Local News

မင်းတပ်မြို့ရှိ CDM ဝန်ထမ်းတွေအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်းတစ်ထောင်ကျော်ကို လှူဒါန်းခဲ့တဲ့ ဆရာဝန်မလေးအငြိမ်း

Zawgyi

မင္းတပ္ၿမိဳ႕ရွိ CDM ဝန္ထမ္းေတြအတြက္ ေထာက္ပံ့ေငြ က်ပ္သိန္းေပါင္းတစ္ေထာင္ေက်ာ္ကို လႉဒါန္းခဲ့တဲ့ ဆရာဝန္မေလးအၿငိမ္း

လက္ရွိမွာဆိုရင္ လူငယ္တိုင္းက မိမိတို႔တတ္ေျမာက္ထားတဲ့ ပညာရပ္ေတြနဲ႔ တစ္ဖက္တစ္လမ္းကေန လူမႈအက်ိဳးျပဳေနတာျဖစ္ပါတယ္။

​ေငြအားတက္ႏိုင္သူကလည္း ေငြအားနဲ႔ပါဝင္ၾကသလို တခ်ိဳ႕ေတြကလည္း လုပ္အားဒါနနဲ႔ ဝိုင္းဝန္းကူညီၾကတာျဖစ္ပါတယ္။




ျပည္သူလူထုက ဒီလိုအေျခအေနမ်ိဳးမ်ာ စည္းလုံးညီၫြတ္စြာနဲ႔ ေမွ်ာ္လင့္ေနတဲ့တစ္ေန႔ကို ေရာက္ရွိလာဖို႔ အားသြန္ခြန္စိုက္ေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္။

လူမႈအက်ိဳးျပဳေနတဲ့ထဲကဆရာဝန္မေလးတစ္ေယာက္ျဖစ္တဲ့ ေဒါက္တာအၿငိမ္းကိုလည္း ျပည္သူေတြကေလးစားေနၾကတာျဖစ္ပါတယ္။

ဆရာဝန္မေလးအၿငိမ္းက သြားလာရခက္ခဲတဲ့ ေတာင္ေပၚေဒသေလးေတြမွာ စစ္ေရွာင္ျပည္သူေတြအတြက္က်န္းမာေရးေစာင့္ေရွာက္မႈေပးေနတာျဖစ္ပါတယ္။




ဆရာဝန္မေလးကေတာ့ အသက္ငယ္ငယ္ေလးနဲ႔ ကိုယ္က်ိဳးစြန႔္ၿပီး အမ်ားေကာင္းက်ိဳးကိုသာ ေစတနာအျပည့္နဲ႔လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ဩဂုတ္လ (၁၀)ရက္ေန႔ကဆိုရင္ေဆးေလာကရဲ႕ၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ့ ေဒါက္တာနာဂသိန္းလႈိင္ ကြယ္လြန္သြားခဲ့လို႔ ျပည္သူေတြလည္းအရမ္းဝမ္းနည္းခဲ့ၾကပါတယ္။




ေဒါက္တာအၿငိမ္းက ဆရာဝန္ႀကီးနာဂသိန္းလႈိင္ကို ရည္စူးၿပီး မင္းတပ္ၿမိဳ႕နယ္ရွိ CDM ဝန္ထမ္းေတြကို ေထာက္ပံ့ေငြ က်ပ္သိန္းေပါင္း တစ္ေထာင္တစ္ရာသုံးဆယ့္ေလးသိန္းငါးေသာင္း (၁၁၃၄၅၀၀၀၀) ကို လႉဒါန္းလိုက္တာျဖစ္ပါတယ္။

မင္းတပ္ၿမိဳ႕နယ္ရွိ အစိုးရဌာန (၄၄)ဌာနမွ CDM ဝန္ထမ္း (၂၂၆၉)ဦးအတြက္ တစ္ဦးလွ်င္ ငါးေသာင္းက်ပ္ႏႈန္းဆီေပးအပ္ခဲ့တာျဖစ္ပါတယ္။

အခုလိုမ်ိဳး တစ္ဖက္တစ္လမ္းကေန အလႉအတန္းေတြေဆာင္႐ြက္ေနတဲ့ေဒါက္တာအၿငိမ္းရဲ႕အေၾကာင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။




Unicode

မင်းတပ်မြို့ရှိ CDM ဝန်ထမ်းတွေအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်းတစ်ထောင်ကျော်ကို လှူဒါန်းခဲ့တဲ့ ဆရာဝန်မလေးအငြိမ်း

လက်ရှိမှာဆိုရင် လူငယ်တိုင်းက မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ တစ်ဖက်တစ်လမ်းကနေ လူမှုအကျိုးပြုနေတာဖြစ်ပါတယ်။ငွေအားတက်နိုင်သူကလည်း ငွေအားနဲ့ပါဝင်ကြသလို တချို့တွေကလည်း လုပ်အားဒါနနဲ့ ဝိုင်းဝန်းကူညီကြတာဖြစ်ပါတယ်။




ပြည်သူလူထုက ဒီလိုအခြေအနေမျိုးမျာ စည်းလုံးညီညွတ်စွာနဲ့ မျှော်လင့်နေတဲ့တစ်နေ့ကို ရောက်ရှိလာဖို့ အားသွန်ခွန်စိုက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

လူမှုအကျိုးပြုနေတဲ့ထဲကဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့ ဒေါက်တာအငြိမ်းကိုလည်း ပြည်သူတွေကလေးစားနေကြတာဖြစ်ပါတယ်။

ဆရာဝန်မလေးအငြိမ်းက သွားလာရခက်ခဲတဲ့ တောင်ပေါ်ဒေသလေးတွေမှာ စစ်ရှောင်ပြည်သူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။




ဆရာဝန်မလေးကတော့ အသက်ငယ်ငယ်လေးနဲ့ ကိုယ်ကျိုးစွန့်ပြီး အများကောင်းကျိုးကိုသာ စေတနာအပြည့်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။ဩဂုတ်လ (၁၀)ရက်နေ့ကဆိုရင်ဆေးလောကရဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ ဒေါက်တာနာဂသိန်းလှိုင် ကွယ်လွန်သွားခဲ့လို့ ပြည်သူတွေလည်းအရမ်းဝမ်းနည်းခဲ့ကြပါတယ်။

ဒေါက်တာအငြိမ်းက ဆရာဝန်ကြီးနာဂသိန်းလှိုင်ကို ရည်စူးပြီး မင်းတပ်မြို့နယ်ရှိ CDM ဝန်ထမ်းတွေကို ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း တစ်ထောင်တစ်ရာသုံးဆယ့်လေးသိန်းငါးသောင်း (၁၁၃၄၅၀၀၀၀) ကို လှူဒါန်းလိုက်တာဖြစ်ပါတယ်။




မင်းတပ်မြို့နယ်ရှိ အစိုးရဌာန (၄၄)ဌာနမှ CDM ဝန်ထမ်း (၂၂၆၉)ဦးအတွက် တစ်ဦးလျှင် ငါးသောင်းကျပ်နှုန်းဆီပေးအပ်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး တစ်ဖက်တစ်လမ်းကနေ အလှူအတန်းတွေဆောင်ရွက်နေတဲ့ဒေါက်တာအငြိမ်းရဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။