Local News

D Day ကြေညာဖို့အတွက် NUG က ဘယ်လောက်အထိ စွန့်စားခဲ့ရသလဲ

ဒီမနက် ၁ နာရီခွဲလောက်မှာ PDF ညီလေးတစ်ယောက်က ကျွန်တော့်ဆီစာပို့ပါတယ်။ အစ်ကိုရေ ဒီနေ့ စပြီနော်၊ အစစအရာရာဂရုစိုက်တဲ့။ သူဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်လိုက်တယ်

NUG ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလ D Day ဒီနေ့စပြီဆိုတာကို။ ဝမ်းသာအားရနဲ့ လိုင်းပေါ်ကို ချက်ခြင်း စာတင်လိုက်တယ်ဒါပေမယ့် ၃ မိနစ်အတွင်း ပို့စ်ကို ပြန်ဖျက်လိုက်ပါတယ်။ NUG က တရားဝင်မကြေညာသေးဘဲနဲ့ စည်းကျော်သလိုဖြစ်မှာစိုးတဲ့အတွက်ပါ

မနက် ၃ နာရီခွဲမှ အိပ်ဖြစ်တယ်။ ၁၁ နာရီခွဲမှာ နိုးတယ်။ အင်တာနက်ဖွင့်ကြည့်တဲ့အချိန်မှာ NUG က တရားဝင်ကြေညာထားတဲ့သတင်းကို ဖတ်ရတယ်ထုံးစံအတိုင်း မက်ဆင်ဂျာမှာ စာပို့မေးထားတာတွေ အများကြီးပဲ- ‘ D Day အတွက် ဘာတွေ ပြင်ထားရမလဲ၊ ဘာတွေထူးခြားလာတော့မလဲ’ တဲ့




ထိုသတင်းကို ကမ္ဘာသတင်းဌာနများက breaking news အဖြစ် အလေးပေး ဖေါ်ပြလာခဲ့ကြပါတယ်ပြည်သူ့ကာကွယ်ရေးတပ်NUG အဓိက အားထားနေသည့် စစ်တိုင်းများ ဖြစ်သော စစ်ကိုင်း နှင့် မကွေးတိုင်း ရှိ PDF များသည် စစ်ဖက် ပြစ်မှတ်များ ကို တပြိုင်တည်း စတင် စီးနင်း တိုက်ခိုက်လာခဲ့ကြသည်

မြောက်ပိုင်း နှင့် တောင်ပိုင်း ရှိ စစ်တိုင်းကြီးများကို တာဝန်ယူထားရသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီ ဖြစ်သည်ပြည်ပရှိ လေ့လာ သူများသည် စစ်တပ်၏ အဓိက စိုးရိမ်နေသည့် အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက် ကိုင်များ ဝင်ပြီးမပါပါက အောင်မြင်နိုင်ဖို့ မသေချာဟု ပြောဆို ခန့်မှန်းမှုများ ရှိလာခဲ့သည်

D Day အတွက် ပြင်ဆင်သင့်တာတွေကို မပြောခင်မှာ D Day ကြေညာဖို့အတွက် NUG က ဘယ်လောက်အထိ စွန့်စားမှု(risk) ယူပြီး လုပ်ခဲ့ရလဲ၊ စစ်ကောင်စီက ဘာတွေကြံစည်နေသလဲဆိုတာကို အကျဉ်းချုပ် တင်ပြလိုပါတယ်




အာဆီယံကိုယ်စားလှယ်က ၄ လ အပစ်ရပ်ဖို့ပြောတဲ့သတင်းကို အားလုံးပဲဖတ်မိကြမှာပါ။ အာဆီယံဟာ တရုတ်ဩဇာခံဖြစ်ပြီး စစ်ကောင်စီအကျိုးကိုလိုလားသူ၊ မြန်မာနိုင်ငံတိုးတက်သွားမှာကို မလိုလားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်

