Local News

အသင်းရှုံးလို့ စိတ်တိုနေပေမယ့် ဒဏ်ရာရခဲ့တဲ့ဝန်ထမ်းကို ဂျာစီပေးခဲ့တဲ့ ရော်နယ်ဒို

Unicode Version

မ‌နေ့ညက မန်ယူနိုက်တက်အသင်း နဲ့ ယန်းဘွိုင်းအသင်းတို့ရဲ့ ပွဲမတိုင် ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပွဲမကစားမီ သွေးပူ လေ့ကျင့်ခန်းလုပ်ရင်း ဘောလုံးကို ကန်ထည့် လိုက်ရာ ချော်ထွက်သွားပြီး ကွင်းဘေးမှ ဝန်ထမ်းတစ်ဦးကို ထိမှန်ခဲ့သည်။ ထိုအမျိုးသမီး ဝန်ထမ်းမှာ ဘောလုံးမှန်၍ လဲကျသည်အထိ ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဘောလုံးထိမှန်သည်နဲ့ တပြိုင်နက် ကွင်းဘေး အတားအဆီး ကျော်ဖြတ်ပြီး လဲကျသွားခဲ့တဲ့ အမျိုးသမီးဆီသို့ အပြေးအလွှား သွားရောက်ကြည့်ရှုခဲ့ပြီး ကူညီပေးခဲ့ပါတယ်။ ဆေးအဖွဲ့ကလဲ ထိုအမျိုးသမီးကို စောင့်ကြည့် ပြုစုခဲ့ပြီး အခြေအနေလည်း ကောင်းမွန်ခဲ့ပါတယ်။

ယန်းဘွိုင်း အသင်းနဲ့ နှင့်ပွဲအပြီးမှာတော့ ရော်နယ်ဒိုက ထိုပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ သူ့ရဲ့ ကျောနံပါတ် ၇ ဂျာစီကို သူကန်တဲ့ ဘောလုံးမှန်ပြီး လဲကျခဲ့တဲ့ အမျိုးသမီး ဝန်ထမ်းအား လက်ဆောင်အဖြစ် အမှတ်တရ ပေးအပ်ခဲ့ပါတယ်။

ယန်းဘွိုင်း အသင်းနှင့်ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပွဲအစ ၁၃ မိနစ်ကတည်းက အသင်းအတွက် ဦးဆောင်ဂိုး တစ်ဂိုးသွင်းယူနိုင်သော်လည်း ဝမ်ဘစ်ဆာကာ အနီကတ်ပြခံရမှု ၊ နည်းပြဆိုးရှားရဲ့ နည်းဗျူဟာ အမှားတွေကြောင့် ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

Zawgyi Version

မ‌ေန႕ညက မန္ယူနိုက္တက္အသင္း နဲ႕ ယန္းဘြိုင္းအသင္းတို႔ရဲ႕ ပြဲမတိုင္ ယူနိုက္တက္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ပြဲမကစားမီ ေသြးပူ ေလ့က်င့္ခန္းလုပ္ရင္း ေဘာလုံးကို ကန္ထည့္ လိုက္ရာ ေခ်ာ္ထြက္သြားၿပီး ကြင္းေဘးမွ ဝန္ထမ္းတစ္ဦးကို ထိမွန္ခဲ့သည္။ ထိုအမ်ိဳးသမီး ဝန္ထမ္းမွာ ေဘာလုံးမွန္၍ လဲက်သည္အထိ ျဖစ္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ေဘာလုံးထိမွန္သည္နဲ႕ တၿပိဳင္နက္ ကြင္းေဘး အတားအဆီး ေက်ာ္ျဖတ္ၿပီး လဲက်သြားခဲ့တဲ့ အမ်ိဳးသမီးဆီသို႔ အေျပးအလႊား သြားေရာက္ၾကည့္ရႈခဲ့ၿပီး ကူညီေပးခဲ့ပါတယ္။ ေဆးအဖြဲ႕ကလဲ ထိုအမ်ိဳးသမီးကို ေစာင့္ၾကည့္ ျပဳစုခဲ့ၿပီး အေျခအေနလည္း ေကာင္းမြန္ခဲ့ပါတယ္။

ယန္းဘြိုင္း အသင္းနဲ႕ ႏွင့္ပြဲအၿပီးမွာေတာ့ ေရာ္နယ္ဒိုက ထိုပြဲစဥ္မွာ ဂိုးသြင္းယူနိုင္ခဲ့တဲ့ သူ႕ရဲ႕ ေက်ာနံပါတ္ ၇ ဂ်ာစီကို သူကန္တဲ့ ေဘာလုံးမွန္ၿပီး လဲက်ခဲ့တဲ့ အမ်ိဳးသမီး ဝန္ထမ္းအား လက္ေဆာင္အျဖစ္ အမွတ္တရ ေပးအပ္ခဲ့ပါတယ္။

ယန္းဘြိုင္း အသင္းႏွင့္ပြဲမွာ ယူနိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ပြဲအစ ၁၃ မိနစ္ကတည္းက အသင္းအတြက္ ဦးေဆာင္ဂိုး တစ္ဂိုးသြင္းယူနိုင္ေသာ္လည္း ဝမ္ဘစ္ဆာကာ အနီကတ္ျပခံရမႈ ၊ နည္းျပဆိုးရွားရဲ႕ နည္းဗ်ဴဟာ အမွားေတြေၾကာင့္ ၂-၁ ျဖင့္ ရႈံးနိမ့္ခဲ့ပါတယ္။