Local News

ပုသိမ်တက္ကသိုလ်တွင် စစ်ကောင်စီတပ်စွဲထားစဉ် ၉၆သိန်းကျော် တန်ဖိုးရှိ ကျောင်းပိုင်ပစ္စည်းများ ဖြုတ်ခိုးခံရ

ပုသိမ်တက္ကသိုလ်တွင် စစ်ကောင်စီတပ်စွဲထားစဉ် ၉၆သိန်းကျော် တန်ဖိုးရှိသည့် ကျောင်းပိုင်ပစ္စည်းများ ဖြုတ်ခိုးခံရ

ဧရာဝတီတိုင်း ပုသိမ်တက္ကသိုလ်ဝန်းအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားစဉ် စာသင်ဆောင်များတွင် တပ်ဆင်ထားသည့် ဝါယာနှင့် ကေဘယ်လ်ကြိုး တန်ဘိုးငွေ ၉၆သိန်းကျော် ဖြုတ်ခိုးခံလိုက်ရကြောင်း သိရသည်။




ဩဂုတ်လ ၁၃ရက်နေ့တွင် တက္ကသိုလ်ဝင်းအတွင်းရှိ ပိတောက်ရွှေဝါ သုံးထပ်ဆောင် တံခါးသော့ အဖျက်ခံထားရသည်ကို ကျောင်းလုပ်သားမှူးတဦးမှ သတိထားမိရာက ဝင်ရောက်စစ်ဆေးကြည့်ရာ ပစ္စည်းများပျောက်နေခြင်းဖြစ်သည်။

အဆိုပါ အဆောင်၏ အဆောင်သုံးထပ်လုံးတွင် တပ်ဆင်ထားသည့် ဝါယာနှင့်ကေဘယ်လ်၊ PVCလိုင်းများ၊ မြေစိုက်ကြိုး၊ မိုးကြိုးလွှဲနှင့် ရေစုတ်စက်နှစ်လုံး စုစုပေါင်းတန်ဖိုး ၉၆သိန်းကျော်ဖိုး ခိုးယူခံခဲ့ရသည်ကို အမှုဖွင့်ထားကြောင်းသိရသည်။





“အပြင်လူဝင်ဖို့မရဲတဲ့ ကျောင်းဝန်းထဲမှာ တပ်ထားတဲ့ ပစ္စည်းတွေကို ဖြုတ်ခိုးခံရတယ်၊ ဖြုတ်ခိုးခံရတော့ နည်းနည်းလေးလည်းမဟုတ်လွယ်ကူတဲ့ပစ္စည်းတွေလဲ မဟုတ် သုံးထပ်ဆောင်တစ်ခုလုံး ဖြုတ်ပြီး မသွားတာဆိုတော့ ဘယ်သူ့လက်ချက်လဲဆိုတာ မှန်းကြည့်ရတာ လွယ်ပါတယ်ဗျာ၊ ဓားမြသူခိုးကို ကျောင်းထဲခေါ်ထည့်ထားတဲ့ကောင်တွေမှာပဲ တာဝန်ရှိတယ်”ဟု ပုသိမ်တက္ကသိုလ်က ကျောင်းသားတစ်ဦးမှ ပြောသည်။

ယခုကဲ့သို့ ပျောက်ဆုံးမှုအပြီး ဧရာဝတီတိုင်း အခြေခံပညာဦးစီးဌာနက ကျောင်းများတွင် ကျောင်းပိတ်ရက်အတွင်း ပစ္စည်းများ ပျောက်ဆုံးမှုမရှိစေရန် လုံခြုံရေးချထားရန် ပညာရေးဌာနမှ အကြောင်းကြားစာများကို စက်တင်ဘာလဆန်းပိုင်းတွင် ပေးပို့ခဲ့ကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။




