Local News

အသင်းမှထွက်ခွာသွားပြီဖြစ်တဲ့ မက်ဆီကို အကြွေးယူရို ၃၉ သန်းပေးဖို့ ကျန်နေသေးတဲ့ ဘာစီလိုနာ

လီယွန်နယ်မက်ဆီဟာဘာစီလိုနာအသင်းမှထွက်ခွာသွားပြီဖြစ်ပေမယ့်လည်းကလပ်ထံမှသစ္စာရှိမှုအတွက်အပိုဆုကြေးငွေယူရို၃၉သန်းရရှိရန်ကျန်နေသေးကြောင်းသိရပါတယ်။

မက်ဆီဟာဗုဒ္ဓဟူးနေ့တုန်းကဘာစီလိုနာသို့ပဲရစ်သို့ရောက်လာကာဆေးစစ်မှုခံယူပြီး၂နှစ်စာချုပ်ချုပ်ဆိုကာပီအက်စ်ဂျီကစားသမားသစ်အဖြစ်မိတ်ဆက်ခဲ့ပါတယ်။


မက်ဆီရဲ့၂နှစ်စာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုထားပြီးအခွန်ဆောင်ပြီးတစ်နှစ်လုပ်ခယူရို၃၅သန်းရရှိမယ်လို့သတင်းထွက်ပေါ်ထားပါတယ်။

ဘာစီလိုနာဟာမက်ဆီကိုစာချုပ်သစ်ချုပ်ဆိုရန်အားလုံးသဘောတူညီမှုရရှိထားပြီးမှငွေကြေးပြဿနာကြောင့်လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။


ဒါပေမယ့်ဘာစီလိုနာဟာအသင်းတွင်စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိကစားသွားခဲ့တဲ့မက်ဆီကိုစာချုပ်ပါအချက်အတိုင်း သစ္စာရှိ အပိုဆုကြေးငွေအဖြစ်ယူရို၃၉သန်းပေးရန်ကျန်ရှိသေးကြောင်းသိရပါတယ်။

မက်ဆီဟာအပိုဆုကြေးငွေယူရို၃၉သန်းအား အရစ်ကျစနစ်ဖြင့်ရယူဖို့အတွက်ဘာစီလိုနာနှင့်သဘောတူညီမှုရယူထားတယ်လို့ယူဆရပါတယ်။


နေမာဟာလည်း၂၀၁၇ခုနှစ်တုန်းကပီအက်စ်ဂျီသို့ထွက်ခွာမသွားမီတုန်းကအဆိုပါဆုကြေးငွေအချက်ကိုထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ဒါပေမယ့်နေမာဟာအပိုဆုကြေးငွေမရရှိမှုအတွက်ဘာစီလိုနာကိုတရားစွဲဆိုမှုပြုခဲ့ပြီးနောက်ပိုင်းတွင်အရစ်ကျစနစ်ဖြင့်ရရှိရန်သဘောတူညီမှုရရှိသွားခဲ့ပါတယ်။


ZawGyi

အသင္းမွထြက္ခြာသြားၿပီျဖစ္တဲ့ မက္ဆီကို အေႂကြးယူ႐ို ၃၉ သန္းေပးဖို႔ က်န္ေနေသးတဲ့ ဘာစီလိုနာ

လီယြန္နယ္မက္ဆီဟာဘာစီလိုနာအသင္းမွထြက္ခြာသြားၿပီျဖစ္ေပမယ့္လည္းကလပ္ထံမွသစၥာရွိမႈအတြက္အပိုဆုေၾကးေငြယူ႐ို၃၉သန္းရရွိရန္က်န္ေနေသးေၾကာင္းသိရပါတယ္။

မက္ဆီဟာဗုဒၶဟူးေန႔တုန္းကဘာစီလိုနာသို႔ပဲရစ္သို႔ေရာက္လာကာေဆးစစ္မႈခံယူၿပီး၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုကာပီအက္စ္ဂ်ီကစားသမားသစ္အျဖစ္မိတ္ဆက္ခဲ့ပါတယ္။


မက္ဆီရဲ႕၂ႏွစ္စာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားၿပီးအခြန္ေဆာင္ၿပီးတစ္ႏွစ္လုပ္ခယူ႐ို၃၅သန္းရရွိမယ္လို႔သတင္းထြက္ေပၚထားပါတယ္။

ဘာစီလိုနာဟာမက္ဆီကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အားလုံးသေဘာတူညီမႈရရွိထားၿပီးမွေငြေၾကးျပႆနာေၾကာင့္လက္လႊတ္ခဲ့ရတာလည္းျဖစ္ပါတယ္။


ဒါေပမယ့္ဘာစီလိုနာဟာအသင္းတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိကစားသြားခဲ့တဲ့မက္ဆီကိုစာခ်ဳပ္ပါအခ်က္အတိုင္း သစၥာရွိ အပိုဆုေၾကးေငြအျဖစ္ယူ႐ို၃၉သန္းေပးရန္က်န္ရွိေသးေၾကာင္းသိရပါတယ္။

မက္ဆီဟာအပိုဆုေၾကးေငြယူ႐ို၃၉သန္းအား အရစ္က်စနစ္ျဖင့္ရယူဖို႔အတြက္ဘာစီလိုနာႏွင့္သေဘာတူညီမႈရယူထားတယ္လို႔ယူဆရပါတယ္။


ေနမာဟာလည္း၂၀၁၇ခုႏွစ္တုန္းကပီအက္စ္ဂ်ီသို႔ထြက္ခြာမသြားမီတုန္းကအဆိုပါဆုေၾကးေငြအခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။ဒါေပမယ့္ေနမာဟာအပိုဆုေၾကးေငြမရရွိမႈအတြက္ဘာစီလိုနာကိုတရားစြဲဆိုမႈျပဳခဲ့ၿပီးေနာက္ပိုင္းတြင္အရစ္က်စနစ္ျဖင့္ရရွိရန္သေဘာတူညီမႈရရွိသြားခဲ့ပါတယ္။