Local News
အရာရှိစစ်သည်များနှင့်တွဲရိုက်ထားသော ဓာတ်ပုံများ လိုင်းပေါ်တင်လျှင် ပြင်းထန်စွာ အရေးယူမည်ဟု ရွှေရူပါဦးအား အမိန့်ထုတ်ပြန်လိုက်တဲ့ စစ်ကောင်စီ..
(Zawgyiဖြင့် ဖတ်ရန်)
သူမဟာ စစ်တပ်အသိုင်းအဝိုင်းမှာ ကျင်လည်ကျက်စားနေသူ တစ်ဉီးဖြစ်ပြီး အရာရှိများ ၀စ်သည်များနှင့်လည်း အမှတ်တရဓာတ်ပုံများ တွဲရိုက်ကာ လိုင်းပေါ်တင်ကြွားလေ့ ရှိသူတစ်ဉီးလည်း ဖြစ်ပါတယ်နော်။
ရွှေရူပါဉီးအား မည်သည့်အကြောင်းနဲ့ဖြစ်စေ တပ်တွင်း ဝင်ရောက်ခြင်း ခွင့်မပြုရ ဟူသော အမိန့်စာများထုတ်ပြန် ထားတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
ထိုသတင်းများ ထွက်ပေါ်ပြီးနောက် ယနေ့မှာတော့ ခြေထောက်အလှမယ်ရွှေရူပါဉီးအား မည်သည့်စစ်သည်နှင့် အမှတ်တရတွဲရိုက်ထားသော ပုံဖြစ်စေ ဗီဒီယိုဖြစ်စေ လိုင်းပေါ် လုံးဝတင်ခွင့်မပြုကြောင်း ကန့်သတ်ထားကြောင်းနှင့်
လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားခြင်း ဆက်လက်ဖြန့်ဝေခြင်းများ မပြုလုပ်ရန် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်ဟု လူသိများထင်ရှားသူ မော်ဒယ်ရွှေရူပါဉီးအား
ပရိသတ်ကြီးရေ.. သူနဲ့ဓာတ်ပုံတွဲရိုက်တဲ့ စစ်သည်မှန်သမျှ မကြာချက်ချင်း ဘဝတစ်ပါး ပြောင်းသွားစေတဲ့ ရွှေရူပါဉီးရဲ့စွမ်းပကားက ကြာလေမြင့်လေ ဖြစ်လာသဖြင့်
ဒါ့ကြောင့်သာပင် ရွှေရူပါဉီး တပ်တွင်း မဝင်ရတို့၊ အရင်က ရိုက်ဖူးတဲ့ အမှတ်တရပုံရိပ်တွေကိုလည်း လိုင်းပေါ်မတင်ရ၊ တင်မည်ဆိုပါက ပြင်းထန်စွာ အရေးယူသွားမည်တို့ ထုတ်ပြန်ပြောဆိုလာတာလည်း ဖြစ်ပါတယ်နော်။
ပရိသတ်ကြီးဆီမှာကော ရွှေရူပါဉီးနဲ့စစ်သားတွေ တွဲရိုက်ထားတဲ့ပုံ ဘယ်နှစ်ပုံလောက် ရှိနေလဲ အပန်းမကြီးရင် ပြခဲ့ မန့်ခဲ့ပေးကြပါအုံးနော်။
(Unicodeဖြင့် ဖတ်ရန်)
ပရိသတ်ကြီးရေ ခြေထောက်အလှပိုင်ရှင် ရွေရူပါဦးကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါနော်။ သူမအား တချို့ကတော့ စစ်တပ်အားပေး “တပ်ကုန်းမလေး”လို့လည်း ခေါ်ကြပါတယ်နော်။
သူမဟာ စစ်တပ်အသိုင်းအဝိုင်းမှာ ကျင်လည်ကျက်စားနေသူ တစ်ဦးဖြစ်ပြီး အရာရှိများ ၀စ်သည်များနှင့်လည်း အမှတ်တရဓာတ်ပုံများ တွဲရိုက်ကာ လိုင်းပေါ်တင်ကြွားလေ့ ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်နော်။
သို့သော်ယခု နောက်ပိုင်းမှာတော့ သူမနဲ့ဓာတ်ပုံ တွဲရိုက်ဖူးသော စစ်သားတိုင်လိုလို ရာထူးကြီး/ငယ်မရွေး အသက်မရှည်ဘဲ မပြန်လမ်းသို့ အမြန်ကြွလှမ်းသွားလေ့ရှိကြောင်း
