Local News

ဘာ့ကြောင့်အာဏာသိမ်းလိုက်တာလဲဆိုတာလွှတ်တော်အမတ် ဦးဘိုဘိုဦး ထုတ်ဖော်ပြောကြား

ဘာ့ကြောင့်အာဏာသိမ်းလိုက်တာလဲဆိုတာလွှတ်တော်အမတ် ဦးဘိုဘိုဦးထုတ်ဖော်ပြောကြား

၂၀၂၁ ဖေဖဝါရီလ တစ်ရက်နေ့မတိုင်ခင် သုံးရက်အလိုက စစ်ကောင်စီ အကြီးအကဲမင်းအောင်လှိုင်မှ ကိုယ်စားလှယ်လွှတ်ကာ သမ္မတ ရာထူးပေးဖို့လာရောက်တောင်းဆိုသည်ကို NLDရဲ့ငြင်းဆိုမှုကိုခံခံရသဖြင့်အာဏာသိမ်းခဲ့ရခြင်းဖြစ်ကြောင်း လွှတ်တော်အမတ် ဦးဘိုဘိုဦး ဒလမြို့နယ်မဲဆန္ဒ နယ်အမှတ် ၂ ရွေးချယ်ခံကိုယ်စားလှယ်မှမဲခေါင်သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားလိုက်သည်။

” စစ်တပ်ကဘာ့ကြောင့်အာဏာသိမ်းလိုက်တာလဲဆိုတာ ကြည့်လိုက်တော့လဲ စစ်တပ်ကိုဦးဆောင်နေတဲ့ စစ်ကောင်စီဥက္ကဌရဲ့ အာဏာရူးသွပ်မှုတစ်ခုထဲကြောင့်သာလျှင် ဖြစ်တယ်ဗျ။ သူကသမ္မတပေးပါဆိုပြီးတော့ ဒီဖေဖော်ဝါရီ၁ရက်နေ့မတိုင်ခင် ၃ရက်အလိုမှာ လာတောင်းတာလေ။




သမ္မတသူ့ကိုခန့်ပါတဲ့။ သမ္မတခန့်ပေးပါတဲ့ မခန့်ပေးဘူး မခန့်နိုင်ဘူး သဘောမတူတော့ဘူးဆိုမှ ဟိုဟာပြော ဒီဟာပြော။ ဒီဟာပြော ဟိုဟာပြောနဲ့ ဖြစ်လာတာဗျ။ အဲ့လိုအနေအထားတွေရှိတယ်။ သူတစ်ဦးရဲ့ အာဏာရူးသွပ်မှုနဲ့ ကျွန်တော်တို့တိုင်းပြည်က ရေစုန်မျောနေရတာကို စိတ်မကောင်းဖြစ်နေရတာပေါ့ဗျာ။ သူ့နောက်ကိုမလိုက်သင့်ဘူးဗျာ။ သူ့တပ်ကလူတွေကလဲလေ မျက်လုံးစုံမှိတ်ပြီးမလိုက်သင့်ဘူးဗျာ။”

ဦးဘိုဘိုဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ထွေထွေရွေးကောက်ပွဲတွင် ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂ ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံပွဲအား NLD တက်ရောက်ခဲ့ပါသေးတယ်။




၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း မဲမသမာမှုများ ရှိသည်ဟုဆိုကာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင် အားလုံးနီးပါး ကို ဖမ်းဆီးတရားစွဲထားသည့်အပြင် ပါတီကိုလည်း ဖျက်သိမ်းရန် ကြိုးပမ်းလျက်ရှိသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ အနိုင်ရ NLD ပါတီအား ဖျက်သိမ်းရန် ကြိုးပမ်းနေသော်လည်း တရုတ်နိုင်ငံ အနေဖြင့် NLD ဖျက်သိမ်းရေး မလိုလားကြောင်း ဩဂုတ်လ ၁၂ ရက်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းက ပြောခဲ့ကြောင်း သိရသည်။




စကစအကြီးအကဲမင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် အပြစ်မဲ့ပြည်သူ၁၀၆၂ဦးသေဆုံးပြီး ၇၀၀၀ကျော်ဖမ်းဆီးခံနေရဆဲ ဖြစ်ကြောင်း နိင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေကော်မတီ AAPP မှထုတ်ပြန်ထားသည်။

Credit The Life Style Myanmar

———-

ဘာ့ေၾကာင့္အာဏာသိမ္းလိုက္တာလဲဆိုတာလႊတ္ေတာ္အမတ္ ဦးဘိုဘိုဦးထုတ္ေဖာ္ေျပာၾကား

၂၀၂၁ ေဖဖဝါရီလ တစ္ရက္ေန႔မတိုင္ခင္ သုံးရက္အလိုက စစ္ေကာင္စီ အႀကီးအကဲမင္းေအာင္လႈိင္မွ ကိုယ္စားလွယ္လႊတ္ကာ သမၼတ ရာထူးေပးဖို႔လာေရာက္ေတာင္းဆိုသည္ကို NLDရဲ႕ျငင္းဆိုမႈကိုခံခံရသျဖင့္အာဏာသိမ္းခဲ့ရျခင္းျဖစ္ေၾကာင္း လႊတ္ေတာ္အမတ္ ဦးဘိုဘိုဦး ဒလၿမိဳ႕နယ္မဲဆႏၵ နယ္အမွတ္ ၂ ေ႐ြးခ်ယ္ခံကိုယ္စားလွယ္မွမဲေခါင္သတင္းဌာနႏွင့္ အင္တာဗ်ဴးတြင္ေျပာၾကားလိုက္သည္။




