Local News

စစ်ကောင်စီကြေညာချက်ကြောင့် လှုပ်ရှားမှုတွေရပ်မှာ မဟုတ်ကြောင်း တော်လှန်ရေးအင်အားစုတွေ ပြော

နေအိမ်၊ တိုက်ခန်းတွေမှာ ဧည့်စာရင်းမတိုင်ဘဲ ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုကျူးလွန်ရင် အဲဒီ နေအိမ်၊ တိုက်ခန်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းမှာဖြစ်သလို စစ်ဆေးပေါ်ပေါက်ရင်လည်း နိုင်ငံပိုင်အဖြစ် သိမ်းယူသွားမယ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့ မနေ့က ကြေညာပါတယ်။

ဒီလိုဖြစ်ရပ်အတွက် နေအိမ်၊ တိုက်ခန်းပိုင်ရှင်မှာလည်း တာဝန်ရှိတာဖြစ်လို့ သက်ဆိုင်ရာဥပဒေနဲ့ အရေးယူမယ်လို့လည်း ဆိုပါတယ်။ဒါဟာ ဇွန်လ ၈ ရက်နေ့က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွေးစုအနောက်ကျေးရွာက နေအိမ်တစ်ခုမှာ လက်နက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်ရမိတာ၊




မန္တလေးမြို့ပေါ်မှာ ဇွန် ၂၂ ရက်က အမည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခန်းတစ်ခုကနေ တိုက်ခိုက်ခဲ့တာ၊ ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ဩဂုတ်လ ၄ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးတာတို့ကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ဒါဟာ စစ်ကောင်စီဟာ မြို့ပြတိုက်ပွဲတွေ အရှိန်ပိုမြင့်လာမယ့်အပေါ် ခြိမ်းခြောက်လိုက်တာ တစ်ခုလို့ မြင်ပါတယ်။

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတစ်ဦးကလည်း စစ်ကောင်စီရဲ့ဒီထုတ်ပြန်ချက်က ပြည်သူတွေကို ကြောက်လန့်အောင် ခြိမ်းခြောက်တာဖြစ်သလို တော်လှန်ရေးအင်အားစုတွေအနေနဲ့ကလည်း သူတို့ရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။




တကသ ကျောင်းသားဟောင်းများအင်အားစုက ကိုဇေယျာလွင်ကလည်း တော်လှန်ရေးအင်အားစုတွေကို ပြည်သူတွေက မကူညီနိုင်အောင် ခြောက်လှန့်တာဖြစ်ပေမယ့် ပြည်သူတွေအနေနဲ့က စစ်အာဏာရှင်တော်လှန်ရေးမှာ တထောင့်တစ်နေရာက ကူညီလိုစိတ်ရှိနေတာကြောင့် ဘယ်လိုပဲ သူတို့ကို ကြောက်အောင် ခြောက်လှန့်ခြောက်လှန့် မကြောက်မရွံ့ဘဲ အာဏာရှင်တော်လှန်ရေးကို ဆက်ပြီး အကူညီပေးနေမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

စစ်ကောင်စီရဲ့ မနေ့က ကြေညာချက်မှာ နေအိမ်၊ တိုက်ခန်းငှားရမ်းနေထိုင်သူတွေဟာ ဧည့်စာရင်းတိုင်ဖို့လိုသလို အိမ်ရှင်တွေဘက်ကလည်း သံသယရှိရင် အချိန်မီသတင်းပို့ပြီး ပူးပေါင်းပါဝင်ဖို့ လိုကြောင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။




ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ တိုက်ခန်းဌားရမ်းနေထိုင်သူတစ်ဦးတော့ စစ်ကောင်စီက ဧည့်စာရင်းတိုင်ဖို့ ဖိအားပေးနေတာလို့ ယူဆတာကြောင့် လက်ခံမှာမဟုတ်ဘူးလို့ RFA ကိုပြောပါတယ်။

———–

ေနအိမ္၊ တိုက္ခန္းေတြမွာ ဧည့္စာရင္းမတိုင္ဘဲ ငွားရမ္းေနထိုင္ၿပီး အၾကမ္းဖက္မႈက်ဴးလြန္ရင္ အဲဒီ ေနအိမ္၊ တိုက္ခန္းေတြကို သက္ေသခံအျဖစ္ သိမ္းဆည္းမွာျဖစ္သလို စစ္ေဆးေပၚေပါက္ရင္လည္း ႏိုင္ငံပိုင္အျဖစ္ သိမ္းယူသြားမယ္လို႔ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕က စက္တင္ဘာလ ၉ ရက္ေန႔ မေန႔က ေၾကညာပါတယ္။




