Local News

မွေးရပ်မြေ ဝူဟန်မြို့ကို တကျော့ပြန်ရောက်ရှိသွားတဲ့ ဗီဇမျိုးကွဲ Delta ငဗစ်ပိုး






တာဝန်ရှိသူတွေကတော့ ချက်ချင်းပိုးမွှားသန့်စင်ဆေးရည်တွေပက်ဖျန်းကြပြီး အဓိကနေရာတွေကို LD ချထားတယ်လို့သိရပါတယ် ။

credit SiThuMaung

unicode

မွေးရပ်မြေ ဝူဟန်မြို့ကို တကျော့ပြန်ရောက်ရှိသွားတဲ့ ဗီဇမျိုးကွဲ Delta ငဗစ်ပိုး ဆွေးပြမျိုးပြအဖြစ် ၁၀ ရက်အတွင်း လူပေါင်း ၃၀၀ နီးပါးကိုလိုက်လံနှုတ်ဆက်လိုက်ပြန်ပြီ တဲ့ဗျာ

ဩဂုတ်လ ၂ ရက်နေ့က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့တော်မှာ ကူးစက်မြန်တဲ့ Covid-19 ကူးစက်ခံရသူပြည်သူ နောက်ထပ် ၇ ဦးကို စစ်ဆေးတွေ့လို့ တာဝန်ရှိသူတွေအားလုံး တုန်လှုပ်သွားကြတယ်လို့ ဘီဘီစီ သတင်းမှာဖော်ပြထားပါတယ် ။

အဆိုပါလုပ်သား ၇ ဦးဟာ ဝူဟန်မြို့မှာနေထိုင်ပြီး Jingsu ပြည်နယ် Jingzhou မြို့မှာ သွားရောက်အလုပ်လုပ်ကိုင် နေထိုင်ကြသူတွေဖြစ်ပြီး ကျင့်ကျိုးဘူတာကနေ ကျင်စုမြို့ကိုမီးရထားစီးနင်လိုက်ပါလာရာ လမ်းမှာ ခရီးသွားဂရုပ် နှင့် ထိတွေ့မိခဲ့တယ်လို့ဆိုပါတယ် ။

Nanjing ပြည်နယ်မှာတော့ ၁၀ ရက်အတွင်း ကူးစက်မှု ၃၀၀ နီးပါးရှိခဲ့ပြီး Jingsu ကနေတဆင့် အခြားပြည်နယ် ၁၂ ခုကို ကူးစက်ပျံ့နှံ့မှုဟာ ၂၄ နာရီအတွင်း ၉၈ ဦးရှိခဲ့တယ်လို့ တရုတ်ကျမ္မာရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ် ။

ရေဘေးသင့်နေတဲ့ တရုတ်နိုင်ငံအလယ်ပိုင်းကို ပြန်လည်ထူထောင်ရေးတွေ မပြုလုပ်ရသေးတဲ့ အခြေအနေနဲ့ တစ်ကျော့ပြန်ဆွေပြမျိုးပြအလည်အပတ်ရောက်လာတဲ့ ဗီဇမျိုးကွဲ ကူးစက်မှုအင်မတန်မြန်တဲ့ ဒယ်လ်တာ ကိုဗစ် ဆယ့်ကိုးတို့အမှတ်မထင်ဆုံတွေ့ကြပြီပေါ့ ။

တာဝန်ရှ်ိသူတွေကတော့ ချက်ချင်းပိုးမွှားသန့်စင်ဆေးရည်တွေပက်ဖျန်းကြပြီး အဓိကနေရာတွေကို LD ချထားတယ်လို့သိရပါတယ် ။

credit SiThuMaung