Local News

၄ လ အပစ်ရပ်ရေး အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို

၄ လ အပစ်ရပ်ရေး အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို

စက်တင်ဘာ ၊ ၅ရက်

လူသားချင်းစာနာမှု အထောက်အပံ့များ ပထမအသုတ် လုံခြုံစွာ ဖြန့်ချိနိုင်ရေး မြန်မာနိုင်ငံရှိ လက်နက်ကိုင်တိုက်ခိုက်နေသူများ အားလုံး ၄ လကြာ အပစ်အခတ်ရပ်စဲကြရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အာရီဝန်ယူဆွတ်က တောင်းဆိုလိုက်သည်။

ဂျပန်သတင်းဌာန ကျိုဒိုနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် အာရီဝန်ယူဆွတ်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြီးခဲ့သည့် အင်္ဂါနေ့ အွန်လိုင်းဆွေးနွေးပွဲတွင် ယင်းတောင်းဆိုချက်ကို ပြောဆိုခဲ့ကြောင်း၊ မြန်မာစစ်တပ်ကလည်း လက်ခံကြောင်း ပြောသည်။

မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသူများကိုလည်း တိုက်ရိုက်မဟုတ်သော လမ်းကြောင်းများမှ သတင်းစကား ပေးပို့ထားကြောင်းလည်း ဘရူနိုင်းသံတမန်က ပြောသည်။

Crd. .Ayeyarwaddy Burmese

———

၎ လ အပစ်ရပ်ရေး အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို

စက်တင်ဘာ..၅ရက်