ဘာဖြစ်လို့ ၄ လ အပစ်ရပ်ခိုင်းတာလဲဆိုရင် အဖက်ဖက်က အထိအခိုက်အကျဆုံးများနေတဲ့ စစ်ကောင်စီအတွက် အချိန်ယူချင်တာဖြစ်ပါတယ်။ PDF တွေကို နှိမ်နှင်းဖို့နဲ့ တော်လှန်ရေးကို ဖျက်ဆီးဖို့အတွက် အချိန်ဆွဲဗျူဟာကို သုံးချင်တာဖြစ်ပါတယ်

အာဆီယံ အထူး သံတမန် ယူဆွတ်ဘယ်အချက်တွေကို အခြေခံပြောသလဲဆိုရင် စစ်ကောင်စီက ဗဟိုဘဏ်မှာရှိတဲ့ဒေါ်လာတွေကို အကုန်သိမ်းသွားတာရယ်၊ ၄ လ အတွင်း နိုင်ငံခြားပို့ကုန်ကနေရရှိတဲ့ ဒေါ်လာတွေကို ဗဟိုဘဏ်ကနေတစ်ဆင့် စစ်ကောင်စီထံအကုန်အပ်ဖို့ လျှို့ဝှက်အမိန့်ထုတ်ထားလို့ဖြစ်ပါတယ်




စစ်ကောင်စီအနေနဲ့ ဘာဖြစ်လို့ အသည်းအသန် ဒေါ်လာတွေလိုအပ်နေသလဲဆိုရင် လေကြောင်းတိုက်ပွဲအတွက် လေယာဉ်ပစ်ကျည်ဖိုး/ဗုံးဖိုးတွေ လိုအပ်နေလို့ပါတခြား စစ်ပွဲသုံးလက်နက်တွေကို ပြည်တွင်းမှာထုတ်နေပေမယ့် လေယာဉ်နဲ့ပစ်ရတဲ့ဗုံးကိုတော့ နိုင်ငံခြားကနေ ဒေါ်လာနဲ့ဝယ်ယူမှ ရလို့ပါ

စစ်ကောင်စီအတွက် တစ်ခုတည်းသော အားသာချက်ဟာ လေကြောင်းစစ်ပွဲသာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို အကြိမ်ကြိမ်ရှုံးPDF လူငယ်တွေနဲ့တောင် မျက်နှာခြင်းဆိုင် မတိုက်ရဲတဲ့ စစ်တပ်ဟာ သူတို့အနိုင်ကျင့်လို့ရတဲ့ လေကြောင်းစစ်ပွဲနဲ့ အနိုင်ရရေး ကျိတ်ကြံစည်နေတာဖြစ်ပါတယ်

အဲဒါတွေကြောင့် ဒေါ်လာတွေစုပြီး လက်နက်နဲ့ကျည်ဖြည့်၊ ၄ လ အချိန်ယူပြီး PDF နဲ့ EAOs တွေကို အမှုန့်ကြိတ်ဖို့ ကြံစည်နေတာဖြစ်ပါတယ်ပြီးခဲ့တဲ့ မုံကိုးတိုက်ပွဲမှာ လေကြောင်းပစ်ကူ မလုပ်တာကလည်း ဖြစ်နိုင်ချေ (၂)ချက်ပဲ ရှိပါတယ်။ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံရှိနေတော့ သံသမန်တိုက်ပွဲအတွက် ဘီလူးခေါင်းဆောင်းချင်လို့ပါ




စစ်ကောင်စီဟာ သူတို့ကို အသိအမှတ်ပြုလိုပြုငြားဆိုတဲ့ မျှော်လင့်ချက် မလျှော့သေးပါဘူး။ ဒုတိယအချက်က သူတို့မှာ ဘတ်ဂျက်မလုံလောက်မှုပြဿနာနဲ့ ရင်ဆိုင်နေရလို့ ကျည်/ဒေါ်လာ ခြွေတာလိုက်တဲ့ သဘောပါပဲ

