွာ ေရာင္းမွာမဟုတ္ေတာ့ပါဘူး။

ေစ်းႏႈန္းကေတာ့ 0Ks ကေနစၿပီး စိတ္ႀကိဳက္ေပးလို႔ရပါတယ္။ေရာင္းလို႔ရရွိတဲ့ အလႉေငြကို ေျမျပင္မွာ တကယ္လုပ္ငန္းလုပ္ေနတဲ့ pdf အဖြဲ႕တခုခုဆီကို ပိုင္ရွင္ကိုယ္တိုင္ လိုအပ္တဲ့ပစၥည္းဝယ္လႉေပးလို႔ရပါတယ္။အားလုံးတန္ဖိုးထားၾကမယ္လို႔ထင္ပါတယ္ “”ဆိုၿပီး ၎အသုံးျပဳေသာ ကိုယ္ပိုင္ Facebook အေကာင့္မွ ေလလံတင္ေရာင္းခ်ခဲ့ ျခင္း ျဖစ္ပါသည္။

အဆိုပါ ဓါတ္ပုံကို ေလလံပြဲစတင္ၿပီးလွ်င္ပဲ ခ်က္ျခင္း ေလလံေၾကးတိုးျမင့္ၿပီး ဝယ္ယူၾကတဲ့အခါ ၃နာရီအၾကာမွာ ေလလံေၾကး ျမန္မာေငြက်ပ္ သိန္း(၅၀) ျဖင့္ ျမစ္ႀကီးနားမွ လူငယ္တဦးက ဝယ္ယူခဲ့ၿပီး ေလလံ ပြဲပိတ္ခဲ့ေၾကာင္းသိရွိရသည္။

အဆိုပါ ဓါတ္ပုံေရာင္းရေငြကို လည္း ဓါတ္ပုံဆရာဆီသို႔ ေပးစရာ မလိုပဲ ေျမျပင္ PD Fအဖြဲ႕အစည္း တခုခု ထံသို႔သာ ေလလံႏိုင္တဲ့သူမွ ေပးလႉရမွာ ျဖစ္ေၾကာင္းလည္း သိရွိရပါသည္။

PTT/Media9