Local News

မနေ့က ဂန့်ဂေါမှာကျဆုံးခဲ့တဲ့ ၁၇နှစ်သားလေးရဲ့အဖေက ကျွန်တော့်သားလေးအစား PDF ထဲ ဝင်ပြီးတိုက်မှာဗျ လို့ဆို

မနေ့ကဂန့်ဂေါမှာကျဆုံးခဲ့တဲ့၁၇နှစ်သားလေးရဲ့အဖေကကျွန်တော့်သားလေးအစားPDFထဲဝင်ပြီးတိုက်မှာဗျလို့ဆိုမြင်သားရွာကကျဆုံးသွားတဲ့မောင်နိုင်လင်းထွန်းရဲ့မိသားစုဝင်များနဲ့ဆက်သွယ်မေးမြန်းချက်ဂန့်‌‌ဂေါကလေး လမ်းဘေးမှာရှိတဲ့ မြင်သားရွာမှာ စက်တင်ဘာ ၉ ရက် မနက် ၁၀ နာရီ အချိန်က စစ်ကောင်စီတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၆နှစ်၊ ၁၇ နှစ်အရွယ် လူငယ်များ

   

လက်နက်ကြီးထိမှန်ကျဆုံးသွားပါတယ်ကျဆုံးသွားတဲ့အသက်၁၇နှစ်အရွယ်မောင်နိုင်မျိုးထွန်းရဲ့မိသားစုဝင်တစ်ဦးကိုဆက်သွယ်မေးမြန်းထားပါတယ်သူတို့ကရောဂါကပ်ဘေးဖြစ်နေချိန်မှရပ်ရွာလုံခြုံရေးအတွက် ကင်းစောင့်ဖို့ တံတားပေါ်ကိုသွားကြတာပါ၊ အဲဒါကို စစ်တပ်က လက်နက်ကြီးနဲ့ထုတာ

   

မေးမောင်နိုင်မျိုးထွန်းတို့ကဘယ်လိုဖြစ်ကြတာလဲဖြေမောင်နိုင်မျိုးထွန်းကအသက်၁၇နှစ်ပဲရှိသေးတယ်စစ်ကောင်စီကရွာထဲဝင်လာပြီးအိမ်တွေကိုမီးရှို့တယ်ပြီးတော့သူတို့ကိုလက်နက်ကြီးနဲ့ပစ်ခတ်တယ်အားလုံးပေါင်း လူ ၂၀ လောက်သေသွားတယ်၊ အများစုက အသက် ၁၆၊ ၁၇ တွေချည်းပဲ

   

မေး။သူတို့ကိုဘယ်သူကပစ်လိုက်တာလဲ။ဖြေ။စစ်တပ်ကပစ်လိုက်တာ၊ကျွန်တော့သားတွေကရွာရဲ့လုံခြုံရေးပါဗျာ။အဲဒီလိုအနေအထားကနေသွားတာဗျ။သူတို့ဘက်ကအကြမ်းဖက်သွားတာပါလက်နက်ကြီးနဲ့ဝင်ပြီးပစ်သွားတာပါ။

ပစ်လိုက်တော့ကျွန်တော့သားအပါအဝင်အကုန်လုံးသေသွားတာပါ။၁၇နှစ်အောက်တွေချည်းပဲ။၁၇နှစ်အောက်က၁၃ယောက်၊လူကြီးက၃ယောက်ပါတယ်။သူတို့ကအတင်းဝင်ပစ်သွားတာပါမေး။

ပစ်တဲ့လူက ဘာအဝတ်တွေဝတ်ထားလဖြေ။ ယူနီဖောင်းတွေဝတ်ထားတာပါ သူတို့က စစ်သားတွေပါဗျာ။မေးရွာမှာ ဘယ်လိုအခြေအနေတွေဖြစ်နေလို့ လုံခြုံရေးယူရတာလည်း

   

ဖြေ။ ။ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူးလေ၊ ရောဂါတွေကလည်းဖြစ်နေတော့ ကျွန်တော်တို့ ရွာထိပ်မှာ တံတား တစ်စင်းရှိနေတယ်။ အဲဒီတံတားမှာ ကင်းစောင့်ကြတာပေါ့ဗျာ။ ကျွန်တော်တို့က ကျန်းမာရေး အသိနဲ့ သွားစောင့်ကြရတာပါ။ သူတို့ကို ခုခံဖို့မဟုတ်ပါဘူး

   