NUG အနေနဲ့လည်း လာမယ့်စက်တင်ဘာလ ၁၄ ရက်မှာ UN နဲ့ ကမ္ဘာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး သံတမန်တိုက်ပွဲအောင်မြင်အောင် ကြိုးစားနေရသလို၊ တစ်ဖက်မှာလည်း ပြည်သူလုထုရဲ့ လိုလားချက် D Day အတွက် သေချာပြင်ဆင်နေရတာဖြစ်ပါတယ်D Day မကြေညာလို့လည်း မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ တောထဲမှာ ဒုက္ခရောက်နေတဲ့ လူငယ်တွေ၊ အမှန်တရားအတွက် သွေးဆာနေတဲ့ လူငယ်တွေ

လစာမရလို့ အခက်အခဲဖြစ်နေတဲ့ CDM တွေ၊ ဒုက္ခရောက်နေတဲ့ ပြည်သူ အားလုံးရဲ့ အလိုလားဆုံး ဆန္ဒဟာ D Day ခေါ်၊ မြန်မြန်တိုက်၊ မြန်မြန်အရေးတော်ပုံအောင်ချင်ကြတာဖြစ်ပါတယ်တချို့ဆိုရင် UN တွေ၊ အမေရိကန်တွေ အားမကိုးတော့ဘဲ ပြည်တွင်းအားနဲ့တိုက်မယ်ဆိုပြီးတောင် ဆန္ဒပြင်းနေကြတာဖြစ်ပါတယ်




ဒါပေမယ့် NUG အနေနဲ့က အစိုးရဖြစ်နေတဲ့အတွက် သံတမန်ဆက်ဆံရေးကိုလည်း အထူးဂရုစိုက်ရပါတယ်။ အဲဒါကြောင့် ကြေညာချက်မှာ D Day လို့ မသုံးဘဲ ‘ တိုင်းပြည်အရေးပေါ်အခြေအနေ’ ဆိုပြီး သုံးထားတာဖြစ်ပါတယ်

NUG ၏ ယာယီသမ္မတဖြစ်သူ ဒူဝါလရှီးလD Day အတွက် ပြင်ဆင်သင့်တာတွေကို ပြောရရင် (၂) ချက်ပါပဲ။ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပြီး တော်လှန်ရေးအတွက် လက်ရှိလုပ်နေတာတွေကို ဆက်လုပ်ကြဖို့ပါပဲ။ ဒါပါပဲ

အင်ထရို(နိဒါန်း)က ရှည်နေပြီး လိုရင်းက ဒါပဲလားဆိုပြီး အံ့ဩနိုင်ပါတယ်။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်တယ်ဆိုတာ ကျယ်ပြန့်ပါတယ်။ နားလည်လွယ်အောင် ထပ်ရှင်းပြပါ့မယ်




(၁) D Day ဆိုတာ တစ်နေ့ထဲ တစ်ရက်ထဲ စစ်ကြေညာပြီး တစ်နိုင်ငံလုံး ဖောင်းဒိုင်း ဇွပ်ဇွပ် လုပ်မယ့်ပွဲမဟုတ်ပါဘူး။ အဲ့လိုလုပ်လို့လည်း မရဘူးဘာလို့လဲဆိုတော့ ရန်သူဟာ ‌နေရာအနှံ့မှာ တပ်စွဲထားပြီး လက်နက်အပြည့်နဲ့ ရှိနေတာမို့လို့ပါ။ တိုက်ပွဲဟာ မထင်မှတ်တဲ့အနေအထားကနေ ပြင်းထန်သွားမှာ

အဲဒါကို သေချာသဘောပေါက်ဖို့လိုပါတယ်။ သဘောမပေါက်ရင် D Day ကြေညာပြီး ဘာမှလည်း မထူးဘူး၊ အလကားပဲဆိုတာမျိုး ထင်မှတ်သွားတတ်တယ်။ စိတ်ဓာတ်ကျသွားတတ်ပါတယ်

(၂) လက်ရှိ တစ်နိုင်ငံလုံးဟာ ဒုက္ခရောက်နေတယ်။ တိုက်ပွဲတွေဖြစ်ရင် ပိုပြီး ဒုက္ခရောက်လိမ့်မယ်။ ဒါအမှန်တရားပဲ။ ဒုက္ခကို ရင်ဆိုင်ဖို့သာ ပြင်ထားကြ။ ဒုက္ခသည်အချင်းချင်း ကူညီကြ။ ဖေးမကြ။ စာနာကြပါ

