အာဏာသိမ်း စစ်ကောင်စီခန့် မန္တလေး ဒုမြို့တော်ဝန် ဦးနှောက်သွေးကြောပေါက် သေဆုံး
မန္တလေး၊ စက်တင်ဘာ ၈
အာဏာသိမ်း စစ်ကောင်စီခန့် မန္တလေးမြို့ ဒုတိယမြို့တော်ဝန် အဖြစ်ခန့်အပ် တာဝန်ပေးခဲ့သည့် ဦးစောဟန်သည် မင်္ဂလာဆေးရုံ၌ ဦးနှောက်သွေးကြောပေါက်၍ စက်တင်ဘာ ၈ရက်၊နံနက် ၆နာရီခန့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဦးစောဟန် သည် ပြီးခဲ့သည့် ရက်ပိုင်းက ဦးနှောက်သွေးကြောပေါက်ခဲ့သောကြောင့် မင်္ဂလာဆေးရုံ၌ ဆေးဝါးကုသမှုခံယူခဲ့ပြီး စက်တင်ဘာရက်၇ရက်က ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဦးစောဟန်သည် NLD အစိုးရလက်ထက် ၂၀၁၅ခုနှစ်မှ၂၀၂၀အထိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် တဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလိုပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင်တစ်ဦးလည်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီက ဦးစောဟန်ကို မန္တလေးမြို့၊ ဒုတိယမြို့တော်ဝန် အဖြစ် ဖေဖေါ်ဝါရီလ ၁၁ ရက် တွင် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
ဦးစောဟန် မသေဆုံးခင်တွင်လည်း ၎င်းနေထိုင်သည့် နေအိမ် ဗုံးပစ်ခံခဲ့ရသေးသည်။
လက်ရှိတွင် နားရေးကို ၎င်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်၊၅၄လမ်းနှင့်၅၅လမ်း၊အေးသုခလမ်းတွင် ပြင်ဆင်ထားကြောင်းသိရသည်။
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Copyright All
အာဏာသိမ်း စစ်ကောင်စီခန့် မန္တလေး ဒုမြို့တော်ဝန် ဉီးနှောက်သွေးကြောပေါက် သေဆုံး
မန္တလေး၊ စက်တင်ဘာ ၈

အာဏာသိမ်း စစ်ကောင်စီခန့် မန္တလေးမြို့ ဒုတိယမြို့တော်ဝန် အဖြစ်ခန့်အပ် တာဝန်ပေးခဲ့သည့် ဉီးစောဟန်သည် မင်္ဂလာဆေးရုံ၌ ဉီးနှောက်သွေးကြောပေါက်၍ စက်တင်ဘာ ၈ရက်၊နံနက် ၆နာရီခန့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဉီးစောဟန် သည် ပြီးခဲ့သည့် ရက်ပိုင်းက ဉီးနှောက်သွေးကြောပေါက်ခဲ့သောကြောင့် မင်္ဂလာဆေးရုံ၌ ဆေးဝါးကုသမှုခံယူခဲ့ပြီး စက်တင်ဘာရက်၇ရက်က ခွဲစိတ်ကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဉီးစောဟန်သည် NLD အစိုးရလက်ထက် ၂၀၁၅ခုနှစ်မှ၂၀၂၀အထိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် တဉီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလိုပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင်တစ်ဉီးလည်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီက ဉီးစောဟန်ကို မန္တလေးမြို့၊ ဒုတိယမြို့တော်ဝန် အဖြစ် ဖေဖေါ်ဝါရီလ ၁၁ ရက် တွင် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ဉီးစောဟန် မသေဆုံးခင်တွင်လည်း ၄နေထိုင်သည့် နေအိမ် ဗုံးပစ်ခံခဲ့ရသေးသည်။
လက်ရှိတွင် နားရေးကို ၄နေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်၊၅၄လမ်းနှင့်၅၅လမ်း၊အေးသုခလမ်းတွင် ပြင်ဆင်ထားကြောင်းသိရသည်။
Copyright All