ဒီလိုျဖစ္ရပ္အတြက္ ေနအိမ္၊ တိုက္ခန္းပိုင္ရွင္မွာလည္း တာဝန္ရွိတာျဖစ္လို႔ သက္ဆိုင္ရာဥပေဒနဲ႔ အေရးယူမယ္လို႔လည္း ဆိုပါတယ္။ဒါဟာ ဇြန္လ ၈ ရက္ေန႔က မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေ႐ြးစုအေနာက္ေက်း႐ြာက ေနအိမ္တစ္ခုမွာ လက္နက္နဲ႔ က်ည္ဆန္ေတြ သိမ္းဆည္ရမိတာ၊

မႏၲေလးၿမိဳ႕ေပၚမွာ ဇြန္ ၂၂ ရက္က အမည္မသိလက္နက္ကိုင္အဖြဲ႕က တိုက္ခန္းတစ္ခုကေန တိုက္ခိုက္ခဲ့တာ၊ ရန္ကုန္ၿမိဳ႕ပတ္ရထားေပၚမွာ ဩဂုတ္လ ၄ ရက္ေန႔က ရဲတပ္ဖြဲ႕ဝင္ ၅ ေယာက္ေသဆုံးတာတို႔ေၾကာင့္ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

စစ္ေရးႏိုင္ငံေရးေလ့လာသူ ဦးသန္းစိုးႏိုင္က ဒါဟာ စစ္ေကာင္စီဟာ ၿမိဳ႕ျပတိုက္ပြဲေတြ အရွိန္ပိုျမင့္လာမယ့္အေပၚ ၿခိမ္းေျခာက္လိုက္တာ တစ္ခုလို႔ ျမင္ပါတယ္။




မႏၲေလးၿမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားသူတစ္ဦးကလည္း စစ္ေကာင္စီရဲ႕ဒီထုတ္ျပန္ခ်က္က ျပည္သူေတြကို ေၾကာက္လန႔္ေအာင္ ၿခိမ္းေျခာက္တာျဖစ္သလို ေတာ္လွန္ေရးအင္အားစုေတြအေနနဲ႔ကလည္း သူတို႔ရဲ႕လႈပ္ရွားမႈေတြ ရပ္တန႔္သြားမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

တကသ ေက်ာင္းသားေဟာင္းမ်ားအင္အားစုက ကိုေဇယ်ာလြင္ကလည္း ေတာ္လွန္ေရးအင္အားစုေတြကို ျပည္သူေတြက မကူညီႏိုင္ေအာင္ ေျခာက္လွန႔္တာျဖစ္ေပမယ့္ ျပည္သူေတြအေနနဲ႔က စစ္အာဏာရွင္ေတာ္လွန္ေရးမွာ တေထာင့္တစ္ေနရာက ကူညီလိုစိတ္ရွိေနတာေၾကာင့္ ဘယ္လိုပဲ သူတို႔ကို ေၾကာက္ေအာင္ ေျခာက္လွန႔္ေျခာက္လွန႔္ မေၾကာက္မ႐ြံ႕ဘဲ အာဏာရွင္ေတာ္လွန္ေရးကို ဆက္ၿပီး အကူညီေပးေနမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။




စစ္ေကာင္စီရဲ႕ မေန႔က ေၾကညာခ်က္မွာ ေနအိမ္၊ တိုက္ခန္းငွားရမ္းေနထိုင္သူေတြဟာ ဧည့္စာရင္းတိုင္ဖို႔လိုသလို အိမ္ရွင္ေတြဘက္ကလည္း သံသယရွိရင္ အခ်ိန္မီသတင္းပို႔ၿပီး ပူးေပါင္းပါဝင္ဖို႔ လိုေၾကာင္းထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ရန္ကုန္ၿမိဳ႕က အမည္မေဖာ္လိုတဲ့ တိုက္ခန္းဌားရမ္းေနထိုင္သူတစ္ဦးေတာ့ စစ္ေကာင္စီက ဧည့္စာရင္းတိုင္ဖို႔ ဖိအားေပးေနတာလို႔ ယူဆတာေၾကာင့္ လက္ခံမွာမဟုတ္ဘူးလို႔ RFA ကိုေျပာပါတယ္။