Local News

တပ်အရာရှိတွေကို အရပ်ဘက်ပြောင်းခန့်ဖို့ စိစစ်ရွေးချယ်နေပြီ

တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဆေးအဆင့်နိမ့် အီးအေ(၁/၂) တပ်အရာရှိတွေကို နယ်ဘက်ဝန်ကြီးဌာန တာဝန်တွေ လွှဲပြောင်းထမ်းဆောင်နိုင်ဖို့ ဘုတ်အဖွဲ့အစည်းအဝေးကို စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

တပ်က ဆေးအဆင့်နိမ့် အရာရှိတွေဟာ ကိုယ်ပြောင်းရွေ့လိုတဲ့ ဝန်ကြီးဌာနကို ဦးစားပေးအလိုက် အဆိုပြုနိုင်ပြီး ဒီအစည်းအဝေးမှာ အရာရှိ (၂၃)ဦးက ဆန္ဒပြုတဲ့ ဝန်ကြီးဌာနတွေနဲ့ တာဝန်ထမ်းဆောင်လိုတဲ့ ဒေသတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။





သူတို့ရဲ့ ဒဏ်ရာရရှိမှုအခြေအနေ၊ ဆေးဆက်ကုရမယ့် အခြေအနေ၊ ပညာအရည်အချင်း၊ ဇနီးရဲ့ အလုပ်အကိုင်နဲ့အဆိုပြုတဲ့ ဝန်ကြီးဌာနတွေနဲ့ သင့်လျော်မှုရှိမရှိ၊ ရာထူးလစ်လပ်မှုရှိမရှိကို ဘုတ်အဖွဲ့က စိစစ်ရွေးချယ်တယ်လို့ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ စစ်ကောင်စီရဲ့ လူကယ်ပြန် ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။

၂၀၁၇ ခုနှစ်က နေ လက်ရှိအချိန်အထိ အစည်းအဝေး (၁၅) ကြိမ်လုပ်ခဲ့ပြီး အရာရှိ ၇၃ ဦးကို ဝန်ကြီးဌာန တွေဆီ လွှဲပေးပြီးပြီလို့ သိရပါတယ်။





နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တပ်မတော်အရာရှိတွေကို နယ်ဘက်ဝန်ကြီးဌာနတွေကို ပြောင်းရွေ့တာဝန်ထမ်းဆောင်နိုင်ရေးအစီအစဥ်ဟာ ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။

နအဖ အစိုးရ လက်ထက်မှာ ဘီပိုးတွေ့တဲ့ အရာရှိတွေကိုပါ အရပ်ဘက်ဝန်ကြီးဌာနတွေဆီ ပို့ဆောင်လာကြပါတယ်။

နောက်ပိုင်းမှာ တပ်ကအရာရှိတွေ အရပ်ဘက်မှာပြောင်းလာပြီး အဆင့်မြင့်ရာထူးတွေရလာတာများလို့ ‘ မိုးကျရွှေကိုယ်’ လို့ တင်စားခဲ့ကြပါတယ်။





အဲ့ဒီနောက် ဒီအစီအစဥ်ကို ခေတ္တရပ်နားခဲ့ပြီး ၂၀၁၇ မှာပြန်စခဲ့တယ်လို့ တပ်မတော်ကနေ အရပ်ဘက်ကို ပြောင်း‌ရွေ့တာဝန်ထမ်းခဲ့တဲ့ အရာရှိတစ်ဦးကပြောပါတယ်။

‘အဓိကက လစာ နဲ့ ညှိတယ်။ ဝန်ကြီးဌာနမှာ ရာထူးနေရာ လွတ်မလွတ်လည်းကြည့်တယ်’ လို့ သူကပြောပါတယ်။

ဒီအစီအစဥ်ကို ကာကွယ်ရေးဝန်ကြီးဌာန က ဦးဆောင်ပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စီစဥ်ပေးရတာဖြစ်ပါတယ်။





———— 

တာဝန္ထမ္းေဆာင္စဥ္ ထိခိုက္ဒဏ္ရာရခဲ့တဲ့ ေဆးအဆင့္နိမ့္ အီးေအ(၁/၂) တပ္အရာရွိေတြကို နယ္ဘက္ဝန္ႀကီးဌာန တာဝန္ေတြ လႊဲေျပာင္းထမ္းေဆာင္ႏိုင္ဖို႔ ဘုတ္အဖြဲ႕အစည္းအေဝးကို စက္တင္ဘာ ၃ ရက္က ျပဳလုပ္ခဲ့ပါတယ္။

