Local News

သက်သက်ခိုင်၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ကို အနားပေးတော့မည်ဟု သတင်းများထွက်ပေါ်

သက်သက်ခိုင်၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ကို စစ်ကောင်စီမှ အနားပေးတော့မည်ဟု သတင်းများထွက်ပေါ်လာ

ဒေါက်တာသက်သက်ခိုင်၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ကို အကြမ်းဖက် စစ်ကောင်စီမှ အနားပေးတော့မည်

အကြမ်းဖက် စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့တွင် ခန့်အပ်ခဲ့သော တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်၊ နိုင်ငံရေးဝါရင့်သူ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသားအစုအဖွဲ့အဖြစ် မန်းငြိမ်းမောင်နှင့် လူကယ်ပြန်ဝန်ကြီးအဖြစ် ဒေါက်တာသက်သက်ခိုင်တို့ကို တာဝန်မှ အနားပေးမည်ဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းရပ်ဝန်းမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယခုလ ၁ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီကို မဖျက်သိမ်းပဲ အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်ပြီးနောက် ၎င်းတို့ကို လာမည့်အပတ်အတွင်း အနားပေးမည်ဟု နေပြည်တော်ရှိ အရာရှိတဦးက ပြောသည်။

ဒေါက်တာသက်သက်ခိုင်ကို သြဂုတ်လ တရက်နေ့ထဲက နှုတ်ထွက်စာ တင်ခိုင်းထားကြောင်း၊ ကြားကာလတွင် သူမက ဝန်ကြီးဌာန အစည်းအဝေးများ တက်ရောက်နေကြောင်း စစ်ကောင်စီ မီဒီယာမှ ပြသခဲ့သော်လည်း အတွင်းတွင် မည်သူ့ကို အစားထိုးရမည်ကို ရွေးချယ်နေသဖြင့် ကြန့်ကြာနေခြင်းဟု ၎င်းအရာရှိက MPA သို့ပြောသည်။

“ကြားတာက သြဂုတ် ၁ ရက်ထဲက။ ကာကွယ်ရေး ဦးစီးချုပ်က ရွေးနေသေးလို့ ကြာနေတာ။ စစ်ကောင်စီက မဖျက်သေးဘဲ အိမ်စောင့်အစိုးရ လုပ်တာမှာ မူအားဖြင့် မညီညွတ်တာတွေ တင်ပြလာတာရှိနေတယ်။ ဥပဒေနဲ့ မညီလို့ ဆိုတာမျိုးတွေပေါ့။ ကျန်တာတော့ ကျမတို့လည်း မသိရသေးဘူး” ဟု သူကဆိုသည်။

ဒေါက်တာသက်သက်ခိုင်သည် အရပ်သားအစိုးရ လက်ထက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သော်လည်း ပါတီတွင်း စည်းကမ်းဖောက်ဖျက်မှု့ဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်။

ထို့နောက် ၎င်းသည် ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ကာ ဥက္ကဌအဖြစ်ဆောင်ရွက်ရင်း ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သူဖြစ်သည်။

ထို့အတူ မန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုကော်မတီဝင် ဖြစ်ခဲ့ခြင်းမှ ဦးသိန်းစိန်လက်ထက် အကျဥ်းထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း စစ်တပ်အကြီးပိုင်းရှိ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးအောင်သောင်းတိုနှင့် လက်ပွန်းတတီးရှိခဲ့သူဖြစ်ပြီး စစ်တပ်နှင့် အလွန်နီးစပ်ခဲ့သူဖြစ်သည်။

ဦးသိန်းညွန့်သည် ယခင်က NLD ပါတီ၏ ထိပ်သီးပိုင်းတွင်ပါဝင်ခဲ့သော်လည်း စစ်တပ်၏ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန်မတိုင်ခင် NLD ပါတီနှင့် အကွဲအပြဲဖြစ်ကာ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် နိုင်ငံရေး ထိုးနှက်ချက်မျိုးစုံ ပြုလုပ်ပြီး စစ်တပ်ဘက် ရပ်တည်လာခဲ့သည်။

ထို့အတူ ဦးခင်မောင်ဆွေကလည်း ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲသာမက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထောက်အပံ့များဖြင့် ပါတီကိုရပ်တည်ခဲ့ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက ပြောဆိုထားသည်။

MPA Source & Credit:Myanmar Pressphoto Agency

————————

သက္သက္ခိုင္၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန္႔၊ ဦးခင္ေမာင္ေဆြတို႔ကို စစ္ေကာင္စီမွ အနားေပးေတာ့မည္ဟု သတင္းမ်ားထြက္ေပၚလာ

ေဒါက္တာသက္သက္ခိုင္၊ မန္းၿငိမ္းေမာင္၊ ဦးသိန္းၫြန္႔၊ ဦးခင္ေမာင္ေဆြတို႔ကို အၾကမ္းဖက္ စစ္ေကာင္စီမွ အနားေပးေတာ့မည္

အၾကမ္းဖက္ စစ္ေကာင္စီက ေဖေဖာ္ဝါရီ ၁ ရက္ေန႔ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီအဖြဲ႕တြင္ ခန္႔အပ္ခဲ့ေသာ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းၫြန္႔၊ ႏိုင္ငံေရးဝါရင့္သူ ဦးခင္ေမာင္ေဆြ၊ တိုင္းရင္းသားအစုအဖြဲ႕အျဖစ္ မန္းၿငိမ္းေမာင္ႏွင့္ လူကယ္ျပန္ဝန္ႀကီးအျဖစ္ ေဒါက္တာသက္သက္ခိုင္တို႔ကို တာဝန္မွ အနားေပးမည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ရွိ သတင္းရပ္ဝန္းမွ သိရသည္။

