Local News

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စားမည့် ထမင်းထဲ အိမ်မြှောင်ချေးများထည့်ခဲ့သော စစ်တက္ကသိုလ် စားဖိုမှူးသုံးဦး ဖမ်းဆီးခံရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စားမည့် ထမင်းထဲ အိမ်မြှောင်ချေးများထည့်ခဲ့သော စစ်တက္ကသိုလ် စားဖိုမှူးသုံးဦး ဖမ်းဆီးခံရ

ပြင်ဦးလွင်၊ စက်တင်ဘာ ၁၅

ပြင်ဦးလွင် စစ်တက္ကသိုလ်၊ ဗိုလ်လောင်းရိပ်သာသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က လာရောက်လည်ပတ် ကြည်ရှုခဲ့စဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စားမည့် ထမင်း၊

ဟင်းထဲသို့ အိမ်မြှောင်ချေးများ ထည့်ခဲ့သော စစ်တက္ကသိုလ်မှ စစ်စာဖိုမှူးသုံးဦးကို ယမန်နေ့ညနေပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

” ဖြစ်တာကတော့ ကြာပြီ။ ကြာပြီဆိုတာက လွန်ခဲ့တဲ့ ၁ ပတ်လောက်ပေါ့လေ။ ကာကွယ်ရေးဦးစီးချုပ်လာတဲ့နေ့က သူစားမယ့်ထမင်းထဲကို အိမ်မြှောင်ချီးတွေ ထည့်ထားတာ။ အဲ့တုန်းက သူလည်း မသိဘူးထင်တယ်။

စားပြီးမှ ပန်းကန်ဆေးဖို့လုပ်တုန်း တွေ့လိုက်ကြတာ။ အခုတော့ ဖမ်းလိုက်ပါပြီ။ DSA က စာဖိုမှူးသုံးယောက်၊ ဗိုလ်ကြီးအဆင့်တစ်ယောက် ပါတယ်။ ကျောင်းကပဲဖမ်းလိုက်တာ။

အခု အဲ့ကိစ္စ ဘယ်လိုဆက်လုပ်သွားမလဲ ကျနော်တို့လည်း မသိရသေးဘူး “ဟု စစ်တက္ကသိုလ်မှ နည်းပြအရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးသန်းထွန်းက ပြောကြားခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ ဗိုလ်ကြီးအောင်ထင်၊ အရာခံဗိုလ်လင်းနိုင်နှင့် အရာခံဗိုလ်တင်ကျော်တို့ ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သည်မှ အကြောင်းပြန်ကြားထားခြင်းမရှိသေးသော်လည်း စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းလတ်က ထိုသုံးဦးတို့ကို စစ်အက်ဥပဒေဖြင့် အရေးယူသွားမည်ဟု သိရသည်။

#Credit-Original writer

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စားမည့် ထမင်းထဲ အိမ်မြှောင်ချေးများထည့်ခဲ့သော စစ်တက္ကသိုလ် စားဖိုမှူးသုံးဦး ဖမ်းဆီးခံရ

ပြင်ဦးလွင်၊ စက်တင်ဘာ ၁၅

ပြင်ဦးလွင် စစ်တက္ကသိုလ်၊ ဗိုလ်လောင်းရိပ်သာသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က လာရောက်လည်ပတ် ကြည်ရှုခဲ့စဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စားမည့် ထမင်း၊ ဟင်းထဲသို့ အိမ်မြှောင်ချေးများ ထည့်ခဲ့သော စစ်တက္ကသိုလ်မှ စစ်စာဖိုမှူးသုံးဦးကို ယမန်နေ့ညနေပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

” ဖြစ်တာကတော့ ကြာပြီ။ ကြာပြီဆိုတာက လွန်ခဲ့တဲ့ ၁ ပတ်လောက်ပေါ့လေ။ ကာကွယ်ရေးဦးစီးချုပ်လာတဲ့နေ့က သူစားမယ့်ထမင်းထဲကို အိမ်မြှောင်ချီးတွေ ထည့်ထားတာ။ အဲ့တုန်းက သူလည်း မသိဘူးထင်တယ်။

စားပြီးမှ ပန်းကန်ဆေးဖို့လုပ်တုန်း တွေ့လိုက်ကြတာ။ အခုတော့ ဖမ်းလိုက်ပါပြီ။ DSA က စာဖိုမှူးသုံးယောက်၊ ဗိုလ်ကြီးအဆင့်တစ်ယောက် ပါတယ်။

ကျောင်းကပဲဖမ်းလိုက်တာ။ အခု အဲ့ကိစ္စ ဘယ်လိုဆက်လုပ်သွားမလဲ ကျနော်တို့လည်း မသိရသေးဘူး “ဟု စစ်တက္ကသိုလ်မှ နည်းပြအရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးသန်းထွန်းက ပြောကြားခဲ့သည်။