တပ္က ေဆးအဆင့္နိမ့္ အရာရွိေတြဟာ ကိုယ္ေျပာင္းေ႐ြ႕လိုတဲ့ ဝန္ႀကီးဌာနကို ဦးစားေပးအလိုက္ အဆိုျပဳႏိုင္ၿပီး ဒီအစည္းအေဝးမွာ အရာရွိ (၂၃)ဦးက ဆႏၵျပဳတဲ့ ဝန္ႀကီးဌာနေတြနဲ႔ တာဝန္ထမ္းေဆာင္လိုတဲ့ ေဒသေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ထုတ္ျပန္ပါတယ္။

သူတို႔ရဲ႕ ဒဏ္ရာရရွိမႈအေျခအေန၊ ေဆးဆက္ကုရမယ့္ အေျခအေန၊ ပညာအရည္အခ်င္း၊ ဇနီးရဲ႕ အလုပ္အကိုင္နဲ႔အဆိုျပဳတဲ့ ဝန္ႀကီးဌာနေတြနဲ႔ သင့္ေလ်ာ္မႈရွိမရွိ၊ ရာထူးလစ္လပ္မႈရွိမရွိကို ဘုတ္အဖြဲ႕က စိစစ္ေ႐ြးခ်ယ္တယ္လို႔ ဘုတ္အဖြဲ႕ ဥကၠ႒ လည္းျဖစ္တဲ့ စစ္ေကာင္စီရဲ႕ လူကယ္ျပန္ ဝန္ႀကီး ေဒါက္တာသက္သက္ခိုင္က ေျပာပါတယ္။





၂၀၁၇ ခုႏွစ္က ေန လက္ရွိအခ်ိန္အထိ အစည္းအေဝး (၁၅) ႀကိမ္လုပ္ခဲ့ၿပီး အရာရွိ ၇၃ ဦးကို ဝန္ႀကီးဌာန ေတြဆီ လႊဲေပးၿပီးၿပီလို႔ သိရပါတယ္။

ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ားကိုထမ္းေဆာင္စဥ္ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ တပ္မေတာ္အရာရွိေတြကို နယ္ဘက္ဝန္ႀကီးဌာနေတြကို ေျပာင္းေ႐ြ႕တာဝန္ထမ္းေဆာင္ႏိုင္ေရးအစီအစဥ္ဟာ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္း လက္ထက္ ကတည္းက စတင္ခဲ့တာျဖစ္ပါတယ္။

နအဖ အစိုးရ လက္ထက္မွာ ဘီပိုးေတြ႕တဲ့ အရာရွိေတြကိုပါ အရပ္ဘက္ဝန္ႀကီးဌာနေတြဆီ ပို႔ေဆာင္လာၾကပါတယ္။





ေနာက္ပိုင္းမွာ တပ္ကအရာရွိေတြ အရပ္ဘက္မွာေျပာင္းလာၿပီး အဆင့္ျမင့္ရာထူးေတြရလာတာမ်ားလို႔ ‘ မိုးက်ေ႐ႊကိုယ္’ လို႔ တင္စားခဲ့ၾကပါတယ္။

အဲ့ဒီေနာက္ ဒီအစီအစဥ္ကို ေခတၱရပ္နားခဲ့ၿပီး ၂၀၁၇ မွာျပန္စခဲ့တယ္လို႔ တပ္မေတာ္ကေန အရပ္ဘက္ကို ေျပာင္း‌ေ႐ြ႕တာဝန္ထမ္းခဲ့တဲ့ အရာရွိတစ္ဦးကေျပာပါတယ္။

‘အဓိကက လစာ နဲ႔ ညႇိတယ္။ ဝန္ႀကီးဌာနမွာ ရာထူးေနရာ လြတ္မလြတ္လည္းၾကည့္တယ္’ လို႔ သူကေျပာပါတယ္။

ဒီအစီအစဥ္ကို ကာကြယ္ေရးဝန္ႀကီးဌာန က ဦးေဆာင္ၿပီးလူမႈဝန္ထမ္း၊ ကယ္ဆယ္ေရး နဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက စီစဥ္ေပးရတာျဖစ္ပါတယ္။