Local News

မြေခွေးပြာဖြစ်လာတော့မယ့်အိုးထရက်ဖိုစ့်ကမင်းသားဟောင်းကြီး





မြေခွေးဖြစ်လာတော့မယ့်အိုးထရက်ဖိုစ့်ကမင်းသားဟောင်းကြီး





လက်စတာအသင်းဟာ၎င်းတို့အသင်းမှကွင်းလယ်ကစားသမားဂျိမ်းမက်ဒီဆန်ကို အာဆင်နယ်အသင်းကိုရောင်းချပြီးရင် မန်ယူအသင်းမှ ကွင်းလယ်ကစားသမားလင်ဂတ်ကိုပြန်လည်ခေါ်ယူဖို့စီစဉ်နေပါတယ်။





လင်ဂတ်ဟာယူနိုက်တတ်အသင်းမှာ ပြီးခဲ့တဲ့ဘောလုံးရာသီကခြေစွမ်းမပြနိုင်ခဲ့ပေမယ့် အငှားနဲ့သွားရောက်ကစားခဲ့တဲ့ဝက်ဟမ်းအသင်းမှာအထူးခြေစွမ်းပြနိုင်ခဲ့သလိုယူနိုက်တတ်အသင်းရဲ့ရာသီကြိုပွဲစဉ်တွေမှာလည်းခြေစွမ်းဆက်လက်ပြသနိုင်တာကြောင့်လက်စတာအသင်းကအခုလိုစိတ်ဝင်စားလာတာပါ။





ဒါပေမယ့် မက်ဒီဆန်ကိုခေါ်ယူမယ့်အာဆင်နယ်ရဲ့ခြေလှမ်းတွေဟာအလွန်ကိုနှေးကွေးနေတာကြောင့် လက်စတာရဲ့အခြေနေက ရှေ့တိုးမရနောက်ဆုတ်မရဖြစ်နေပါတယ်။





အသက်၂၈နှစ်အရွယ်လင်ဂတ်အတွက်မန်ယူအသင်းကပြောင်းရွှေ့ကြေးယူရိုသန်း၃၀အလိုရှိကြောင်းသိရပါတယ်။





လက်စတာအသင်းကအာဆင်နယ်အသင်းထံမက်ဒီဆန်ကိုပေါင်သန်း၆၀ခန့်ဖြင့်ရောင်းချမှာဖြစ်တာကြောင့်ယူနိုက်တတ်အသင်းရဲ့တောင်းဆိုချက်ကိုလိုက်လျှောဖွယ်ရှိနေပါတယ်။





လက်ရှိအချိန်မှာတော့လင်ဂတ်ဟာကိုရိုနာဗိုင်းရပ်ကူးစက်မှုကိုခံစားနေရပြီးအသင်းနဲ့သီးခြားနေထိုင်ကာဆေးကုသမှုခံယူနေရပါတယ်။