အၾကမ္းဖက္ စစ္ေကာင္စီသည္ ယခုလ ၁ ရက္ေန႔တြင္ အာဏာသိမ္း စစ္ေကာင္စီကို မဖ်က္သိမ္းပဲ အိမ္ေစာင့္အစိုးရ ဖြဲ႕စည္းလိုက္ၿပီးေနာက္ ၎တို႔ကို လာမည့္အပတ္အတြင္း အနားေပးမည္ဟု ေနျပည္ေတာ္ရွိ အရာရွိတဦးက ေျပာသည္။

ေဒါက္တာသက္သက္ခိုင္ကို ၾသဂုတ္လ တရက္ေန႔ထဲက ႏႈတ္ထြက္စာ တင္ခိုင္းထားေၾကာင္း၊ ၾကားကာလတြင္ သူမက ဝန္ႀကီးဌာန အစည္းအေဝးမ်ား တက္ေရာက္ေနေၾကာင္း စစ္ေကာင္စီ မီဒီယာမွ ျပသခဲ့ေသာ္လည္း အတြင္းတြင္ မည္သူ႔ကို အစားထိုးရမည္ကို ေ႐ြးခ်ယ္ေနသျဖင့္ ၾကန္႔ၾကာေနျခင္းဟု ၎အရာရွိက MPA သို႔ေျပာသည္။

“ၾကားတာက ၾသဂုတ္ ၁ ရက္ထဲက။ ကာကြယ္ေရး ဦးစီးခ်ဳပ္က ေ႐ြးေနေသးလို႔ ၾကာေနတာ။ စစ္ေကာင္စီက မဖ်က္ေသးဘဲ အိမ္ေစာင့္အစိုးရ လုပ္တာမွာ မူအားျဖင့္ မညီၫြတ္တာေတြ တင္ျပလာတာရွိေနတယ္။ ဥပေဒနဲ႔ မညီလို႔ ဆိုတာမ်ိဳးေတြေပါ့။ က်န္တာေတာ့ က်မတို႔လည္း မသိရေသးဘူး” ဟု သူကဆိုသည္။

ေဒါက္တာသက္သက္ခိုင္သည္ အရပ္သားအစိုးရ လက္ထက္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ၏ လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္ေသာ္လည္း ပါတီတြင္း စည္းကမ္းေဖာက္ဖ်က္မႈ႕ျဖင့္ ထုတ္ပယ္ျခင္းခံခဲ့ရသည္။

ထို႔ေနာက္ ၎သည္ ျပည္သူ႔ေရွ႕ေဆာင္ပါတီကို တည္ေထာင္ကာ ဥကၠဌအျဖစ္ေဆာင္႐ြက္ရင္း ၂၀၂၀ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ မရမ္းကုန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ဝင္ၿပိဳင္ခဲ့သူျဖစ္ၿပီး ေ႐ြးေကာက္ပြဲတြင္ မဲအျပတ္အသတ္ျဖင့္ ရႈံးနိမ့္ခဲ့သူျဖစ္သည္။

ထို႔အတူ မန္းၿငိမ္းေမာင္သည္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ၏ ဗဟိုေကာ္မတီဝင္ ျဖစ္ခဲ့ျခင္းမွ ဦးသိန္းစိန္လက္ထက္ အက်ဥ္းေထာင္မွ ျပန္လြတ္လာၿပီးေနာက္ပိုင္း စစ္တပ္အႀကီးပိုင္းရွိ ဦးေအာင္မင္း၊ ဦးခင္ရီ၊ ဦးေအာင္ေသာင္းတိုႏွင့္ လက္ပြန္းတတီးရွိခဲ့သူျဖစ္ၿပီး စစ္တပ္ႏွင့္ အလြန္နီးစပ္ခဲ့သူျဖစ္သည္။

ဦးသိန္းၫြန္႔သည္ ယခင္က NLD ပါတီ၏ ထိပ္သီးပိုင္းတြင္ပါဝင္ခဲ့ေသာ္လည္း စစ္တပ္၏ ၂၀၁၀ ေ႐ြးေကာက္ပြဲ က်င္းပရန္မတိုင္ခင္ NLD ပါတီႏွင့္ အကြဲအၿပဲျဖစ္ကာ NLD ပါတီႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔အေပၚ ႏိုင္ငံေရး ထိုးႏွက္ခ်က္မ်ိဳးစုံ ျပဳလုပ္ၿပီး စစ္တပ္ဘက္ ရပ္တည္လာခဲ့သည္။

ထို႔အတူ ဦးခင္ေမာင္ေဆြကလည္း ၂၀၁၂ ခုႏွစ္ ေ႐ြးေကာက္ပြဲ၊ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲသာမက ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲမ်ားတြင္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၏ အေထာက္အပံ့မ်ားျဖင့္ ပါတီကိုရပ္တည္ခဲ့ေၾကာင္း ႏိုင္ငံေရး အသိုင္းအဝိုင္းက ေျပာဆိုထားသည္။

MPA Source & Credit:Myanmar Pressphoto Agency