Local News

ယူနိုက်တက်ရဲ့ လိုအပ်ချက်ကိုထောက်ပြလိုက်ပြီး ခေါ်ယူသင့်တဲ့ ကစားသမား နှစ်ဦး အမည်ကို ပြောပြလိုက်တဲ့ လီဗာပူး ဂန္တဝင်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ဒေါ့မွန် အသင်းမှ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုကို ခေါ်ယူထားနိုင်ခဲ့ပြီး ရီးယဲ မက်ဒရစ် အသင်းရဲ့ ဗဟို နောက်ခံလူ ရာဖေးလ် ဗာရန်း ကို ခေါ်ယူဖို့ အတွက် ကြိုတင် သဘောတူညီမှုလည်း ရယူထားနိုင်ခဲ့ပါပြီ ။

ဒါ့ကြောင့် ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ် နေရာမှာ ဟယ်ရီ မက်ဂွားယား နဲ့ ရာဖေးလ် ဗာရန်း တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ် ။ ဒါ့အပြင် လုခ်ရှော နဲ့ ဘစ်ဆာကာ တို့ ရှိနေတဲ့ အတွက် ခံစစ်ဟာ တောင့်တင်း နေပါပြီ ။



ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ဒါ့အပြင် တိုက်စစ်ပိုင်းမှာလည်း အားနည်းချက် ဖြစ်တဲ့ ညာတောင်ပံ တိုက်စစ် နေရာကို အင်အား ဖြည့်တင်းထားနိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် ရပ်ရှ်ဖို့ ၊ မာရှယ် ၊ ဆန်ချို ၊ ဂရင်းဝုဒ် တို့ရဲ့ လျင်မြန် သွက်လက်တဲ့ တိုက်စစ် ကစားဟန်ကို ရာသီသစ်မှာ မြင်တွေ့ရဖွယ် ရှိနေ ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် အသင်းရဲ့ ညာခံစစ် ၊ ကွင်းလယ် ခံစစ် နဲ့ တိုက်စစ်မှူး နေရာတွေမှာတော့ လိုအပ်ချက် ရှိနေသေးတယ်လို့ သုံးသပ်ခံနေခဲ့ရပါတယ် ။ အထူးသဖြင့် ယူနိုက်တက် တို့ရဲ့ အထောင်တိုက်စစ် နေရာမှာ ကျွမ်းကျင်စွာ ကစားပေးနိုင်သူ အဖြစ် ကာဗာနီ တစ်ဦးထဲသာ ရှိနေပါတယ် ။

အခြားတဖက်မှာ အသက်အရွယ် ရနေပြီ ဖြစ်တဲ့ ကာဗာနီဟာ အသင်းနဲ့ တစ်နှစ်သာ စာချုပ် သက်တမ်း တိုးထား ခဲ့တဲ့ အတွက် သူမရှိတော့တဲ့အခါ ဂရင်းဝုဒ် ၊ မာရှယ် တို့ဟာ ဒီနေရာ အတွက် အကောင်းဆုံး အင်အား ဖြည့်တင်း ကစားပေးနိုင်မလား ဆိုတာ မသေချာ မရေရာလှ ပါဘူး ။

အခုတော့ လီဗာပူး ဂန္တဝင် ဂရေမီ ဆောင်းနက်စ်က မန်ချက်စတာ ယူနိုက်တက် အနေ နဲ့ အထောင် တိုက်စစ်မှူး နေရာကို အင်အားဖြည့်တင်းသင့်ကြောင်း ၊ ဒါမှသာ ဆုဖလား ဆွတ်ခူးရေး အတွက် ပြိုင်ဖက်ကောင်းတွေနဲ့ ယှဥ်ပြိုင်နိုင်မှာ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒေါ့မွန်မှ ဆန်ချိုကို ပေါင် 73 သန်း ၊ ရီးယဲ မက်ဒရစ် အသင်းမှ ဗာရန်းကို ပေါင် 43 သန်းနဲ့ ခေါ်ယူပြီး စျေးကွက် သိမ်းလိုက်မယ်ဆိုရင် ဒါက ဆုဖလားဆွတ်ခူးနိုင်ရေးအတွက် လုံလောက်စွာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်သွားမှာတော့ မဟုတ်ပါဘူး ”

” မန်ချက်စတာ ယူနိုက်တက်လို အရွယ်အစား ကြီးမားလှတဲ့ အသင်းမျိုးဆိုတာ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးဖို့ ရည်မှန်းချက်တွေ ထားရှိသင့်ပါတယ် ။ မန်စီးတီး ၊ ချဲလ်ဆီး အသင်းတွေနဲ့ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့အတွက် သူတို့ဟာ တစ်ရာသီ ဂိုး 30 လောက် သွင်းပေးနိုင်မယ့် တိုက်စစ်မှူးတစ်ဦး လိုအပ်ပါသေးတယ် ” လို့ ဆောင်းနက်စ်က ပြောခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ အထောင် တိုက်စစ်မှူး နေရာအတွက် ခေါ်ယူလိုက်သင့်တဲ့ တိုက်စစ်မှူး နှစ်ဦးအမည်ကို ဆောင်းနက်စ်က ဆက်လက် အကြံပေး သွားခဲ့လိုက် ပါတယ် ။

” ယူနိုက်တက်တို့ စျေးကွက်ထဲ အထောင် တိုက်စစ်မှူး 1 ဦး ခေါ်ရပါ့မယ် ။ ဟယ်ရီကိန်း သို့မဟုတ် အားလင်း ဟားလန်း ပေါ့ဗျာ ။ လက်ရှိ အသင်းရဲ့ အင်အားစုကို ကြည့်ရှုလိုက်မယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မန်စီးတီး ၊ ချဲလ်ဆီး အသင်းတွေရဲ့ အနောက်မှာပဲ ရှိနေပါသေးတယ် ” လို့ ဆောင်းနက်စ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။