Local News
ဘယ်သူ့ဆီကမှ အလှူမခံလိုတဲ့ အကြောင်းရင်းကိုပြောပြလာတဲ့ ပြည်သူချ စ် သရုပ်ဆောင် မင်းမော်ကွန်း
Zawgyi
crd
Unicode
ဘယ်သူဆီကမှအလှူမခံလိုတဲ့ပြည်သူချစ်နှလုံးလှလူမိုက်ကြီးဆိုတဲ့သရုပ်ဆောင်မင်းမော်ကွန်းရဲ့အကြောင်းလေးကိုမိတ်ဆွေတစ်ဦးကအခုလိုပြောပြလာခဲ့ပါတယ်နော်။ဘယ်သူ့ဆီကမှအလှူမခံလိုတဲ့
နှလုံးလှလူမိုက်ကြီး၊သူကျန်းမာရေးလေးပြန်ကောင်းလာတော့ညဘက်ဆိုသီချင်းလေးတွေဆိုပြတယ်၊ခဏတာအပျော်တွေကူးစက်ပြီး
အားလုံးပြုံးပျော်နေကြပြီဆိုရင်ဖြင့်ကလေးတစ်ယောက်လိုပြုံးရွှင်နေခဲ့တဲ့သူ့ပုံရိပ်တွေကိုပြန်မြင်ယောင်တိုင်းကျွန်တော်သူ့အကြောင်းပြန်ပြန်တွေးမိတယ်၊သွားသေးသေးလေးတွေ
အပြည့်နဲ့နှလုံးသားလှသူကြီး၊စိတ်ညစ်နေသူတချို့ကိုသွားသေးသေးလေးတွေအများကြီးပေါ်အောင်ပြုံးဖြီးဖြီးလုပ်ပြပြီးစိတ်သက်သာစေသူကြီး။လူတိုင်းကိုသူ့ကြောင့်စိတ်ဆင်းရဲရတာထက်
စိတ်ချမ်းသာတာပဲပိုဖြစ်စေချင်တဲ့သူ၊သူစိတ်တိုတဲ့အချိန်တချို့ဆိုကြမ်းပြင်ကိုလက်သီးနဲ့ထိုးထိုးပြီးအားမလိုအားမရဖြစ်နေတတ်ပေမဲ့မည်သူတစ်ဦးတစ်ယောက်ကိုမှဘာတစ်ခုမှထိခိုက်အောင်
မလုပ်တတ်တဲ့သူ၊သူ့စရိတ်သူစားရှိသမျှကိုပုံအောပြီးတော်လှန်ရေးလုပ်နေသူဟာသူပါပဲ၊သူ့ကိုလှူချင်လို့ဆက်သွယ်သူတွေကို၊မလိုသေးလို့ပါ၊လို့သာအမြဲပြန်ပြန်ပြောတတ်တဲ့သူ၊။သံသရာတကွေ့
ဆုံကာတွေ့ကြ၊တူရာသန်ရာပေါင်းကြကြုံကြ၊ကောင်းရာဘုံဘဝဆိုတာမိုးပေါ်မှာလား၊သေလွန်ပြီးမှလား၊ကျွန်တော်ကတော့မိတ်ကောင်းဆွေကောင်းတွေနဲ့လုပ်ရပ်ကောင်းတွေကြိုးစားနေရတဲ့ဘဝလို့ထင်တယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်။