” စစ္တပ္ကဘာ့ေၾကာင့္အာဏာသိမ္းလိုက္တာလဲဆိုတာ ၾကည့္လိုက္ေတာ့လဲ စစ္တပ္ကိုဦးေဆာင္ေနတဲ့ စစ္ေကာင္စီဥကၠဌရဲ႕ အာဏာ႐ူးသြပ္မႈတစ္ခုထဲေၾကာင့္သာလွ်င္ ျဖစ္တယ္ဗ်။ သူကသမၼတေပးပါဆိုၿပီးေတာ့ ဒီေဖေဖာ္ဝါရီ၁ရက္ေန႔မတိုင္ခင္ ၃ရက္အလိုမွာ လာေတာင္းတာေလ။

သမၼတသူ႔ကိုခန႔္ပါတဲ့။ သမၼတခန႔္ေပးပါတဲ့ မခန႔္ေပးဘူး မခန႔္ႏိုင္ဘူး သေဘာမတူေတာ့ဘူးဆိုမွ ဟိုဟာေျပာ ဒီဟာေျပာ။ ဒီဟာေျပာ ဟိုဟာေျပာနဲ႔ ျဖစ္လာတာဗ်။ အဲ့လိုအေနအထားေတြရွိတယ္။ သူတစ္ဦးရဲ႕ အာဏာ႐ူးသြပ္မႈနဲ႔ ကြၽန္ေတာ္တို႔တိုင္းျပည္က ေရစုန္ေမ်ာေနရတာကို စိတ္မေကာင္းျဖစ္ေနရတာေပါ့ဗ်ာ။ သူ႔ေနာက္ကိုမလိုက္သင့္ဘူးဗ်ာ။ သူ႔တပ္ကလူေတြကလဲေလ မ်က္လုံးစုံမွိတ္ၿပီးမလိုက္သင့္ဘူးဗ်ာ။”

ဦးဘိုဘိုဦးသည္ ၿပီးခဲ့သည့္ ၂၀၂၀ ျပည့္ႏွစ္ ေထြေထြေ႐ြးေကာက္ပြဲတြင္ ဒလၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္-၂ ၊ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အႏိုင္ရခဲ့သူျဖစ္ၿပီး တ႐ုတ္ကြန္ျမဴနစ္ပါတီႏွင့္ ေတြ႕ဆုံပြဲအား NLD တက္ေရာက္ခဲ့ပါေသးတယ္။




၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ NLD ပါတီအေနျဖင့္ မဲအျပတ္အသတ္ အႏိုင္ရရွိခဲ့ေသာ္လည္း မဲမသမာမႈမ်ား ရွိသည္ဟုဆိုကာ စစ္တပ္က ေဖေဖာ္ဝါရီ ၁ ရက္တြင္ အာဏာသိမ္းခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ပါတီေခါင္းေဆာင္ အားလုံးနီးပါး ကို ဖမ္းဆီးတရားစြဲထားသည့္အျပင္ ပါတီကိုလည္း ဖ်က္သိမ္းရန္ ႀကိဳးပမ္းလ်က္ရွိသည္။

အာဏာသိမ္း စစ္ေကာင္စီအေနျဖင့္ ယခုကဲ့သို႔ အႏိုင္ရ NLD ပါတီအား ဖ်က္သိမ္းရန္ ႀကိဳးပမ္းေနေသာ္လည္း တ႐ုတ္ႏိုင္ငံ အေနျဖင့္ NLD ဖ်က္သိမ္းေရး မလိုလားေၾကာင္း ဩဂုတ္လ ၁၂ ရက္က စစ္ေကာင္စီခန႔္ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္ လြင္ႏွင့္ ေတြ႕ဆုံစဥ္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး မစၥတာ ခ်န္ဟိုင္းက ေျပာခဲ့ေၾကာင္း သိရသည္။




စကစအႀကီးအကဲမင္းေအာင္လႈိင္ အာဏာသိမ္းမႈေၾကာင့္ အျပစ္မဲ့ျပည္သူ၁၀၆၂ဦးေသဆုံးၿပီး ၇၀၀၀ေက်ာ္ဖမ္းဆီးခံေနရဆဲ ျဖစ္ေၾကာင္း နိင္ငံေရးအက်ဥ္းသားမ်ားေစာင့္ေရွာက္ေရေကာ္မတီ AAPP မွထုတ္ျပန္ထားသည္။

Credit The Life Style Myanmar