Local News
အသစ်ခန့်အပ်လိုက်တဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို ကြိုဆိုကြောင်း NUGအကြောင်းကြား
ယူနီကုဒ်ဖြင့် ဖတ်ရန်
စ.စ်ကောင်စီသည် အာဆီယံ ပဋိညာဉ်ခ.ျိုးဖေ.ာက်နေ၊ အာဆီယံအထူးကိုယ်စားလှယ်ကို ကြိုဆိုဟု NUGအကြောင်းကြား။ ၅၄ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးမှတဆင့်
ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အထူးသံအဖြစ် ခန့်အပ်လိုက်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆိုကြောင်းနှင့် ဘရူနိုင်းနိုင်ငံ၏ အာဆီယံဒေသတွင်းဦးဆောင်မှုအခန်းကဏ္ဍသည်
အရေးပါသည်ဟု ယုံကြည်ကြောင်း NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ သြဂုတ်လ ၅ရက်တွင် သဝဏ်လွှာပေးပို့သည်။ NUGအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အခင်းအကျင်းဖန်တီးနိုင်ရေးနှင့်ပတ်သက်သည့်
အာဆီယံ၏ဦးတည်ချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် လက်တွဲပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းနှင့် နိုင်ငံရေးအကြ.ပ်အတ.ည်းကို အားလုံးပါဝင်နိုင်မည့်အသွင်သဏ္ဍန်ဖြင့် ဖြေရှင်းရန်အသင့်ရှိကြောင်း
သဝဏ်လွှာတွင်ရေးသားထားသည်။ အဆိုပါသဝဏ်လွှာတွင် NUGအနေဖြင့် အချက် ၃ချက်တောင်းဆိုထားပြီး အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင်စ.စ်ကောင်စီမှ မြန်မာကိုယ်စားပြု၍ တက်ရောက်နေသည်ကို အထူးစိုးရိမ်ကြောင်း၊
စ.စ်ကောင်စီသည် အာဆီယံ၏ ပဋိညာဉ် အပိုဒ် (၁)နှင့် (၂၀)ပါ ပြဋ္ဌာန်းချက်များကိုပြေ.ာင်ပြေ.ာင်တ.င်းတင်း ခ.ျိုးဖေ.ာက်ပြီး ဒေသတွင်း ပြည်သူများကို ခြ.ိမ်းခြော.က်နေကြောင်း၊ အထူးသံအနေဖြင့် အ.ာဏ.ာသိ.မ်းစ.စ်ကောင်စီနှင့်
အပြုသဘောဆောင်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန် ဖြစ်နိုင်ချေများ ရှာဖွေရာတွင် ကြိုတင်သတ်မှတ်ချက်များ ထားရှိရန်၊ စ.စ်ကောင်စီလက်အောက်တွင် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပျံ့နှံ့နေသော ကိုဗစ်ရေ.ာဂါကို ကာကွယ်တ.ားဆီ.းနိုင်ရန်
NUGအစိုးရနှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်ရာတွင် AHAစင်တာနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်လိုကြောင်းများ တောင်းဆိုထားသည်။ လေးစားစွာဖြင့် ခရက်ဒစ်