Local News

အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားနိုင်ဖို့ ကြိုးစားနေဆဲ (မလေးရှားနိုင်ငံခြားရေးဝန်ကြီး)

မြန်မာနိုင်ငံဆိုင်ရာ အာစီယံအထူးကိုယ်စားလှယ် Erywan Mohd Yusof ဟာ မြန်မာနိုင်ငံကို ဘယ်နေ့သွားခွင့်ရမယ်ဆိုတာသိရဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Saifuddin Abdullah က သတင်းထောက်တွေကို ပြောပါတယ်။ သူနဲ့ မစ္စတာ Erywan တို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆက်သွယ်ပြီးမြန်မာပြည်ကိစ္စပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာစီယံအထူးကိုယ်စားလှယ် အဖြစ်ရွေးချယ်ထားသူ ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Mohd Yusof မြန်မာနိုင်ငံကို သွားတဲ့အခါ အာစီယံသဘောတညီချက် နံပတ် ၅ အရ၊ မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးနဲ့တွေ့ဆုံ ခွင့်ရဖို့လိုတယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။





ဒါ့အပြင် နောက်လထဲမှာပြုလုပ်မယ့် အာစီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ မစ္စတာ Erywan မြန်မာနိုင်ငံကို သွားရောက်ခွင့် ရသင့်တယ်လို့ သူ့ရဲ့အမြင်ကိုလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆို ဆွေးနွေးခဲ့တယ် လို့လည်းပြောပါတယ်။

မြန်မာနိုင်ငံအတွက် အထောက်အပံ့တွေပေးပို့ရမယ့် အာဆီယံ လူသားချင်းစာနာမှု အကူညီပေးရေး စင်တာ (AHA) အနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွါးနေတဲ့ နေရာတွေဆီ လူသားခြင်းစာနာမှုဆိုင်ရာ အကူညီတွေ ပေးဖို့ အဆင်သင့်မဖြစ်သေးတာနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်မကင်းဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။





မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာစီယံ သဘောတူညီချက် ၅ ချက်ထဲမှာ အကြမ်းဖက်လုပ်ရပ်တွေကိုချက်ခြင်းရပ်ဖို့ နဲ့ အဖွဲ့အစည်းအသီးသီးမှ အစွမ်းကုန်ထိန်းထိန်းသိမ်းလုပ်ကြဖို့။ မြန်မာပြည်သူတွေအကျိုးအတွက် အဖွဲ့အစည်းအသီးသီး တွေ့ဆုံးဆွေးနွေးအဖြေရှာကြဖို့။

တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး အာစီယံအဖွဲ့ကြီးမှကြားဝင်ကူညီဆောင်ရွက်ပေးဖို့။ လူသားခြင်းစာနာမှုဆိုင်ရာအထောက်အပံ့တွေပေးဖို့နဲ့ အာစီယံအထူးကိုယ်စားလှယ်ကိုစေလွှတ် ပြီး မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးနဲ့ တွေဆုံဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။





———– 

ျမန္မာႏိုင္ငံဆိုင္ရာ အာစီယံအထူးကိုယ္စားလွယ္ Erywan Mohd Yusof ဟာ ျမန္မာႏိုင္ငံကို ဘယ္ေန႔သြားခြင့္ရမယ္ဆိုတာသိရဖို႔ ႀကိဳးစားေနဆဲျဖစ္ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Datuk Saifuddin Abdullah က သတင္းေထာက္ေတြကို ေျပာပါတယ္။ သူနဲ႔ မစၥတာ Erywan တို႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဆက္သြယ္ၿပီးျမန္မာျပည္ကိစၥေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ အာစီယံအထူးကိုယ္စားလွယ္ အျဖစ္ေ႐ြးခ်ယ္ထားသူ ဘ႐ူႏိုင္း ဒုတိယ ႏိုင္ငံျခားေရးဝန္ႀကီး Erywan Mohd Yusof ျမန္မာႏိုင္ငံကို သြားတဲ့အခါ အာစီယံသေဘာတညီခ်က္ နံပတ္ ၅ အရ၊ ျမန္မာႏိုင္ငံက အဖြဲ႕အစည္းအသီးသီးနဲ႔ေတြ႕ဆုံ ခြင့္ရဖို႔လိုတယ္လို႔လည္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။





ဒါ့အျပင္ ေနာက္လထဲမွာျပဳလုပ္မယ့္ အာစီယံ ထိပ္သီးအစည္းအေဝး မတိုင္မီ မစၥတာ Erywan ျမန္မာႏိုင္ငံကို သြားေရာက္ခြင့္ ရသင့္တယ္လို႔ သူ႔ရဲ႕အျမင္ကိုလည္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆို ေဆြးေႏြးခဲ့တယ္ လို႔လည္းေျပာပါတယ္။

ျမန္မာႏိုင္ငံအတြက္ အေထာက္အပံ့ေတြေပးပို႔ရမယ့္ အာဆီယံ လူသားခ်င္းစာနာမႈ အကူညီေပးေရး စင္တာ (AHA) အေနနဲ႔ ျမန္မာႏိုင္ငံက ပဋိပကၡျဖစ္ပြါးေနတဲ့ ေနရာေတြဆီ လူသားျခင္းစာနာမႈဆိုင္ရာ အကူညီေတြ ေပးဖို႔ အဆင္သင့္မျဖစ္ေသးတာနဲ႔ ပတ္သက္ၿပီးလည္း စိုးရိမ္မကင္းျဖစ္ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုခဲ့ပါတယ္။





ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အာစီယံ သေဘာတူညီခ်က္ ၅ ခ်က္ထဲမွာ အၾကမ္းဖက္လုပ္ရပ္ေတြကိုခ်က္ျခင္းရပ္ဖို႔ နဲ႔ အဖြဲ႕အစည္းအသီးသီးမွ အစြမ္းကုန္ထိန္းထိန္းသိမ္းလုပ္ၾကဖို႔။ ျမန္မာျပည္သူေတြအက်ိဳးအတြက္ အဖြဲ႕အစည္းအသီးသီး ေတြ႕ဆုံးေဆြးေႏြးအေျဖရွာၾကဖို႔။

ေတြ႕ဆုံေဆြးေႏြးေရးနဲ႔ပတ္သက္ၿပီး အာစီယံအဖြဲ႕ႀကီးမွၾကားဝင္ကူညီေဆာင္႐ြက္ေပးဖို႔။ လူသားျခင္းစာနာမႈဆိုင္ရာအေထာက္အပံ့ေတြေပးဖို႔နဲ႔ အာစီယံအထူးကိုယ္စားလွယ္ကိုေစလႊတ္ ၿပီး ျမန္မာႏိုင္ငံက အဖြဲ႕အစည္းအသီးသီးနဲ႔ ေတြဆုံဖို႔ဆိုတဲ့ အခ်က္ေတြပါဝင္ပါတယ္။