Local News

ဗုံးခွဲတိုက်ခိုက်မှု ၂၃၉၀ ကြိမ်၊ တာဝါတိုင်ဖျက်ဆီးမှု ၆၈ ကြိမ်ခံခဲ့ရဟု စစ်ကောင်စီဝန်ခံ

စစ္တပ္အာဏာသိမ္းယူခဲ့တဲ့ ၂၀၂၁ ေဖေဖာ္ဝါရီလမွစၿပီး စက္တင္ဘာ ၉ ရက္အထိ ျမန္မာနိုင္ငံတဝန္း ဗုံးခြဲတိုက္ခိုက္မႈေပါင္း ၂၃၉၀ ႀကိမ္နဲ႕ ဆက္သြယ္ေရးတာဝါတိုင္ေတြ မီးရွို႔ေဖာက္ခြဲဖ်က္ဆီးမႈေပါင္း ၆၈ ႀကိမ္ခံခဲ့ရတယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ေၾကညာပါတယ္။…

(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)




ဒါ့အျပင္ လက္နက္ငယ္နဲ႕ ပစ္ခတ္တိုက္ခိုက္မႈ ၃၀၄ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး ၇၉၉ ေယာက္ေသဆုံးကာ ၇၂၆ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔လည္း ဒီကေန႕ စက္တင္ ဘာ ၁၂ ရက္ထုတ္ စစ္ေကာင္စီ အာေဘာ္ သတင္းစာေတြမွာ ေဖာ္ျပပါတယ္။…


အစိုးရဌာနဆိုင္ရာ အေဆာက္အဦး မီးရွို႔ေဖာက္ခြဲဖ်က္ဆီးမႈ ၃၈၆ ႀကိမ္၊ စက္႐ုံအလုပ္႐ုံ ေဈးေတြ မီးရွို႔ ေဖာက္ခြဲဖ်က္ဆီးမႈ ၃၁ ႀကိမ္၊ လမ္း၊ တံတားေတြ ေဖာ က္ခြဲဖ်က္ဆီးမႈ ၁၇၂ ႀကိမ္၊ ပညာေရးဆိုင္ရာ အေဆာ က္ အဦေတြ မီးရွို႔ေဖာက္ခြဲဖ်က္ဆီးမႈ ၄၀၆ ႀကိမ္၊ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္းေတြနဲ႕ ကာကြယ္ေဆးထိုးေနရာေတြတိုက္ခိုက္ခံရမႈ ၂၁ ႀကိမ္ ရွိခဲ့တယ္လို႔ ဆိုပါတယ္။…




ဒါ့ေၾကာင့္ ေဖာက္ခြဲဖ်က္ဆီးသူေတြကို ေဖာ္ထုတ္ဖမ္းဆီးရမိေရး သက္ဆိုင္ရာကို လွ်ို႔ဝွက္ သတင္းေပးပို႔ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔လည္း ျပည္သူလူထုကို စစ္ေကာင္စီက ေဆာ္ဩထားပါတယ္။…


စစ္ေကာင္စီျပန္ၾကားေရးသတင္းစာကေဖာ္ျပတဲ့စာရင္းဟာ ျပည္ထဲေရးဌာနရဲ႕ စာရင္းနဲ႕ေတာ့ မတူကြဲျပားမႈရွိေနပါတယ္။…




ျပည္ထဲေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ စိုးတင့္နိုင္ကေတာ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ဩဂုတ္လကုန္အထိ ျမန္ မာနိုင္ငံတဝန္းမွာ မိုင္းေထာင္ေဖာက္ခြဲမႈေပါင္း ၂၃၉၀ ရွိခဲ့ၿပီး ေသဆုံးသူ ၉၃၃ ဦးနဲ႕ ဒဏ္ရာရသူေပါင္း ၁၃၁၂ ဦးရွိတယ္လို႔ စက္တင္ဘာ ၉ ရက္က ရန္ကုန္မွာ ျမန္မာအေျခစိုက္ သံတမန္ေတြကို ေတြ႕ဆုံရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။…




ေဖေဖာ္ဝါရီ ၁ ရက္ေန႕မွာ နိုင္ငံေတာ္အာဏာကို စစ္တပ္က တရားမဝင္သိမ္းယူလိုက္ၿပီး ေနာက္ သန္းေပါင္းမ်ားစြာေသာျပည္သူေတြက ျမန္မာနိုင္ငံတဝန္း ၿငိမ္း ခ်မ္းစြာ ဆန႔္က်င္ဆႏၵျပခဲ့ၾကေပမဲ့ စစ္တပ္က ဆႏၵျပျပည္သူေတြကို အၾကမ္းဖက္ ပစ္ခတ္သတ္ျဖတ္၊ ဖမ္းဆီးေထာင္ခ်၊ ႐ြာေတြကို မီးရွို႔ ျပည္သူပိုင္ပစၥည္း ဥစၥာေတြကို ခိုးဝွက္လုယူတာေတြ ဆက္တိုက္လုပ္ ေဆာင္ေနတာျဖစ္ပါတယ္။ အဆိုပါလုပ္ရပ္ေတြကို မခံနိုင္တဲ့အဆုံး ျပည္သူလူထုက ရရာလက္နက္ စြဲကိုင္ၿပီး အၾကမ္းဖက္စစ္အုပ္စုကို နည္းလမ္းေပါင္းစုံနဲ႕ ေတာ္လွန္ ေနၾကတာျဖစ္ပါတယ္။…