ဘယ်တော့မှ ကိုယ်လွတ်ရုန်းဖို့ စိတ်မကူးနဲ့။ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ ဘေးတွေ့တဲ့အခါ ကူညီမယ့်သူ မရှိတတ်ဘူး။ သူများကို ကူညီတတ်သူဟာ ဒုက္ခရောက်တိုင်း ကူညီမယ့်သူပေါတယ်။ ဒါအမှန်တရားပဲ




ဘာဖြစ်လို့ ဒီအချက်ကို အသေးစိတ်ပြောနေသလဲဆိုရင် တချို့က D Day မစသေးဘူး၊ ခေါင်းထဲမှာ စဉ်းစားတာ ဘယ်လိုပုန်းရမလဲ၊ ဘယ်လိုရှောင်တိမ်းရမလဲဆိုတာပဲ တွေးနေကြလို့ပါ။ အစားအသောက်တွေ အလွန်အမင်းဝယ်စုနေကြတာတွေ ရပ်သင့်ပါပြီ

ဈေးတက်ပြီး လူတွေ ဒုက္ခရောက်တာပဲ အဖတ်တင်ပါတယ်။လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ကလေးတွေကို နည်းနည်းပါးပါး အားနာ‌ပေးကြပါ။ရှက်ကြပါ။ D Day မှာ ငါ ဘယ်လိုပါဝင်ရမလဲဆိုတဲ့စိတ် မွေးကြပါ။ စိတ်ကိုပြင်ခိုင်းတယ်ဆိုတာ အဲဒါကိုဆိုလိုတာပါ

(၃) PDF လူငယ်တွေ အချိန်အခါမရွေး ပုံစံမျိုးစုံနဲ့ ကိုယ့်ဆီကို ရောက်လာလိမ့်မယ်။ ကူညီပေးပါ။ ကာကွယ်ပေးကြပါ။ ရန်သူ(စစ်ကောင်စီတပ်သား) တွေလည်း ရောက်လာကောင်းရောက်လာနိုင်တယ်အခွင့်သာတာနဲ့ ချေမှုန်းဖို့သာ ပြင်ထားကြပါ။ အခုနေတော့ ကြောက်ကောင်းကြောက်နိုင်တယ်။ စိတ်ထဲကနေ တိုင်းပြည်အတွက်ဆိုတာမျိုး အမြဲတမ်းတွေးနေရင်၊ စိတ်ကိုလေ့ကျင့်ထားရင် ရအောင်လုပ်နိုင်ပါလိမ့်မယ်




(၄) လက်ရှိ တော်လှန်ရေးအတွက် လုပ်နေကြတာတွေကို ပုံမှန်အတိုင်း ဆက်လုပ်ပါ။ လှူစရာရှိတာလှူ၊ ကူစရာရှိတာ ကူကြပါဒီအချိန်မှာ လှူတဲ့သူဟာ တကယ့်အထက်တန်းစားစိတ်ဓာတ်၊ မွန်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒုက္ခရောက်နေတဲ့သူ၊ တကယ်လိုအပ်နေသူတွေကို လှူတာမို့ ပိုလည်း အကျိုးရှိပါတယ်။ ကုသိုလ်လည်းပိုရပါတယ်

တော်လှန်ရေးအောင်မြင်သွားရင် လူ သန်း ၅၀ ကျော် ချမ်းသာသုခ ခံစားရမှာပါလား၊ ငါလုပ်သမျှ တိုင်းပြည်အနာဂတ်အတွက်ဖြစ်တယ်ဆိုတဲ့စိတ်၊ စေတနာနဲ့ လုပ်စရာရှိတာတွေဆက်လုပ်၊ လှူစရာရှိတာတွေ ဆက်လှူပေးကြပ

အချင်းချင်း ဖေးမကူညီရင်း….. တိုက်ပွဲအတွက် အားမွေးရင်း ….. အောင်ပွဲအပေါ် ယုံကြည်ရင်း ….. ဆက်လက်‌ချီတက်ကြမယ်

အရေးတော်ပုံမုချအောင်ရမည်