မေး။ ။ စစ်တပ်က ဘယ်အချိန်ကဝင်လာတာလဲဖြေ။ ။ စစ်တပ်က မနေ့က မနက် ၉နာရီလောက်ကဝင်ဘာတာပါ။၁၀နာရီလောက်မှာကလေးတွေအပစ်ခံရတယ်မေး။။ကျဆုံးတဲ့လူ၂၀လုံးကတစ်နေရာထဲမှာပဲ ပစ်ခံရတာလာ

   

ဖြေ။ ဟုတ်တယ် တစ်နေရာထဲမှာ အပစ်ခံရတာ၊ လက်နက်ကြီးနဲ့ လှမ်းထုတာ။ သူတို့ကို ခုခံဖို့မဟုတ်ဘူး၊ ရောဂါတွေဖြစ်နေတဲ့ အချိန်မှာ ရပ်ရွာလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်တာပါ။

မေး ဘာလို့ လက်နက်ကြီးနဲ့ လှမ်းထုတယ်ထင်လဲဖြေ။ ။ သူတို့က ကင်းစောင့်တဲ့အခါမှာ ထုံးစံအတိုင်း တူမီးသေနတ်တွေကိုတော့ ကိုင်ဆောင်ပါတယ်။ ဆောင်ထားတဲ့ သဘောပါပဲ

   

မေး။။အခုလိုပစ်ခတ်ခံရသူတွေထဲမှာအရပ်သားဘယ်နှစ်ယောက်ပါလဲဖြေ။။သေနတ်လုံးဝကိုင်မထားသူက၅ယောက်ပါပါတယ်။မေး။။သူတို့ကထိမှန်ပြီးပြီးချင်းဆုံးတာလား၊ဆေးရုံတွေဘာတွေရောက်သေးလား

   

ဖြေ။ထိမှန်တဲ့နေရာမှာပဲချက်ချင်းသေကြပါတယ်ဆေးရုံတောင်မရောက်လောက်ပါဘူး။၅ယောက်ကတော့သူတို့ကရမ်းပစ်လိုက်တာပါ၊အသက်က၅၀ကျော်၆၀တွေပဲ။

မေးသေသွားတဲ့အထဲမှာအသက်အငယ်ဆုံးက ဘယ်လောက်လဲ၊ ဘယ်သူလဲရှင့်ဖြေ။ ။ အသက်အငယ်ဆုံးက ၁၆ နှစ်ပါ။ ပူစူးလို့ခေါ်ပါတယ်

   

မေးဘာတွေများဖြည့်စွက်ပြောချင်လဲရှင့်ဖြေ။။ကျွန်တော်ကတော့ကျွန်တော့်သားလေးအစားအတွက်PDFအဖွဲ့ဝင်ပြီးတော့တိုက်မှာဗျ။လွတ်လပ်ရေးမရမချင်းတိုက်မှာ။ကျွန်တော့ဘဝစစ်ဆိုတဲ့အသံကိုကြားချင်ဘူးဗျ၊စစ်ဆိုရင်အတော်မုန်းတာ

   

မေး။သူတို့ဖြစ်ပျက်ခဲ့တာကိုမြင်လိုက်တဲ့မျက်မြင်သက်သေနဲ့အင်တာဗျူးချင်ပါတယ်။ဖြေ။။သူတို့အဖွဲ့တွေအကုန်သေကုန်ပါရပ်ရွာထဲကအကုန်ထွက်ကြပါတယ်ကျွန်တော်တို့လည်းထွက်ပါတယ်။

ကျွတောသားအလောင်းကိုသွားကောက်တာကောက်လို့မရဘူး၊အလောင်းတစ်လောင်းကောက်ရင် တစ်ရွာလုံးမီးရှို့မယ်ဆိုပြီးခြိမ်း‌ြခောက်တယ်၊ ရွာထဲမှာလည်း အိမ် ၁၅ လုံးကိုမီးရှို့ပြီးပြီ

 

 

 

အလောင်းတစ်လောင်းကောက်တာနဲ့တစ်ရွာလုံးမီးရှို့မယ်ဆိုတော့သေတဲ့သူတွေကသေပြီးသွားပြီတစ်ရွာလုံးတော့မီးရှို့မခံဘူးဆိုပြီးပြန်လာရတယ်အလောင်းကိုတော့ဒီနေ့ညနေ၄နာရီမှာပြန်ရတယ်အလောင်းကိုတော့ ဘာမှ လုပ်မသွားဘူး။ အခုလည်း နှမ်းခါးမှာ မီးတွေရှို့နေပါတယ်အခုလိုဖြေပေးလို့ ကျေးဇူးတင်ပါတယ်။