အချက်အလက်များနှင့်တကွ သတင်းအတိအကျ ပေါ်ထွက်လာပြီးနောက် စစ်တိုင်းဌာန တော်တော်များများဟာ သူမ လာရောက် လှူဒါန်းလည်ပတ်ပြီး ဓာတ်ပုံအတူတွဲရိုက်ရမှာကို စိုးရွံ့ကာ
ရွှေရူပါဦးအား မည်သည့်အကြောင်းနဲ့ဖြစ်စေ တပ်တွင်း ဝင်ရောက်ခြင်း ခွင့်မပြုရ ဟူသော အမိန့်စာများထုတ်ပြန် ထားတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
ထိုသတင်းများ ထွက်ပေါ်ပြီးနောက် ယနေ့မှာတော့ ခြေထောက်အလှမယ်ရွှေရူပါဦးအား မည်သည့်စစ်သည်နှင့် အမှတ်တရတွဲရိုက်ထားသော ပုံဖြစ်စေ ဗီဒီယိုဖြစ်စေ လိုင်းပေါ် လုံးဝတင်ခွင့်မပြုကြောင်း ကန့်သတ်ထားကြောင်းနှင့်
ခွင့်ပြုချက်မရှိဘဲ အရာရှိစစ်သည်များနှင့် အမှတ်တရရိုက်ထားသော ပုံများအား ဖေ့ဘုတ်စာမျက်နှာနှင့် အခြားလူမှုကွန်ယက် အွန်လိုင်းထက်သို့ ဆက်လက်တင်နေမည်ဆိုပါက
တည်ဆဲဥပေဒများအရ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အောက်ပါအတိုင်း ထုတ်ပြန် ကြေငြာလာတယ်လို့ သိရပါတယ်။
“အရာရှိစစ်သည်များနှင့် အမှတ်တရအဖြစ် ယှဥ်တွဲ ရိုက်ကူးထားခဲ့သော ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များအား ခွင့်တောင်း အကြောင်းကြားခြင်း မရှိဘဲ
လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားခြင်း ဆက်လက်ဖြန့်ဝေခြင်းများ မပြုလုပ်ရန် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်ဟု လူသိများထင်ရှားသူ မော်ဒယ်ရွှေရူပါဦးအား
တပ်မတော်မှ မေတ္တာရပ်ခံခဲ့သော်လည်း ၄င်းအနုပညာရှင်မှာ လိုက်နာမှုမရှိခဲ့သည့်အတွက် ယင်းကဲ့သို့ ထပ်မံပြုလုပ်သွားမည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ
ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြားမှ သတိပေးစကားပြောကြားလာခဲ့တယ်”လို့ ဆိုပါတယ်။
ပရိသတ်ကြီးရေ.. သူနဲ့ဓာတ်ပုံတွဲရိုက်တဲ့ စစ်သည်မှန်သမျှ မကြာချက်ချင်း ဘဝတစ်ပါး ပြောင်းသွားစေတဲ့ ရွှေရူပါဦးရဲ့စွမ်းပကားက ကြာလေမြင့်လေ ဖြစ်လာသဖြင့်
တပ်တွင်းက ပုံတွဲရိုက်ဖူးသူမှန်သမျှ သာမက မရိုက်ရသေးသူများကပါ တစ်နေ့ ဒင်း ငါတို့ဆီ ရောက်လာခဲ့မယ်ဆိုရင်ဖြင့်ဟု တွေးကာ ရင်မောစိတ်ပူ နေကြရတယ်လို့ အတွင်းသတင်းများအရ သိရပါတယ်။
ဒါ့ကြောင့်သာပင် ရွှေရူပါဦး တပ်တွင်း မဝင်ရတို့၊ အရင်က ရိုက်ဖူးတဲ့ အမှတ်တရပုံရိပ်တွေကိုလည်း လိုင်းပေါ်မတင်ရ၊ တင်မည်ဆိုပါက ပြင်းထန်စွာ အရေးယူသွားမည်တို့ ထုတ်ပြန်ပြောဆိုလာတာလည်း ဖြစ်ပါတယ်နော်။
ပရိသတ်ကြီးဆီမှာကော ရွှေရူပါဦးနဲ့စစ်သားတွေ တွဲရိုက်ထားတဲ့ပုံ ဘယ်နှစ်ပုံလောက် ရှိနေလဲ အပန်းမကြီးရင် ပြခဲ့ မန့်ခဲ့ပေးကြပါအုံးနော်။