Local News

၁၈ ပွဲဆက် ဂိုးသွင်းယူပြထားတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီး

Unicode Version

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း အတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ၁၈ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။

ပိုလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဘောလုံးသမား တဦး အတွက် နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေပေမယ့် နောက်ဆုံး ၃နှစ် အတွင်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် ဘောလုံးရေးရာ သုံးသပ်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

လီဝမ်ဒေါစကီးဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး အထိ သွင်းယူထားနိုင်ပြီး အသင်းရဲ့ နိုင်ပွဲတွေ အတွက် အဓိကကျတဲ့ ကစားသမား တဦး ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၄၀ အထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ လီဝမ်ဒေါစကီးဟာ ဥရောပ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၇ပွဲ ကစားခဲ့ရာ သွင်းဂိုး ၅၅ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါသေးတယ်။

မှတ်တမ်းတွေအရ လီဝမ်ဒေါစကီးဟာ ယခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အာမီနီးယားအသင်းတို့ရဲ့ ပွဲစဉ်မှ စတင်ကာ ဘိုင်ယန်မြူးနစ်အသင်း အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ ၁၈ပွဲ ဆက်တိုက် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

Zawgyi Version

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး လီဝမ္ေဒါစကီးဟာ ဘာစီလိုနာအသင္းနဲ႕ ယွဥ္ၿပိဳင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ သြင္းဂိုး ၂ဂိုး သြင္းယူနိုင္ခဲ့ၿပီးေနာက္ ဘိုင္ယန္ျမဴးနစ္အသင္း အတြက္ ေနာက္ဆုံး ကစားေပးခဲ့တဲ့ ၁၈ပြဲ ဆက္တိုက္ ဂိုးသြင္းနိုင္ခဲ့တဲ့ မွတ္တမ္းေကာင္း တရပ္ကို ပိုင္ဆိုင္ခဲ့ေၾကာင္း သိရပါတယ္။

ပိုလန္အသင္းနဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ရဲ႕ အဓိက တိုက္စစ္မႉး လီဝမ္ေဒါစကီးဟာ ေဘာလုံးသမား တဦး အတြက္ ေနာက္ဆုံးအခ်ိန္ အပိုင္းအျခားကို ေရာက္ရွိေနေပမယ့္ ေနာက္ဆုံး ၃ႏွစ္ အတြင္း ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး အျဖစ္ ေဘာလုံးေရးရာ သုံးသပ္သူေတြရဲ႕ သတ္မွတ္ျခင္းကို ခံထားရသူပါ။

လီဝမ္ေဒါစကီးဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၆ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၁၀ဂိုး အထိ သြင္းယူထားနိုင္ၿပီး အသင္းရဲ႕ နိုင္ပြဲေတြ အတြက္ အဓိကက်တဲ့ ကစားသမား တဦး ျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာလည္း ၿပိဳင္ပြဲစုံမွာ ပြဲေပါင္း ၄၀ အထိ ပါဝင္ ကစားေပးခဲ့ကာ သြင္းဂိုး ၄၈ဂိုး အထိ သြင္းယူနိုင္ခဲ့သလို ဂိုးဖန္တီးမႈ ၉ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့ပါတယ္။ လီဝမ္ေဒါစကီးဟာ ဥေရာပ အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့တဲ့ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီမွာ ၿပိဳင္ပြဲစုံ ၄၇ပြဲ ကစားခဲ့ရာ သြင္းဂိုး ၅၅ဂိုး အထိ သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၀ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါေသးတယ္။

မွတ္တမ္းေတြအရ လီဝမ္ေဒါစကီးဟာ ယခုႏွစ္ ေဖေဖာ္ဝါရီလ ၁၆ရက္ေန႕မွာ ကစားခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႕ အာမီနီးယားအသင္းတို႔ရဲ႕ ပြဲစဥ္မွ စတင္ကာ ဘိုင္ယန္ျမဴးနစ္အသင္း အတြက္ ေနာက္ဆုံး ပါဝင္ ကစားေပးခဲ့တဲ့ ၁၈ပြဲ ဆက္တိုက္ သြင္းဂိုးေတြ သြင္းယူေပးနိုင္ခဲ့ေၾကာင္း သိရပါတယ္။