Local News

ရန်ကုန် မောင်းမကန်လမ်းတွင် လူမဲ့ သပိတ် လာရှင်းစဉ် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား

ရန္ကုန္ ေမာင္းမကန္လမ္းတြင္ လူမဲ့ သပိတ္ လာရွင္းစဥ္ ေပါက္ကြဲမွု ႏွစ္ၾကိမ္ျဖစ္ပြား

ရန္ကုန္၊ ေတာင္ဒဂုံ ေမာင္းမကန္လမ္းတြင္ လူမဲ့သပိတ္ကို စစ္ေကာင္စီတပ္က လာရွင္းစဥ္ ဗုံး ၂ ႀကိမ္ေပါက္၊ စစ္ကားထိ

ရန္ကုန္၊ စက္တင္ဘာ ၇

ရန္ကုန္၊ ေတာင္ဒဂုံ၊ ေမာင္းမကန္လမ္းတြင္ စစ္အာဏာရွင္ဆန႔္က်င္ေရး လူမဲ့ သပိတ္ ျပဳလုပ္ထားစဥ္ ယေန႔ မြန္းလြဲပိုင္းက အၾကမ္းဖက္ စစ္ေကာင္စီတပ္မ်ား ေရာက္ရွိရွင္းလင္းရာဗုံး ၂ ႀကိမ္ ေပါက္ကြဲသြားေၾကာင္း သိရွိရသည္။

ေမာင္းမကန္လမ္းတြင္ ယေန႔ မြန္းလြဲ ၁ နာရီ ၄၀ မိနစ္တြင္လည္းေကာင္း၊ မြန္းလြဲ ၁ နာရီ ၄၈ မိနစ္တြင္လည္းေကာင္း ဗုံး ၂ ႀကိမ္ေပါက္ကြဲၿပီး စစ္ေကာင္စီကားတခ်ိဳ႕ ထိခိုက္သြားသည္ဟု သိရွိရသည္။

“ျဖစ္တာက သည္လို အဲ့နားမွာ လူမဲ့သပိတ္ရွိတယ္။ အဲ့ဒါကို စစ္ကားေတြက လာဖ်က္တာ။ ပထမတစ္ႀကိမ္ အဲ့ကေန ေပါက္တယ္။

ေနာက္ေတာ့ စစ္သားေတြ ေဖာကားနဲ႔ပါ ေရာက္လာတာ။ ေနာက္တစ္ႀကိမ္ ထပ္ေဖာက္ေတာ့ အဲ့ကားကိုပါ သြားထိတယ္ထင္တယ္။

စစ္ကားနဲ႔ေတာ္ေတာ္နီးတယ္ ဗုံးေပါက္တဲ့ေနရာက ” ဟု ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

Khit thit Media

Unicode

ရန်ကုန် မောင်းမကန်လမ်းတွင် လူမဲ့ သပိတ် လာရှင်းစဉ် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား

ရန်ကုန်၊ တောင်ဒဂုံ မောင်းမကန်လမ်းတွင် လူမဲ့သပိတ်ကို စစ်ကောင်စီတပ်က လာရှင်းစဉ် ဗုံး ၂ ကြိမ်ပေါက်၊ စစ်ကားထိ

ရန်ကုန်၊ စက်တင်ဘာ ၇

ရန်ကုန်၊ တောင်ဒဂုံ၊ မောင်းမကန်လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့ သပိတ် ပြုလုပ်ထားစဉ် ယနေ့ မွန်းလွဲပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်များ ရောက်ရှိရှင်းလင်းရာဗုံး ၂ ကြိမ် ပေါက်ကွဲသွားကြောင်း သိရှိရသည်။

မောင်းမကန်လမ်းတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင်လည်းကောင်း၊ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်တွင်လည်းကောင်း ဗုံး ၂ ကြိမ်ပေါက်ကွဲပြီး စစ်ကောင်စီကားတချို့ ထိခိုက်သွားသည်ဟု သိရှိရသည်။

“ဖြစ်တာက သည်လို အဲ့နားမှာ လူမဲ့သပိတ်ရှိတယ်။ အဲ့ဒါကို စစ်ကားတွေက လာဖျက်တာ။ ပထမတစ်ကြိမ် အဲ့ကနေ ပေါက်တယ်။

နောက်တော့ စစ်သားတွေ ဖောကားနဲ့ပါ ရောက်လာတာ။

နောက်တစ်ကြိမ် ထပ်ဖောက်တော့ အဲ့ကားကိုပါ သွားထိတယ်ထင်တယ်။

စစ်ကားနဲ့တော်တော်နီးတယ် ဗုံးပေါက်တဲ့နေရာက ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Khit thit Media