Local News
စားဝတ်နေရေးခက်ခဲဆင်းရဲပေမယ့် လမ်းမှာတွေ့တဲ့ ဆွမ်းခံကြွသံဃာတော်ကို ပါလာတဲ့ရိက္ခာတွေလှူဒါန်းခဲ့ကြတဲ့ PDFလူငယ်တွေ
Zawgyi
Credit Myanmarload
Unicode
စားဝတ်နေရေးခက်ခဲဆင်းရဲပေမယ့် လမ်းမှာတွေ့တဲ့ ဆွမ်းခံကြွသံဃာတော်ကို ပါလာတဲ့ရိက္ခာတွေလှူဒါန်းခဲ့ကြတဲ့ PDFလူငယ်တွေ
ဒီကနေ့ စက်တင်ဘာလ(၁)ရက်နေ့ဆိုရင် တော်လှန်ရေးတိုက်ပွဲကြီး စတင်ခဲ့တာ (၇)လတိတိပြည့်သွားခဲ့ပြီ ဖြစ်ပြီး ပြည်သူတွေအသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြတာလည်း (၇)လပြည့်ခဲ့ပါပြီ..။အကြမ်းဖက်မှုတွေကြောင့်
မျိုးဆက်သစ်လူငယ်တွေမှာလည်း ရရာလက်နက်ဆွဲတော်လှန်နေကြသလို တောထဲမှာ စစ်ရေးလေ့ကျင့်ပြုတွေနေကြရတာလည်း တော်တော်များများပါပဲ..အခက်အခဲတွေမျိုးစုံနဲ့
တောထဲတောင်ထဲ ပင်ပန်းဆင်းရဲမှုတွေကို ရင်ဆိုင်ဖြတ်သန်းကာ တော်လှန်ရေးအတွက် ကြိုးစားနေကြပေမယ့် ဘာသာရေးနဲ့ ကုသိုလ်တရားတွေကို မမေ့လျော့ကြတာ တွေ့ရပါတယ်..။PDF လူငယ်လေးတွေကတော့
တောထဲမှာ စားဝတ်နေရေးအခက်ခဲတွေနဲ့ အနေဆင်းရဲ အစားဆင်းရဲတာတွေရှိပေမယ့်လည်း လမ်းမှာတွေ့တဲ့ ဆွမ်းခံကြွသံဃာတော်ကို ပါလာတဲ့ရိက္ခာတွေလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။အသက်ငယ်ရွယ်တဲ့ လူငယ်တွေဖြစ်ပေမယ့်
စိတ်နေစိတ်ထားမြင့်မားကြပြီး ကုသိုလ်ရေးတွေ မမေ့လျော့ဘဲ ရှိတာလေးတွေ ခွဲဝေလှူဒါန်းကုသိုလ်ယူခဲ့ကြတာဟာ မြင်ရသူအဖို့ ကြည်နူးစရာကောင်းတာကြောင့် တင်ဆက်မျှဝေပေးလိုက်ပါတယ်..။
Credit Myanmarload