Local News

မြန်မာ့အရေး နိုင်ငံတကာကို အားကိုးမရတော့ကြောင်း NUG ထုတ်ပြန်

မြန်မာ့အရေး နိုင်ငံတကာကို အားကိုးမရတော့ကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာပြည်သူ လူထုအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာ အသိုင်း အဝိုင်းကို အားကိုး၍မရတော့ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တချို့နိုင်ငံတွေရဲ့ ဖိတ်ကြားမှုကြောင့် စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာ အစည်း အဝေး တွေ တက်ရောက်ခွင့် ရနေမှုဟာ NUG အစိုးရ တရားဝင်မှုကို ထိခိုက် စေတယ် လို့လည်း ဆိုပါတယ်။





ဒီအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ NUG ကို တရားဝင် အသိအမှတ် ပြုပေးဖို့ ကြေညာချက်မှာ ထပ်မံ တိုက်တွန်း ထားပြီး၊ ဒါမှသာ NUG အနေနဲ့ လူထုကို အကာအကွယ်ပေးရမယ့် လိုအပ်ချက်တွေကို တုန့်ပြန် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလ (၇) ရက် ပြည်သူ့တော်လှန် ရေး စတင်ကြောင်း ကြေညာခဲ့တဲ့ အပေါ် ပြည်သူများက တခဲနက် ကြိုဆိုထောက်ခံခဲ့ကြပြီး၊ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့များ အနေနဲ့ လည်း





တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများနဲ့သက်ဆိုင်ရာဒေသတွေမှာပူးပေါင်း ခုခံ တွန်းလှန် သွားဖို့ ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း လည်း ကြေညာ ချက်မှာ ဖေါ်ပြထားပါတယ်။

MCTVClub

——-

ျမန္မာ့အေရး ႏိုင္ငံတကာကို အားကိုးမရေတာ့ေၾကာင္း NUG ထုတ္ျပန္





အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က ျမန္မာျပည္သူ လူထုအား ကူညီကာကြယ္ေပးရန္ ႏိုင္ငံတကာ အသိုင္း အဝိုင္းကို အားကိုး၍မရေတာ့ေၾကာင္း ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

တခ်ိဳ႕ႏိုင္ငံေတြရဲ႕ ဖိတ္ၾကားမႈေၾကာင့္ စစ္ေကာင္စီ အေနနဲ႔ ႏိုင္ငံတကာ အစည္း အေဝး ေတြ တက္ေရာက္ခြင့္ ရေနမႈဟာ NUG အစိုးရ တရားဝင္မႈကို ထိခိုက္ ေစတယ္ လို႔လည္း ဆိုပါတယ္။

ဒီအတြက္ ႏိုင္ငံတကာ အသိုင္းအဝိုင္း အေနနဲ႔ NUG ကို တရားဝင္ အသိအမွတ္ ျပဳေပးဖို႔ ေၾကညာခ်က္မွာ ထပ္မံ တိုက္တြန္း ထားၿပီး၊ ဒါမွသာ NUG အေနနဲ႔ လူထုကို အကာအကြယ္ေပးရမယ့္ လိုအပ္ခ်က္ေတြကို တုန႔္ျပန္ ေဆာင္႐ြက္ေပးႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေဖၚျပထားပါတယ္။





ဒါ့အျပင္ စက္တင္ဘာလ (၇) ရက္ ျပည္သူ႔ေတာ္လွန္ ေရး စတင္ေၾကာင္း ေၾကညာခဲ့တဲ့ အေပၚ ျပည္သူမ်ားက တခဲနက္ ႀကိဳဆိုေထာက္ခံခဲ့ၾကၿပီး၊ ျပည္သူ႔ ကာကြယ္ ေရး တပ္ဖြဲ႕မ်ား အေနနဲ႔ လည္း

တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အင္အားစုမ်ားနဲ႔သက္ဆိုင္ရာေဒသေတြမွာပူးေပါင္း ခုခံ တြန္းလွန္ သြားဖို႔ ျပင္ဆင္ေနၾကၿပီ ျဖစ္ေၾကာင္း လည္း ေၾကညာ ခ်က္မွာ ေဖၚျပထားပါတယ္။


MCTVClub