ၿပီးခဲ့တဲ့ စက္တင္ဘာ ၇ ရက္မွာေတာ့ အမ်ိဳးသားညီ ၫြတ္ေရးအစိုးရက အေရးေပၚအေျခအေနေၾကညာကာ နိုင္ငံတဝန္း ခုခံစစ္ေၾကညာၿပီးေနာက္ စစ္တပ္နဲ႕ စစ္ေခါင္းေဆာင္ရဲ႕ မိသားစုစီးပြားေရးအက်ိဳးစီးပြား တိုက္ ရိုက္ဆက္ႏႊယ္ေနတဲ့ Mytel တာဝါတိုင္ေတြကို ပစ္ မွတ္ထားၿပီး ေဒသဆိုင္ရာ ကာကြယ္ေရးတပ္ဖြဲ႕ေတြက ေဖာက္ခြဲမီးရွို႔ဖ်က္ဆီး ေနၾကတာျဖစ္ပါတယ္။…

ယူနီကုဒ်ဖြင့် ဖတ်ရန်

စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှစပြီး စက်တင်ဘာ ၉ ရက်အထိ မြန်မာနိုင်ငံတဝန်း ဗုံးခွဲတိုက်ခိုက်မှုပေါင်း ၂၃၉၀ ကြိမ်နဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ မီးရှို့ဖောက်ခွဲဖျက်ဆီးမှုပေါင်း ၆၈ ကြိမ်ခံခဲ့ရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။…




ဒါ့အပြင် လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃၀၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၇၉၉ ယောက်သေဆုံးကာ ၇၂၆ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဒီကနေ့ စက်တင် ဘာ ၁၂ ရက်ထုတ် စစ်ကောင်စီ အာဘော် သတင်းစာတွေမှာ ဖော်ပြပါတယ်။…

အစိုးရဌာနဆိုင်ရာ အဆောက်အဦး မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၃၈၆ ကြိမ်၊ စက်ရုံအလုပ်ရုံ ဈေးတွေ မီးရှို့ ဖောက်ခွဲဖျက်ဆီးမှု ၃၁ ကြိမ်၊ လမ်း၊ တံတားတွေ ဖော က်ခွဲဖျက်ဆီးမှု ၁၇၂ ကြိမ်၊ ပညာရေးဆိုင်ရာ အဆော က် အဦတွေ မီးရှို့ဖောက်ခွဲဖျက်ဆီးမှု ၄၀၆ ကြိမ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေနဲ့ ကာကွယ်ဆေးထိုးနေရာတွေတိုက်ခိုက်ခံရမှု ၂၁ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။…




ဒါ့ကြောင့် ဖောက်ခွဲဖျက်ဆီးသူတွေကို ဖော်ထုတ်ဖမ်းဆီးရမိရေး သက်ဆိုင်ရာကို လျှို့ဝှက် သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ပြည်သူလူထုကို စစ်ကောင်စီက ဆော်ဩထားပါတယ်။…

စစ်ကောင်စီပြန်ကြားရေးသတင်းစာကဖော်ပြတဲ့စာရင်းဟာ ပြည်ထဲရေးဌာနရဲ့ စာရင်းနဲ့တော့ မတူကွဲပြားမှုရှိနေပါတယ်။…

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိ မြန် မာနိုင်ငံတဝန်းမှာ မိုင်းထောင်ဖောက်ခွဲမှုပေါင်း ၂၃၉၀ ရှိခဲ့ပြီး သေဆုံးသူ ၉၃၃ ဦးနဲ့ ဒဏ်ရာရသူပေါင်း ၁၃၁၂ ဦးရှိတယ်လို့ စက်တင်ဘာ ၉ ရက်က ရန်ကုန်မှာ မြန်မာအခြေစိုက် သံတမန်တွေကို တွေ့ဆုံရှင်းလင်းပွဲမှာ ပြောသွားပါတယ်။…




ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင်သိမ်းယူလိုက်ပြီး နောက် သန်းပေါင်းများစွာသောပြည်သူတွေက မြန်မာနိုင်ငံတဝန်း ငြိမ်း ချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပေမဲ့ စစ်တပ်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးထောင်ချ၊ ရွာတွေကို မီးရှို့ ပြည်သူပိုင်ပစ္စည်း ဥစ္စာတွေကို ခိုးဝှက်လုယူတာတွေ ဆက်တိုက်လုပ် ဆောင်နေတာဖြစ်ပါတယ်။ အဆိုပါလုပ်ရပ်တွေကို မခံနိုင်တဲ့အဆုံး ပြည်သူလူထုက ရရာလက်နက် စွဲကိုင်ပြီး အကြမ်းဖက်စစ်အုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ တော်လှန် နေကြတာဖြစ်ပါတယ်။…

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်မှာတော့ အမျိုးသားညီ ညွတ်ရေးအစိုးရက အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတဝန်း ခုခံစစ်ကြေညာပြီးနောက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစုစီးပွားရေးအကျိုးစီးပွား တိုက် ရိုက်ဆက်နွှယ်နေတဲ့ Mytel တာဝါတိုင်တွေကို ပစ် မှတ်ထားပြီး ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖောက်ခွဲမီးရှို့ဖျက်ဆီး နေကြတာဖြစ်ပါတယ်။…