Local News

နွေဦး ထီထိုး ငွေလွှဲပြောင်းမှုများကို စိစစ်ရန်ဘဏ်များနှင့်ငွေကြေးဝန်ဆောင်သူများကို စစ်ကောင်စီက ညွှန်ကြားပြီး ပူးပေါင်းစစ်ဆေးမည်ဟု ပြော

NUG၏ နွေဦးထီရောင်းချရာတွင်ငွေလွှဲပြောင်းမှုများကို စိစစ်နိုင်ရေးဘဏ်များနှင့်ငွေကြေးဝန်ဆောင်သူများကိုပူးပေါင်းဆောင်ရွက်ရန်စစ်ကောင်စီညွှန်ကြားထား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှယမန်နေ့(သြဂုတ်လ ၁၅ရက်နေ့)ကစတင်ဖွင့်လှစ်ရောင်းချသည့်အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချရာတွင်ငွေလွှဲပြောင်းမှုများကိုစိစစ်နိုင်ရေးအတွက်

ဘဏ်များနှင့်ငွေကြေးဝန်ဆောင်သူများကို ပူးပေါင်းဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြား​ထားကြောင်းဘဏ်အသိုင်းအဝိုင်းနှင့်နီး စပ် သူတစ်ဦးထံမှသိရသည်။




အောင်လံလွှင်ချီ နွေဦးထီမှာ အွန်လိုင်းမှတဆင့် ရောင်းချခြင်းဖြစ်သည့်အတွက် ထီရောင်းချခြင်းနှင့် ဆုငွေထုတ်ပေးခြင်းတို့ကို ဘဏ်များ၏ အွန်လိုင်းဘဏ်စနစ်၊ ငွေလွှဲစနစ်များ၊ ဒီဂျစ်တယ် Payment များဖြင့် ဆောင်ရွက်လာနိုင်ကြောင်း၊

ဘဏ်များ၊ငွေရေးကြေးရေး ဝန်ဆောင်သူများအနေဖြင့် နေ့စဉ် ငွေလွှဲပြောင်းဆောင် ရွက်မှုများကိုတိကျစွာတင်ပြရန် ဗဟိုဘဏ်ကညွှန်ကြားထား​ကြောင်းလဲ သိရသည်။

ယမန်နေ့(သြဂုတ်လ ၁၅ရက်နေ့)က စတင်ရောင်းချခဲ့သည့် အောင်လံလွှင့်ချီ နွေဦးထီ၏ သတ်မှတ်ထီစောင်ရေအား၁နာရီအတွင်း ရောင်းကုန်ခဲ့ပြီး ယနေ့ညနေ ၄နာ ရီအချိန်တွင်လည်းထီစောင်ရေ၅သောင်း ထပ်မံရောင်းချပေးသွားဦးမည်ဖြစ်ကြောင်း အောင်လံလွှင့်ချီနွေဦးထီ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။




Zawgyi

NUG၏ ေႏြဦးထီေရာင္းခ်ရာတြင္ေငြလႊဲေျပာင္းမႈမ်ားကို စိစစ္ႏိုင္ေရးဘဏ္မ်ားႏွင့္ေငြေၾကးဝန္ေဆာင္သူမ်ားကိုပူးေပါင္းေဆာင္႐ြက္ရန္စစ္ေကာင္စီၫႊန္ၾကားထား

အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)မွယမန္ေန႔(ၾသဂုတ္လ ၁၅ရက္ေန႔)ကစတင္ဖြင့္လွစ္ေရာင္းခ်သည့္ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ ေရာင္းခ်ရာတြင္ေငြလႊဲေျပာင္းမႈမ်ားကိုစိစစ္ႏိုင္ေရးအတြက္

ဘဏ္မ်ားႏွင့္ေငြေၾကးဝန္ေဆာင္သူမ်ားကို ပူးေပါင္းေဆာင္႐ြက္ရန္ ဗဟိုဘဏ္က ၫႊန္ၾကား​ထားေၾကာင္းဘဏ္အသိုင္းအဝိုင္းႏွင့္နီး စပ္ သူတစ္ဦးထံမွသိရသည္။




ေအာင္လံလႊင္ခ်ီ ေႏြဦးထီမွာ အြန္လိုင္းမွတဆင့္ ေရာင္းခ်ျခင္းျဖစ္သည့္အတြက္ ထီေရာင္းခ်ျခင္းႏွင့္ ဆုေငြထုတ္ေပးျခင္းတို႔ကို ဘဏ္မ်ား၏ အြန္လိုင္းဘဏ္စနစ္၊ ေငြလႊဲစနစ္မ်ား၊ ဒီဂ်စ္တယ္ Payment မ်ားျဖင့္ ေဆာင္႐ြက္လာႏိုင္ေၾကာင္း၊

ဘဏ္မ်ား၊ေငြေရးေၾကးေရး ဝန္ေဆာင္သူမ်ားအေနျဖင့္ ေန႔စဥ္ ေငြလႊဲေျပာင္းေဆာင္ ႐ြက္မႈမ်ားကိုတိက်စြာတင္ျပရန္ ဗဟိုဘဏ္ကၫႊန္ၾကားထား​ေၾကာင္းလဲ သိရသည္။

ယမန္ေန႔(ၾသဂုတ္လ ၁၅ရက္ေန႔)က စတင္ေရာင္းခ်ခဲ့သည့္ ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ၏ သတ္မွတ္ထီေစာင္ေရအား၁နာရီအတြင္း ေရာင္းကုန္ခဲ့ၿပီး ယေန႔ညေန ၄နာ ရီအခ်ိန္တြင္လည္းထီေစာင္ေရ၅ေသာင္း ထပ္မံေရာင္းခ်ေပးသြားဦးမည္ျဖစ္ေၾကာင္း ေအာင္လံလႊင့္ခ်ီေႏြဦးထီ၏ သတင္းထုတ္ျပန္ခ်က္မ်ားအရသိရသည္။