Local News

ယာဉ်ထိမ်းရဲတွေ တာဝါတိုင်ထိမ်းရမည် … စကစ က ညွှန်ကြား

Mytel နဲ့ MPT တာဝါတိုင်တွေကို လုံခြုံရေးယူဖို့ အောက်ခြေတပ်တွေကို အာဏာသိမ်းစကစ က ညွှန်ကြား-

ယာဉ်ထိမ်းရဲတွေ တာဝါတိုင်ထိမ်းရမည်

၁၀ စက်တင်ဘာ ၂၀၂၁

တယ်လီဖုန်းတာဝါတိုင် (၃၆) ခု ဖျက်ဆီးခံခဲ့ရတဲ့အတွက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေကို စကစ ခေါင်းဆောင် မအလ က သတိပေးစာတွေပေးပို့ထားတယ်လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ အရာရှိတဦးကပြောပါတယ်။





ဖျက်ဆီးခံခဲ့ရရင် သက်ဆိုင်ရာ နယ်မြေခံအာဏာပိုင်တွေကို အရေးယူမှာဖြစ်သလို သက်ဆိုင်ရာမြို့နယ်က ပြန်လည်တည်ဆောက်ဖို့ တာဝန်ယူရမယ်ဆိုပါတယ်။ ပဲခူး ရန်ကုန်နဲ့ မန္တလေးက ယာဉ်ထိမ်းရဲတပ်ဖွဲ့ဝင် (၃) ရာနီးပါးကို တာဝါတိုင်တွေလုံခြုံရေးတာဝန်ယူခိုင်းဖို့ ပြောင်းရွေ့မိန့်ထုတ်ပြန်ထားတယ်ပြောပါတယ်။

တာဝါတိုင်တွေထောင်ဂဏန်းရှိတဲ့အနက်က စစ်ကိုင်းတိုင်း ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်က တာဝါတိုင်တွေကို အရင်ဦးစားပေးစောင့်ရမယ်ဆိုပါတယ်။ အထူးသဖြသ့် MPT နဲ့ Mytel တာဝါတိုင်တွေကို စောင့်ကြည့်ကာကွယ်ပေးရမှာလို့ပြောပါတယ်။





အထက်လူကြီးကို မဖါးနိုင်တဲ့ ယာဉ်ထိမ်းရဲတွေကတော့ ယာဉ်အစား တာဝါတိုင်တွေသွားထိမ်းရမဲ့ကိန်းဆိုက်နေပြီလို့လည်း အဆိုပါ ရဲအရာရှိကပြောပါတယ်။

(ဗီဒီယို-ကလေးဝမြို့နယ်ထဲက Mytel တာဝါတိုင်ပြိုလဲကျတာကို ဒေသခံတွေက စိတ်မကောင်းစွာကြည့်ပြီး ပျော်ရွှင်မြူးတူး ခုန်ပေါက်ပြီး မအလ မင်းအောင်လှိုင်လို့ ဆဲဆိုနေတာတွေ့ရမှာဖြစ်ပါတယ်)

———-

Mytel နဲ႔ MPT တာဝါတိုင္ေတြကို လုံၿခဳံေရးယူဖို႔ ေအာက္ေျခတပ္ေတြကို အာဏာသိမ္းစကစ က ၫႊန္ၾကား-





ယာဥ္ထိမ္းရဲေတြ တာဝါတိုင္ထိမ္းရမည္

၁၀ စက္တင္ဘာ ၂၀၂၁

တယ္လီဖုန္းတာဝါတိုင္ (၃၆) ခု ဖ်က္ဆီးခံခဲ့ရတဲ့အတြက္ နယ္ေျမခံတပ္ရင္းတပ္ဖြဲ႕ေတြကို စကစ ေခါင္းေဆာင္ မအလ က သတိေပးစာေတြေပးပို႔ထားတယ္လို႔ စစ္ကိုင္းတိုင္းရဲတပ္ဖြဲ႕ အရာရွိတဦးကေျပာပါတယ္။

ဖ်က္ဆီးခံခဲ့ရရင္ သက္ဆိုင္ရာ နယ္ေျမခံအာဏာပိုင္ေတြကို အေရးယူမွာျဖစ္သလို သက္ဆိုင္ရာၿမိဳ႕နယ္က ျပန္လည္တည္ေဆာက္ဖို႔ တာဝန္ယူရမယ္ဆိုပါတယ္။ ပဲခူး ရန္ကုန္နဲ႔ မႏၲေလးက ယာဥ္ထိမ္းရဲတပ္ဖြဲ႕ဝင္ (၃) ရာနီးပါးကို တာဝါတိုင္ေတြလုံၿခဳံေရးတာဝန္ယူခိုင္းဖို႔ ေျပာင္းေ႐ြ႕မိန္႔ထုတ္ျပန္ထားတယ္ေျပာပါတယ္။





တာဝါတိုင္ေတြေထာင္ဂဏန္းရွိတဲ့အနက္က စစ္ကိုင္းတိုင္း ခ်င္းျပည္နယ္ နဲ႔ ရခိုင္ျပည္နယ္က တာဝါတိုင္ေတြကို အရင္ဦးစားေပးေစာင့္ရမယ္ဆိုပါတယ္။ အထူးသျဖသ့္ MPT နဲ႔ Mytel တာဝါတိုင္ေတြကို ေစာင့္ၾကည့္ကာကြယ္ေပးရမွာလို႔ေျပာပါတယ္။

အထက္လူႀကီးကို မဖါးႏိုင္တဲ့ ယာဥ္ထိမ္းရဲေတြကေတာ့ ယာဥ္အစား တာဝါတိုင္ေတြသြားထိမ္းရမဲ့ကိန္းဆိုက္ေနၿပီလို႔လည္း အဆိုပါ ရဲအရာရွိကေျပာပါတယ္။

(ဗီဒီယို-ကေလးဝၿမိဳ႕နယ္ထဲက Mytel တာဝါတိုင္ၿပိဳလဲက်တာကို ေဒသခံေတြက စိတ္မေကာင္းစြာၾကည့္ၿပီး ေပ်ာ္႐ႊင္ျမဴးတူး ခုန္ေပါက္ၿပီး မအလ မင္းေအာင္လႈိင္လို႔ ဆဲဆိုေနတာေတြ႕ရမွာျဖစ္ပါတယ္)