Local News

ဖမ်းဆီး နှိပ်စက်ခံထားရသော်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ကာ ပြသနေသူ နောက်ဆုံးအချိန်ထိ လက်သုံးချောင်းထောင်ပြီး အာဏာရှင်စနစ် ဆန့်ကျင်သွားသူ ပါစကွားလယ်နှင့်ဖီဒေးလယ် (လူငယ်နှစ်ဦးဓာတ်ပုံနှင့်ပတ်သက်၍ အချက်အလက်များ)

ဖမ်းဆီး နှိပ်စက်ခံထားရသော်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ကာ ပြသူနေသူ လူငယ်နှစ်ဦးဓာတ်ပုံနှင့်ပတ်သက်၍ အချက်အလက်များ

ဖမ်းဆီး နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် ဒူးထောက်လျက်အနေအထားဖြင့် ကြိုးတုပ်ဖမ်းဆီးခံရထားသူ လူငယ်နှစ်ဦးမှာ ကရင်နီပြည်နယ် စံပြ ၆မိုင်ဘက်မှ လူငယ်များဖြစ်ကြောင်း ၎င်းတို့ကို သိရှိသူ ကရင်နီဒေသခံတစ်ဦးက အတည်ပြုသည်။




လူငယ် နှစ်ဦး အသက်မှာ ၁၇၊ ၁၈နှစ်အရွယ် ဖီဒေးလယ်နှင့် ပါစကွားလယ်တို့ဖြစ်ပြီး နေရပ်မှာ ၆မိုင်အုပ်စု ကယောပိုင်းမှဖြစ်ကြောင်း ၎င်းတို့နှင့်အတူ အလုပ် လုပ်ကိုင်သူ အဆိုပါဒေသခံက ပြောသည်။

“ရွာအပြင်ဘက်မှာ စစ်ဘေးရှောင်နေတာပါ။ မနက်ကျတော့ ရွာအခြေအနေသိချင်လို့ ရွာထဲ ပြန်လာကြည့်တာပါ။ သူတို့ နှစ်ယောက် စစ်ကြောင်းနဲ့တိုးသွားပြီး အဖမ်းခံရတာပါ” ဟု ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့ ၂ရက် (စက်တင်ဘာ ၉ရက်)က အဖမ်းခံရတာပါ။ ဖမ်းသွားတာတော့ ၁၀၂တပ်ကဗျ။ ဒီဓာတ်ပုံ ဘယ်လိုထွက်လာသလဲ ကျွန်တော်လည်း အဲဒါစဉ်းစားနေတာ” ဟု ၎င်းက ထပ်မံပြောကြားသည်။




“(ဓာတ်ပုံထဲက လူငယ်နှစ်ဦး)သူတို့က ကရင်နီပြည်က စံပြ ၆မိုင်က လူငယ်တွေပါ။ အတည်ပြုနိုင်ပါတယ်” ဟု ကရင်နီတပ်မတော်မှ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောဆိုသည်။

၎င်းတို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမဟုတ်ဘဲ သာမန်အရပ်သားလူငယ်များသာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လူငယ်တစ်ဦး၏ ဆွေးမျိုးတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် အတည်ပြု ဖော်ပြသည်။





ဓာတ်ပုံတွင် အင်္ကျီအနီရောင်ဝတ်ဆင်ထားသူ- ပါစကွားလယ်ဓာတ်ပုံတွင် အင်္ကျီအပြာရောင် လက်တိုဝတ်ထားသူ – ဖီဒေးလယ်

Source – RiSE_News

———— 

ဖမ္းဆီး ႏွိပ္စက္ခံထားရေသာ္လည္း စစ္အာဏာရွင္စနစ္ဆန႔္က်င္ေၾကာင္း လက္သုံးေခ်ာင္းေထာင္ကာ ျပသူေနသူ လူငယ္ႏွစ္ဦးဓာတ္ပုံႏွင့္ပတ္သက္၍ အခ်က္အလက္မ်ား

ဖမ္းဆီး ႏွိပ္စက္ခံထားရသည့္ ဒဏ္ရာမ်ားျဖင့္ ဒူးေထာက္လ်က္အေနအထားျဖင့္ ႀကိဳးတုပ္ဖမ္းဆီးခံရထားသူ လူငယ္ႏွစ္ဦးမွာ ကရင္နီျပည္နယ္ စံျပ ၆မိုင္ဘက္မွ လူငယ္မ်ားျဖစ္ေၾကာင္း ၎တို႔ကို သိရွိသူ ကရင္နီေဒသခံတစ္ဦးက အတည္ျပဳသည္။




လူငယ္ ႏွစ္ဦး အသက္မွာ ၁၇၊ ၁၈ႏွစ္အ႐ြယ္ ဖီေဒးလယ္ႏွင့္ ပါစကြားလယ္တို႔ျဖစ္ၿပီး ေနရပ္မွာ ၆မိုင္အုပ္စု ကေယာပိုင္းမွျဖစ္ေၾကာင္း ၎တို႔ႏွင့္အတူ အလုပ္ လုပ္ကိုင္သူ အဆိုပါေဒသခံက ေျပာသည္။

“႐ြာအျပင္ဘက္မွာ စစ္ေဘးေရွာင္ေနတာပါ။ မနက္က်ေတာ့ ႐ြာအေျခအေနသိခ်င္လို႔ ႐ြာထဲ ျပန္လာၾကည့္တာပါ။ သူတို႔ ႏွစ္ေယာက္ စစ္ေၾကာင္းနဲ႔တိုးသြားၿပီး အဖမ္းခံရတာပါ” ဟု ၎က ေျပာသည္။

“ၿပီးခဲ့တဲ့ ၂ရက္ (စက္တင္ဘာ ၉ရက္)က အဖမ္းခံရတာပါ။ ဖမ္းသြားတာေတာ့ ၁၀၂တပ္ကဗ်။ ဒီဓာတ္ပုံ ဘယ္လိုထြက္လာသလဲ ကြၽန္ေတာ္လည္း အဲဒါစဥ္းစားေနတာ” ဟု ၎က ထပ္မံေျပာၾကားသည္။




“(ဓာတ္ပုံထဲက လူငယ္ႏွစ္ဦး)သူတို႔က ကရင္နီျပည္က စံျပ ၆မိုင္က လူငယ္ေတြပါ။ အတည္ျပဳႏိုင္ပါတယ္” ဟု ကရင္နီတပ္မေတာ္မွ သတင္းရင္းျမစ္တစ္ဦးကလည္း ေျပာဆိုသည္။

၎တို႔သည္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားမဟုတ္ဘဲ သာမန္အရပ္သားလူငယ္မ်ားသာျဖစ္ၿပီး အၾကမ္းဖက္စစ္တပ္က သတ္ျဖတ္လိုက္ၿပီျဖစ္ေၾကာင္း လူငယ္တစ္ဦး၏ ေဆြးမ်ိဳးတစ္ဦးက ၎၏ လူမႈကြန္ရက္တြင္ အတည္ျပဳ ေဖာ္ျပသည္။

ဓာတ္ပုံတြင္ အက်ႌအနီေရာင္ဝတ္ဆင္ထားသူ- ပါစကြားလယ္ဓာတ္ပုံတြင္ အက်ႌအျပာေရာင္ လက္တိုဝတ္ထားသူ – ဖီေဒးလယ္


Source – RiSE_News