Source – Mizzima

———-

ပုသိမ္တကၠသိုလ္တြင္ စစ္ေကာင္စီတပ္စြဲထားစဥ္ ၉၆သိန္းေက်ာ္ တန္ဖိုးရွိသည့္ ေက်ာင္းပိုင္ပစၥည္းမ်ား ျဖဳတ္ခိုးခံရ

ဧရာဝတီတိုင္း ပုသိမ္တကၠသိုလ္ဝန္းအတြင္း၌ စစ္ေကာင္စီတပ္ဖြဲ႕ တပ္စြဲထားစဥ္ စာသင္ေဆာင္မ်ားတြင္ တပ္ဆင္ထားသည့္ ဝါယာႏွင့္ ေကဘယ္လ္ႀကိဳး တန္ဘိုးေငြ ၉၆သိန္းေက်ာ္ ျဖဳတ္ခိုးခံလိုက္ရေၾကာင္း သိရသည္။

ဩဂုတ္လ ၁၃ရက္ေန႔တြင္ တကၠသိုလ္ဝင္းအတြင္းရွိ ပိေတာက္ေ႐ႊဝါ သုံးထပ္ေဆာင္ တံခါးေသာ့ အဖ်က္ခံထားရသည္ကို ေက်ာင္းလုပ္သားမႉးတဦးမွ သတိထားမိရာက ဝင္ေရာက္စစ္ေဆးၾကည့္ရာ ပစၥည္းမ်ားေပ်ာက္ေနျခင္းျဖစ္သည္။




အဆိုပါ အေဆာင္၏ အေဆာင္သုံးထပ္လုံးတြင္ တပ္ဆင္ထားသည့္ ဝါယာႏွင့္ေကဘယ္လ္၊ PVCလိုင္းမ်ား၊ ေျမစိုက္ႀကိဳး၊ မိုးႀကိဳးလႊဲႏွင့္ ေရစုတ္စက္ႏွစ္လုံး စုစုေပါင္းတန္ဖိုး ၉၆သိန္းေက်ာ္ဖိုး ခိုးယူခံခဲ့ရသည္ကို အမႈဖြင့္ထားေၾကာင္းသိရသည္။

“အျပင္လူဝင္ဖို႔မရဲတဲ့ ေက်ာင္းဝန္းထဲမွာ တပ္ထားတဲ့ ပစၥည္းေတြကို ျဖဳတ္ခိုးခံရတယ္၊ ျဖဳတ္ခိုးခံရေတာ့ နည္းနည္းေလးလည္းမဟုတ္လြယ္ကူတဲ့ပစၥည္းေတြလဲ မဟုတ္ သုံးထပ္ေဆာင္တစ္ခုလုံး ျဖဳတ္ၿပီး မသြားတာဆိုေတာ့ ဘယ္သူ႔လက္ခ်က္လဲဆိုတာ မွန္းၾကည့္ရတာ လြယ္ပါတယ္ဗ်ာ၊ ဓားျမသူခိုးကို ေက်ာင္းထဲေခၚထည့္ထားတဲ့ေကာင္ေတြမွာပဲ တာဝန္ရွိတယ္”ဟု ပုသိမ္တကၠသိုလ္က ေက်ာင္းသားတစ္ဦးမွ ေျပာသည္။




ယခုကဲ့သို႔ ေပ်ာက္ဆုံးမႈအၿပီး ဧရာဝတီတိုင္း အေျခခံပညာဦးစီးဌာနက ေက်ာင္းမ်ားတြင္ ေက်ာင္းပိတ္ရက္အတြင္း ပစၥည္းမ်ား ေပ်ာက္ဆုံးမႈမရွိေစရန္ လုံၿခဳံေရးခ်ထားရန္ ပညာေရးဌာနမွ အေၾကာင္းၾကားစာမ်ားကို စက္တင္ဘာလဆန္းပိုင္းတြင္ ေပးပို႔ခဲ့ေၾကာင္း ေက်ာင္းတာဝန္ရွိသူမ်ားထံမွ သိရသည္။

Source – Mizzima