Local News

ယခုလ ၆ ရက်နေ့ကစပြီး ၂ပတ်ကြာ အင်တာနက်လိုင်းများ ဖြတ်တောက်မည်

ယခုလ ၆ ရက်နေ့ကစပြီး ၂ပတ်ကြာ အင်တာနက်လိုင်းများ ဖြတ်တောက်မည်

အင်တာနက် (၂) ပတ် ပြတ်တောက်နိုင်ကြောင်း ကောလာဟလ သတင်းများပြန့်နှံ့နေ။

ယခုလ (၆) ရက်နေ့ကစပြီး အင်တာနက် (၂) ပတ်ဖြတ်တောက်နိုင်ကြောင်း ဖေ့ဘုတ် လူမှုကွန်ယက်စာမျက်နှာအချို့တွင် ဖြန့်ဝေမှုများ ရှိနေပြီး အဆိုပါ သတင်းများအား ကျနော်တို့ We Check Community မှ လုံးဝ အတည်မပြုထားနိုင်ပါ။

ဒီသတင်းနဲ့ပတ်သက်ပြီးကျနော်တို့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကလည်း အတည်မပြုနိုင်ကြောင်းပဲ ပြောထားပါတယ်။

ကျနော်တို့ အနေဖြင့် အင်တာနက်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အမြဲတမ်းစောင့်ကြည့်နေပြီး ထူးခြားမှုရှိကြောင်း ခိုင်မာတဲ့ အတည်ပြုချက်တစ်စုံတစ်ရာ ရရှိပါက သတင်းရင်းမြစ်များနှင့်တကွ အမြန်ဆုံး ဖော်ပြပေးနိုင်အောင် ကြိုးစားပေးပါ့မယ်။

မနက်ဖြန် အင်တာနက်လိုင်းတွေဖြတ်မယ်လို့ပြောနေကြလို့ပါ။

တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတွေကလွဲပြီး

ပုံမှန်ရနေတဲ့ မြို့တွေ နယ်တွေမှာအင်တာနက်ဖြတ်ဖို့ ညွန်ကြားထားတာမရှိဘူးလို့Operator တွေနဲ့ ဆက်စပ်သူများမှတဆင့်သိရပါတယ်….။

Unicode







